ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုဗစ် စစ်ဆေးစရာ Test Kit ပြတ်နေပြီး မှောင်ခိုစျေးကွက် ပေါ်ပေါက်..
ကိုဗစ်-၁၉ ဟာ ရာသီတုတ်ကွေး အပြင်းစားလိုမျိုးနဲ့ ၁၂ ရာသီ ရှိနေမယ့် သဘောမျိုးတွေ ကမ္ဘာက ခန့်မှန်းနေကြချိန်မှာ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ လက်ထဲမှာ စစ်ဆေးစရာ Test အလွယ်တကူ ရှိမနေတာ ကျနော်တို့အတွက် ရတက်မအေးဖွယ်ပါပဲ။
တတိယလှိုင်းများ လာခဲ့မယ်ဆိုရင် ကျန်းမာရေးဝန်ထမ်း (Both private and public) တွေ လက်ထဲမှာ Test လေးတွေ အလွယ်တကူ ရှိနေခဲ့ရင် ကောင်းမယ်လို့ စိတ်ကူးမိပါရဲ့။ Public ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေအတွက် အလွယ်တကူ စစ်လို့ ရကောင်းရပေမယ့် ကျနော်တို့ မြန်မာပြည်လို Public နဲ့ Private ကျန်းမာရေးဝန်ထမ်းတွေ သီးခြားစီ ရပ်တည်နေကြတဲ့ နိုင်ငံမျိုးမှာ၊ Private Sector ကြီးနေတဲ့ နိုင်ငံမျိုးမှာ၊ တတိယလှိုင်း အမှီ Test တွေ ရထားစေ့ချင်တာပါပဲ။
တရားဝင်မရတော့လည်း မှောင်ခို စစ်ဆေးတာတွေ ဖြစ်လာပါတယ်။ ဒီလူနာ ဆိုရင် Quality မသေချာတဲ့ RDT နဲ့ စစ်ဆေးတာကို Private GP တစ်ခုမှာ ခံယူခဲ့ပါသတဲ့။ စစ်ခ ၄၀၀၀၀ ပေးရသတဲ့။ အဖြေကျတော့ Indeterminate (Positive လိုလို Negative လိုလို Line မှိန်မှိန်ကလေး) ပေါ်လာရော။ တကယ်ဆို PCR နဲ့ Confirm လုပ်ရတော့မှာပေါ့။ ပြဿနာက တရားမဝင်ဟု သတ်မှတ်ထားသော RDT နဲ့ စစ်ဆေးခြင်း ဖြစ်ခဲ့တော့ Public ဆေးရုံကို လွှဲရင် ပြဿနာတွေ ပေါ်လာနိုင်ပြီလေ။
သို့သော် GP ဆရာက ဒါဟာ Positive ပါပဲလို့ အခိုင်အမာ ပြောပြီး တရုတ်ပြည်က ကိုဗစ်ကုသဆေး ၈ သောင်းတန်နဲ့ ကုဖို့ ပြောပါသတဲ့။ ဒီမှာတင် လူနာက GP ဆရာကို မယုံကြည်တော့ဘဲ နောက် ဆေးခန်း တစ်ခုကို ပြောင်းပြပါသတဲ့..
ဒီဖြစ်ရပ်မှာ RDT ကို ခိုးစစ်တာထက် ၈ သောင်းတန်ဆေးကို ရောင်းတာဟာ ပိုတောင် အပြစ်ကြီးသင့်တယ်လို့ ကျနော်တော့ ယူဆပါတယ်။
ဒေါက်တာမောင်မောင်ဦး
Be the first to comment on "ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုဗစ် စစ်ဆေးစရာ Test Kit ပြတ်နေပြီး မှောင်ခိုဈေးကွက် ပေါ်ပေါက်.."