အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီ

အခန္းေပါင္း ၃၀၀၀ ပါဝင္သည့္ ျပည္သူ႔အငွားအိမ္ရာ (မႏၲေလး) တည္ေဆာက္ေရး လုပ္ငန္းမ်ား စတင္ေနၿပီျဖစ္…

မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ ရန္ကင္းေတာင္အနီး ရွင္ေတာ္ကုန္းေက်း႐ြာ၌ ႏိုင္ငံေတာ္အစိုးရက

အေကာင္အထည္ေဖာ္မည့္ ျပည္သူ႔အငွားအိမ္ရာ(မႏၲေလး)စီမံကိန္း၏ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို စတင္ေနၿပီဟုသိရသည္။

ရွင္ေတာ္ကုန္းေက်း႐ြာ၌ အခန္း(၃၀၀၀) ပါဝင္သည့္ ျပည္သူ႔အငွားအိမ္ရာ စီမံကိန္းကို ေလးခန္းတြဲ ငါးထပ္ အေဆာက္အဦပုံစံ တည္ေဆာက္မည္ျဖစ္ကာ

ေျမညီထပ္ကို အမ်ားသုံးဧရိယာအျဖစ္ သတ္မွတ္ၿပီး (၄)ထပ္ကို လူေနအခန္းမ်ားအျဖစ္ တည္ေဆာက္မည္ျဖစ္ေၾကာင္း၊

အခန္းတစ္ခန္းလွ်င္ (၆၆၆)စတုရန္းေပ က်ယ္ဝန္းၿပီး အိပ္ခန္း ႏွစ္ခန္း၊ ဧည့္ခန္း၊ မီးဖိုခန္းတို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္ကာလ အလုပ္အကိုင္ဖန္တီးေပးႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရက ရည္႐ြယ္ကာ ႏိုင္ငံတစ္ဝန္း အငွားအိမ္ရာစီမံကိန္းအျဖစ္

အခန္း တစ္ေသာင္း တည္ေဆာက္မည္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္ အခန္းေပါင္း ၆၃၀၀၊ေနျပည္ေတာ္တြင္ အခန္းေပါင္း ၇၀၀ ႏွင့္

မႏၲေလးၿမိဳ႕တြင္ အခန္းေပါင္း ၃၀၀၀ အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းသည္ ၁ႏွစ္ခန႔္သာ ၾကာျမင့္မည္ျဖစ္ကာ ေငြက်ပ္ ၇၅ ဘီလီယံသုံးစြဲရန္ လ်ာထားေၾကာင္း မႏၲေလး တိုင္းေဒသႀကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ သိရသည္။

CRD_Myanmar Builder Guide

———-

အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်…

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာ၌ နိုင်ငံတော်အစိုးရက

အကောင်အထည်ဖော်မည့် ပြည်သူ့အငှားအိမ်ရာ(မန္တလေး)စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများကို စတင်နေပြီဟုသိရသည်။

ရှင်တော်ကုန်းကျေးရွာ၌ အခန်း(၃၀၀၀) ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို လေးခန်းတွဲ ငါးထပ် အဆောက်အဦပုံစံ တည်ဆောက်မည်ဖြစ်ကာ

မြေညီထပ်ကို အများသုံးဧရိယာအဖြစ် သတ်မှတ်ပြီး (၄)ထပ်ကို လူနေအခန်းများအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း၊

အခန်းတစ်ခန်းလျှင် (၆၆၆)စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ရည်ရွယ်ကာ နိုင်ငံတစ်ဝန်း အငှားအိမ်ရာစီမံကိန်းအဖြစ်

အခန်း တစ်သောင်း တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့်

မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် ၁နှစ်ခန့်သာ ကြာမြင့်မည်ဖြစ်ကာ ငွေကျပ် ၇၅ ဘီလီယံသုံးစွဲရန် လျာထားကြောင်း မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

CRD_Myanmar Builder Guide

Be the first to comment on "အခန်းပေါင်း ၃၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီ"

Leave a comment

Your email address will not be published.


*