သယံဇာတ ကျိန်ဇာသင့်နေတဲ့ ဖားကန့်ကို ကယ်တင်မယ့် သမ္မတကြီးရဲ့ လက်မှတ်တစ်ချက်






———

သယံဇာတ ကျိန်ဇာသင့်နေတဲ့ ဖားကန့်ကို ကယ်တင်မယ့် သမ္မတကြီးရဲ့ လက်မှတ်တစ်ချက်..

၂၀၁၉ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးထားသော ဥပဒေသစ်အရ ယခင်လုပ်ခွင့်ပြုထားသော ကျောက်စိမ်းလုပ်ကွက်အကြီးစားများအား ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ဇန်နဝါရီလ ၁၈ ရက်မှာ အခုလို ပြောကြားခဲ့သည်။

“အလတ်စား၊ အသေးစားနဲ့ လက်လုပ်လက်စား ဆိုပြီး (၃) မျိုးပဲ ခွင့်ပြုတော့မယ်၊ အလတ်စားဆိုတာကတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကနေပြီး စီမံခန့်ခွဲမယ်၊ အသေးစားနဲ့ လက်လုပ်လက်စားကျတော့ ပြည်နယ်အစိုးကနေ စီမံဆောင်ရွက်ဖို့ ဒီလို ပိုင်းခြားသတ်မှတ်ထားတယ်၊ ဒီအလတ်စားက သူ့သက်တမ်း ၃ နှစ်၊ အလတ်စားကတော့ ၂ နှစ်နဲ့ လက်လုပ်လက်စားကတော့ ၁ နှစ်ပေါ့နော်၊ သူ့ရဲ့ ဧက ကျတော့ အလတ်စားက ၅ ဧက၊ အသေးစားကတော့ ၃ ဧက၊ လက်လုပ်လက်စားက ၁ ဧကဆိုပြီးတော့မှ အဲ့လိုခွဲခြားထားပါတယ်”

ယခင်က သက်တမ်းတိုးထားသော ကျောက်စိမ်းလုပ်ကွက်ဟောင်းများသည် ဧက ရာချီရှိခဲ့ရာမှ ယခုအခါ ၅ ဧကထက် မပိုသော အလတ်စား ကျောက်စိမ်းလုပ်ကွက်များအဖြစ် ပြောင်းလဲ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

Be the first to comment on "သယံဇာတ ကျိန်ဇာသင့်နေတဲ့ ဖားကန့်ကို ကယ်တင်မယ့် သမ္မတကြီးရဲ့ လက်မှတ်တစ်ချက်"

Leave a comment

Your email address will not be published.


*