ခင္ပြန္းျဖစ္သူ တုိက္စစ္မူး ေအာင္သူ နဲ့ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း က်ိန္စာတိုက္ထားသလို ၾကံဳေတြ႔ေနရတယ္ဆိုတဲ႔ ပိုးအိအိခန္႔
ပရိသတ္ႀကီးေရ …..အမ်ားအားက်ခ်စ္ခင္ရတဲ့မိသားစုမ်ားထဲမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ပိုးအိအိခန္႔နဲ႔ ႏိုင္ငံေက်ာ္ေဘာလုံးသမားေအာင္သူတို႔မိသားစုေလးကလည္း အပါအဝင္ပဲျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးဟာယခုဆိုရင္ ပါးေဖာင္းေဖာင္းေလးနဲ႔ခ်စ္စရာေကာင္းတဲ့ သားငယ္ေလးသဲကိုးကိုလည္း ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ သဲကိုးေလးဟာလည္း အခုဆိုရင္ တစ္ႏွစ္ေက်ာ္သြားၿပီျဖစ္ၿပီး အရမ္းကိုခ်စ္စရာေကာင္းလာတာပါေနာ္။
ပိုးအိဟာ မၾကာေသးမီကသူမရဲ႕ Facebookစာမ်က္ႏွာမွာ မင္းသမီးစလုပ္တဲ့အခ်ိန္ကစၿပီး ယခုလက္ရွိအိမ္ေထာင္က်ၿပီးတဲ့အထိ ႀကဳံေတြ႕ေနရတဲ့အရာေလးေတြကို တင္ေပးလာပါတယ္။
အာ့တာကေတာ႔… ေတြးမိၿပီး ကိုယ့္ဘာကိုယ္ ရယ္မိလို႔ဟာသအေနနဲ႔ ေျပာျပရဦးမယ္ကြၽန္မဘဝကို ကံၾကမၼာႀကီးက ဘာအလုပ္မွ မလုပ္ဘဲ ေအးေအးလူလူထိုင္ေနပါ လို႔မ်ား
သတ္မွတ္ထားေလသလားမွတ္ရတယ္ပထမဦးဆုံး အေနနဲ႔ေျပာရရင္ အလွျပင္တာ မႀကိဳက္ ေခတ္ေပၚအဝတ္အစားဝတ္တာမႀကိဳက္ ေက်ာင္းစာ ပညာေရးသာ ဖိလုပ္ေစခ်င္တဲ့ မိဘေအာက္က ဆင္းသက္လာတဲ့ ကြၽန္မကအႏုပညာကို အရမ္းဝါသနာပါတာ..
႐ူးသြပ္လြန္းလို႔ မိဘကိုယ္တိုင္လိုက္ေရာ ၿပီး ထုတ္လုပ္ေရးတိုက္ေထာင္ၿပီး သမီးေလးကို ဗီဒီယိုကားေတြ ထုတ္႐ိုက္ေပးလိုက္တာ ကိုယ္လည္း လမ္းစေပၚေလးေရာက္မယ္ႀကံေရာ ဗီဒီယိုေစ်းကြက္ႀကီး ပ်က္ပါေလေရာ (တစ္ခါေနာ္)…..။
ဟုတ္ၿပီ ထားေတာ့ အိမ္ေထာင္က်ၿပီး အေဖက အလုပ္မလုပ္ဘဲ ထိုင္ေနတာမႀကိဳက္ေတာ့ Traval & Tours Company ေထာင္ထားတာကို သမီးဆက္လုပ္လိုက္ဆိုၿပီး လႊဲေပးလိုက္တဲ့အခါမွ
ဒီကကြၽန္မကလည္း အပီအျပင္လုပ္ၿပီေဟ့ဆိုၿပီး ခရီးစဥ္ေတြ ေသခ်ာစဥ္းစား ပထမဦးဆုံးလုပ္မယ့္ ကိုယ့္ခရီးစဥ္ကို လင္မယားႏွစ္ေယာက္ ဓါတ္ပုံဆရာငွါးၿပီး သြား႐ိုက္မယ္ blog ပါ႐ိုက္ၿပီး တင္မယ္…
ဆိုၿပီး Company page ကို ကိုယ့္အေကာင့္မွာ share လိုက္ၿပီး သိပ္မၾကာပါဘူး….ငဗစ္က ျဖစ္ၿပီး တစ္ကမာၻလုံးရဲ႕ စီးပြါးေရးပါ ထိုးဆင္း ဒုကၡေတြ ေရာက္ကုန္ၾကေရာ (တစ္ခါ) မွတ္ထားေနာ္ ၂ ခါရွိၿပီ….။
