ယခုႏွစ္ေႏြရာသီတြင္ ေရျပတ္လပ္မႈမ်ားမရွိေစရန္ ျမန္မာတစ္ႏိုင္ငံလုံးရွိ ေရေပးေဝေရးလုပ္ငန္းေပါင္း ၁၅၀၁ ခုကို ေငြက်ပ္ သန္းေပါင္း ၂၄ ဒသမ ၅ ဘီလီယံျဖင့္ ေဆာင္႐ြက္ရန္ တင္ဒါေခၚယူထားေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္္းဝန္ႀကီးဌာနမွ သိရပါတယ္။
ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္ေပါင္း ၁၇၆ ၿမိဳ႕နယ္မွ ေက်း႐ြာေပါင္း ၁၄၇၆ ႐ြာတြင္ ေရေပးေဝေရးလုပ္ငန္းေပါင္း ၁၅၀၁ ခုကို ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရပါတယ္။
ေရရွားပါးျပတ္လပ္မႈမ်ားသည္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ေနရာေဒသအေပၚမူတည္ကာ ျဖစ္ပြားျခင္းျဖစ္ၿပီး အပူျပင္းဆုံးအခ်ိန္ျဖစ္သည့္ မတ္၊ ဧၿပီႏွင့္ ေမလတို႔တြင္ ေရျပတ္လပ္ေလ့ရွိေၾကာင္း သိရပါတယ္။
လက္ရွိတြင္ ကယားျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔ရွိ ေက်း႐ြာတခ်ိဳ႕ကို ယခုဇန္နဝါရီလမွ စတင္ကာေရေပးေဝေနရၿပီျဖစ္ၿပီး ယခုႏွစ္ေႏြရာသီကာလတြင္ ေသာက္သုံးေရရွားပါးျပတ္လပ္ႏိုင္ေခ်ရွိေသာ ေက်း႐ြာေပါင္းမွာလည္း ၃၄၇ ႐ြာရွိႏိုင္ေၾကာင္း သိရပါတယ္။
MyanmaPlatform
———-
ယခုနှစ်နွေရာသီတွင် ရေပြတ်လပ်မှုများမရှိစေရန် မြန်မာတစ်နိုင်ငံလုံးရှိ ရေပေးဝေရေးလုပ်ငန်းပေါင်း ၁၅၀၁ ခုကို ငွေကျပ် သန်းပေါင်း ၂၄ ဒသမ ၅ ဘီလီယံဖြင့် ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၇၆ မြို့နယ်မှ ကျေးရွာပေါင်း ၁၄၇၆ ရွာတွင် ရေပေးဝေရေးလုပ်ငန်းပေါင်း ၁၅၀၁ ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
ရေရှားပါးပြတ်လပ်မှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နေရာဒေသအပေါ်မူတည်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး အပူပြင်းဆုံးအချိန်ဖြစ်သည့် မတ်၊ ဧပြီနှင့် မေလတို့တွင် ရေပြတ်လပ်လေ့ရှိကြောင်း သိရပါတယ်။
လက်ရှိတွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ကျေးရွာတချို့ကို ယခုဇန်နဝါရီလမှ စတင်ကာရေပေးဝေနေရပြီဖြစ်ပြီး ယခုနှစ်နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်နိုင်ချေရှိသော ကျေးရွာပေါင်းမှာလည်း ၃၄၇ ရွာရှိနိုင်ကြောင်း သိရပါတယ်။
MyanmaPlatform
Be the first to comment on "ငွေကျပ် သန်းပေါင်း ၂၄ ဘီလီယံကျော် အသုံးပြုကာ တစ်နိုင်ငံလုံးရှိ ရေပေးဝေရေးလုပ်ငန်း ၁၅၀၀ ကျော်ကို ရေပေးနိုင်တော့မည်"