မကွေးတိုင်းတွင် ကျပ်သန်း ၂၀၀၀ ကျော်အသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည်

မေကြးတိုင္းေဒသႀကီးက ၿမိဳ႕နယ္ ၂၃ ၿမိဳ႕နယ္မွာ ယခုႏွစ္အတြင္း က်ပ္သန္းေပါင္း ၂၀၀၀ ေက်ာ္အသုံးျပဳၿပီး ေက်းလက္ကုန္ထုတ္လမ္းေတြ ေဖာက္လုပ္ေပးမယ္လို႔ တိုင္းေဒသႀကီး ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနကေန သိရပါတယ္။

မေကြးတိုင္းအတြင္းက ၿမိဳ႕နယ္ ၂၃ ၿမိဳ႕နယ္မွာ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္ ကုန္ထုတ္လမ္း ၅၆ မိုင္ေက်ာ္နဲ႔ တံတား ၅၈ စင္း၊ အရွည္ေပ ၁၁၀၀ ေက်ာ္အတြက္ က်ပ္သန္းေပါင္း ၂၀၀၀ ေက်ာ္အသုံးျပဳၿပီး ေဖာက္လုပ္ေပးသြားမယ္လို႔ တိုင္းေဒသႀကီး ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးမ်ိဳးေအာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာေတာ့ ၿမိဳ႕နယ္ ၁၉ ၿမိဳ႕နယ္မွာ က်ပ္သန္းေပါင္း ၂၁၀၀ ေက်ာ္အသုံးျပဳၿပီးေတာ့ ေက်းလက္ကုန္ထုတ္လမ္း ၆၇ မိုင္ေက်ာ္၊ တံတား၊ ေရေက်ာ္ ၁၉၁ စင္း အရွဥ္ေပ ၁၉၀၀ ေဖာက္လုပ္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေက်း႐ြာေတြက ကုန္ထုတ္လမ္းေဖာက္လုပ္ေပးဖို႔ ပိုမိုေတာင္းဆိုတာေတြရွိေပမယ့္ လယ္ထဲကို အျဖတ္မခံတာေတြ၊ သဘာဝပတ္ဝန္းက်င္ထိခိုက္မဲ့ေနရာေတြ၊ ဇီဝမ်ိဳးကြဲရွိတဲ့ေနရာေတြ လုပ္ေပးလို႔မရဘဲ သတ္မွတ္ခ်က္နဲ႔ကိုက္ညီၿပီး အမ်ားလက္ခံသေဘာတူတဲ့ ေနရာေတြအတြက္ စီမံခ်က္ေတြေရးဆြဲေနတယ္လို႔ ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။

အရင္က လမ္းေတြက်ဥ္းေျမာင္းၿပီး ဗြက္အိုင္ေတြရွိေနတာေၾကာင့္ သီးႏွံထုတ္ဖို႔အခက္ခဲရွိၿပီး ႏိုင္ငံေတာ္အေနနဲ႔ ေက်းလက္ကုန္ထုတ္လမ္းေတြ ေဖာက္လုပ္ေပးလိုက္တာေၾကာင့္ လယ္ယာေတြ ထဲက သီးႏွံေတြကို အလြယ္တစ္ကူသယ္ယူႏိုင္ၿပီး ေစ်းကြက္ကိုအခ်ိန္မီ တင္ပို႔ေရာင္းခ်ႏိုင္တယ္လို႔ တိုင္းေဒသႀကီး ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနကေန သိရပါတယ္။

ref ; DVB

————

မကွေးတိုင်းဒေသကြီးက မြို့နယ် ၂၃ မြို့နယ်မှာ ယခုနှစ်အတွင်း ကျပ်သန်းပေါင်း ၂၀၀၀ ကျော်အသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းအတွင်းက မြို့နယ် ၂၃ မြို့နယ်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင် ကုန်ထုတ်လမ်း ၅၆ မိုင်ကျော်နဲ့ တံတား ၅၈ စင်း၊ အရှည်ပေ ၁၁၀၀ ကျော်အတွက် ကျပ်သန်းပေါင်း ၂၀၀၀ ကျော်အသုံးပြုပြီး ဖောက်လုပ်ပေးသွားမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ မြို့နယ် ၁၉ မြို့နယ်မှာ ကျပ်သန်းပေါင်း ၂၁၀၀ ကျော်အသုံးပြုပြီးတော့ ကျေးလက်ကုန်ထုတ်လမ်း ၆၇ မိုင်ကျော်၊ တံတား၊ ရေကျော် ၁၉၁ စင်း အရှဉ်ပေ ၁၉၀၀ ဖောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေက ကုန်ထုတ်လမ်းဖောက်လုပ်ပေးဖို့ ပိုမိုတောင်းဆိုတာတွေရှိပေမယ့် လယ်ထဲကို အဖြတ်မခံတာတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မဲ့နေရာတွေ၊ ဇီဝမျိုးကွဲရှိတဲ့နေရာတွေ လုပ်ပေးလို့မရဘဲ သတ်မှတ်ချက်နဲ့ကိုက်ညီပြီး အများလက်ခံသဘောတူတဲ့ နေရာတွေအတွက် စီမံချက်တွေရေးဆွဲနေတယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အရင်က လမ်းတွေကျဉ်းမြောင်းပြီး ဗွက်အိုင်တွေရှိနေတာကြောင့် သီးနှံထုတ်ဖို့အခက်ခဲရှိပြီး နိုင်ငံတော်အနေနဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးလိုက်တာကြောင့် လယ်ယာတွေ ထဲက သီးနှံတွေကို အလွယ်တစ်ကူသယ်ယူနိုင်ပြီး ဈေးကွက်ကိုအချိန်မီ တင်ပို့ရောင်းချနိုင်တယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။

ref ; DVB

Be the first to comment on "မကွေးတိုင်းတွင် ကျပ်သန်း ၂၀၀၀ ကျော်အသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည်"

Leave a comment

Your email address will not be published.


*