ကဲ ခု တစ္ခါ ပထမ ကိုဗစ္ျဖစ္ေတာ့အိမ္မွာ ထိုင္ေနရတာ အင္မတန္ ပ်င္းစရာေကာင္းလြန္းလို႔အလုပ္တစ္ခုမဟုတ္ တစ္ခုေတာ့ အားမေနရေအာင္လုပ္မယ္ဟာဆိုၿပီး Live sale စလုပ္လိုက္တာ
အံမယ္ live sale လႊင့္တာ လက္တစ္ဖက္ေရစာေတာင္ မရွိဘူး ခု ကိုကို Zuckerberg က live sale ေတြရဲ႕ viewer ေတြကို ဘာလုပ္ခ်လိုက္ျပန္ပလဲ မသိပါဘူးကြယ္
viewers ေတြ ထိုးက်သြားလိုက္တာ အံ့ေတာင္ ဩယူရတယ္ၾကားတာေတာ့ အရင္လို ေရာင္းခ်င္တိုင္းေရာင္းမရေတာ့ဘူးဆိုလား ( တစ္ခါ) ကဲ ၃ ခါဆိုေတာ့ ဒါတိုက္ဆိုင္မႈမဟုတ္ေတာ့ဘူးေနာက္ဆုံးမွာ ဒို႔စဥ္းစားလိုက္မိတယ္
ဒို႔ကို ကံၾကမၼာႀကီးက အသာေလးထိုင္ေနပါဟယ္ ညီးဘာအလုပ္မွ မလုပ္ပါနဲ႔လို႔မ်ား က်ိန္စာတိုက္ထားေလသလားကြယ္ ကြၽန္မရဲ႕ လက္ေတြ႕ပုံျပင္ေလးကေတာ့ ဒါပါပဲရွင္ ပုံျပင္က အရမ္း ဟက္ထိတယ္ကြာ မ်က္ရည္ တစ္စက္က်သြားတယ္ …. ဆိုၿပီးေရးသားလာပါတယ္။
ပိုးအိအိခန္႔ကေတာ႔ သူၾကံဳေတြေနရတဲ႔ အျဖစ္ေတြကို ဟာသေနွာျပီး ေျပာျပလာခဲ႔ပါတယ္ေနာ္။ အဆံုးထိဖတ္ရွုေပးတဲ႔ ပရိတ္သတ္ၾကီးလည္း သာယာေပ်ာ္ရြွင္တဲ႔ ေန့တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။crd-swalsonenews
————-
ခင်ပွန်းဖြစ်သူ တိုက်စစ်မူး အောင်သူ နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ကျိန်စာတိုက်ထားသလို ကြုံတွေ့နေရတယ်ဆိုတဲ့ ပိုးအိအိခန့်
ပရိသတ်ကြီးရေ …..အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးသမားအောင်သူတို့မိသားစုလေးကလည်း အပါအဝင်ပဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာယခုဆိုရင် ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း အခုဆိုရင် တစ်နှစ်ကျော်သွားပြီဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းလာတာပါနော်။
ပိုးအိဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာမှာ မင်းသမီးစလုပ်တဲ့အချိန်ကစပြီး ယခုလက်ရှိအိမ်ထောင်ကျပြီးတဲ့အထိ ကြုံတွေ့နေရတဲ့အရာလေးတွေကို တင်ပေးလာပါတယ်။
အာ့တာကတော့… တွေးမိပြီး ကိုယ့်ဘာကိုယ် ရယ်မိလို့ဟာသအနေနဲ့ ပြောပြရဦးမယ်ကျွန်မဘဝကို ကံကြမ္မာကြီးက ဘာအလုပ်မှ မလုပ်ဘဲ အေးအေးလူလူထိုင်နေပါ လို့များ
သတ်မှတ်ထားလေသလားမှတ်ရတယ်ပထမဦးဆုံး အနေနဲ့ပြောရရင် အလှပြင်တာ မကြိုက် ခေတ်ပေါ်အဝတ်အစားဝတ်တာမကြိုက် ကျောင်းစာ ပညာရေးသာ ဖိလုပ်စေချင်တဲ့ မိဘအောက်က ဆင်းသက်လာတဲ့ ကျွန်မကအနုပညာကို အရမ်းဝါသနာပါတာ..
ရူးသွပ်လွန်းလို့ မိဘကိုယ်တိုင်လိုက်ရော ပြီး ထုတ်လုပ်ရေးတိုက်ထောင်ပြီး သမီးလေးကို ဗီဒီယိုကားတွေ ထုတ်ရိုက်ပေးလိုက်တာ ကိုယ်လည်း လမ်းစပေါ်လေးရောက်မယ်ကြံရော ဗီဒီယိုဈေးကွက်ကြီး ပျက်ပါလေရော (တစ်ခါနော်)…..။
ဟုတ်ပြီ ထားတော့ အိမ်ထောင်ကျပြီး အဖေက အလုပ်မလုပ်ဘဲ ထိုင်နေတာမကြိုက်တော့ Traval & Tours Company ထောင်ထားတာကို သမီးဆက်လုပ်လိုက်ဆိုပြီး လွှဲပေးလိုက်တဲ့အခါမှ
ဒီကကျွန်မကလည်း အပီအပြင်လုပ်ပြီဟေ့ဆိုပြီး ခရီးစဉ်တွေ သေချာစဉ်းစား ပထမဦးဆုံးလုပ်မယ့် ကိုယ့်ခရီးစဉ်ကို လင်မယားနှစ်ယောက် ဓါတ်ပုံဆရာငှါးပြီး သွားရိုက်မယ် blog ပါရိုက်ပြီး တင်မယ်…
ဆိုပြီး Company page ကို ကိုယ့်အကောင့်မှာ share လိုက်ပြီး သိပ်မကြာပါဘူး….ငဗစ်က ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ စီးပွါးရေးပါ ထိုးဆင်း ဒုက္ခတွေ ရောက်ကုန်ကြရော (တစ်ခါ) မှတ်ထားနော် ၂ ခါရှိပြီ….။
ကဲ ခု တစ်ခါ ပထမ ကိုဗစ်ဖြစ်တော့အိမ်မှာ ထိုင်နေရတာ အင်မတန် ပျင်းစရာကောင်းလွန်းလို့အလုပ်တစ်ခုမဟုတ် တစ်ခုတော့ အားမနေရအောင်လုပ်မယ်ဟာဆိုပြီး Live sale စလုပ်လိုက်တာ
အံမယ် live sale လွှင့်တာ လက်တစ်ဖက်ရေစာတောင် မရှိဘူး ခု ကိုကို Zuckerberg က live sale တွေရဲ့ viewer တွေကို ဘာလုပ်ချလိုက်ပြန်ပလဲ မသိပါဘူးကွယ်
viewers တွေ ထိုးကျသွားလိုက်တာ အံ့တောင် ဩယူရတယ်ကြားတာတော့ အရင်လို ရောင်းချင်တိုင်းရောင်းမရတော့ဘူးဆိုလား ( တစ်ခါ) ကဲ ၃ ခါဆိုတော့ ဒါတိုက်ဆိုင်မှုမဟုတ်တော့ဘူးနောက်ဆုံးမှာ ဒို့စဉ်းစားလိုက်မိတယ်
ဒို့ကို ကံကြမ္မာကြီးက အသာလေးထိုင်နေပါဟယ် ညီးဘာအလုပ်မှ မလုပ်ပါနဲ့လို့များ ကျိန်စာတိုက်ထားလေသလားကွယ် ကျွန်မရဲ့ လက်တွေ့ပုံပြင်လေးကတော့ ဒါပါပဲရှင် ပုံပြင်က အရမ်း ဟက်ထိတယ်ကွာ မျက်ရည် တစ်စက်ကျသွားတယ် …. ဆိုပြီးရေးသားလာပါတယ်။
ပိုးအိအိခန့်ကတော့ သူကြုံတွေနေရတဲ့ အဖြစ်တွေကို ဟာသနှောပြီး ပြောပြလာခဲ့ပါတယ်နော်။ အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
Be the first to comment on "ခင်ပွန်းဖြစ်သူ တိုက်စစ်မူး အောင်သူ နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ကျိန်စာတိုက်ထားသလို ကြုံတွေ့နေရတယ်ဆိုတဲ့ ပိုးအိအိခန့်"