အစိုးရက သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း ရောင်းချရမှု ပမာဏကို ပွင့်လင်းစွာ ထုတ်ပြန်လိုက်ပြီ

အစိုးရက သဘာဝဓာတ္ေငြ႕နဲ႔ ေက်ာက္စိမ္း ေရာင္းခ်ရမႈ ပမာဏကို ပြင့္လင္းစြာ ထုတ္ျပန္လိုက္ၿပီ

လက္ရွိအစိုးရသက္တမ္းငါးႏွစ္အတြင္း ေက်ာက္စိမ္း ႏွင့္ သဘာဝဓာတ္ေငြ႕ကို ျပည္ပ

ေရာင္းခ်မႈမွ ေဒၚလာ ဘီလီယံ ၂၀ ခန႔္ရရွိထားေၾကာင္း အစိုးရက ဇန္နဝါရီ ၁၆ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

၂၀၁၅ ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၀ စက္တင္ဘာအထိ ျဖစ္ၿပီး သဘာဝဓာတ္ေငြ႕မွ

ေဒၚလာ ၁၇ ဘီလီယံခြဲႏွင့္ ေက်ာက္စိမ္းမွ ေဒၚလာႏွစ္ဘီလီယံခြဲျဖစ္ သည္ဟု အေကာက္ခြန္ဦးစီးဌာန

၏စာရင္းမ်ားကို အစိုးရက ထုတ္ ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

သဘာဝဓာတ္ေငြ႕ကို ၂၀၁၅ ေအာက္တိုဘာမွ ၂၀၁၆ စက္တင္ဘာအထိ ေဒၚလာ ၃ ဒသမ ၄ ဘီလီယံ၊

၂၀၁၆ ေအာက္တိုဘာ မွ ၂၀၁၇ စက္တင္ဘာအထိ ေဒၚလာ ၃ ဒသမ ၁ ဘီလီယံ၊ ၂၀၁၇ ေအာက္တိုဘာမွ

၂၀၁၈ စက္တင္ဘာအထိ ေဒၚလာ ၃ ဒသမ ၅ ဘီလီယံ၊ ၂၀၁၈-၁၉ တြင္ ေဒၚလာ ၃ ဒသမ ၉ ဘီလီယံႏွင့္

၂၀၁၉-၂၀၂၀ တြင္ ေဒၚလာ ၃ ဒသမ ၅ ဘီလီယံဖိုး ေရာင္းခ်ထားတယ္လို႔ သိရပါတယ္။

ေက်ာက္စိမ္းေရာင္းခ်မႈတြင္ ၂၀၁၅ ေအာက္တိုဘာ မွ ၂၀၁၆ စက္တင္ဘာအထိ

ေဒၚလာ သန္း ၄၀၀ ေက်ာ္၊ ၂၀၁၆-၂၀၁၇ တြင္ ေဒၚလာ သန္း ၃၄၀ ေက်ာ္၊ ၂၀၁၇-၁၈ တြင္ ေဒၚလာ

သန္း ၉၇၀ ေက်ာ္၊ ၂၀၁၈-၁၉ တြင္ ေဒၚလာ သန္း ၃၅၀ ေက်ာ္ႏွင့္ ၂၀၁၉-၂၀ တြင္

ေဒၚလာသန္း ၄၂၀ ရရွိခဲ့တယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

၂၀၁၅-၁၆ ဘ႑ာႏွစ္ ႏိုင္ငံ၏ ျပည္ပပို႔ကုန္မွဝင္ေငြ သည္ ေဒၚလာ ၁၁ ဘီလီယံျဖစ္ၿပီး

၂၀၁၆-၁၇တြင္ ေဒၚလာ ၁၂ ဘီလီယံ၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္ တြင္ ေဒၚလာ ၁၄ ဒသမ ၈ ဘီလီ ယံ၊

၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ေဒၚ လာ ၁၇ ဘီလီယံႏွင့္ ၂၀၁၉-၂၀ ဘ႑ာႏွစ္တြင္

ေဒၚလာ ၁၇ ဒသမ ၆၆ ဘီလီယံဖိုး ရရွိခဲ့သည္ ဟု

စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ သည္။

Unicode

အစိုးရက သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း ရောင်းချရမှု ပမာဏကို ပွင့်လင်းစွာ ထုတ်ပြန်လိုက်ပြီ

လက်ရှိအစိုးရသက်တမ်းငါးနှစ်အတွင်း ကျောက်စိမ်း နှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပ

ရောင်းချမှုမှ ဒေါ်လာ ဘီလီယံ ၂၀ ခန့်ရရှိထားကြောင်း အစိုးရက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ စက်တင်ဘာအထိ ဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ

ဒေါ်လာ ၁၇ ဘီလီယံခွဲနှင့် ကျောက်စိမ်းမှ ဒေါ်လာနှစ်ဘီလီယံခွဲဖြစ် သည်ဟု အကောက်ခွန်ဦးစီးဌာန

၏စာရင်းများကို အစိုးရက ထုတ် ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့ကို ၂၀၁၅ အောက်တိုဘာမှ ၂၀၁၆ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ၊

၂၀၁၆ အောက်တိုဘာ မှ ၂၀၁၇ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ၊ ၂၀၁၇ အောက်တိုဘာမှ

၂၀၁၈ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ၊ ၂၀၁၈-၁၉ တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံနှင့်

၂၀၁၉-၂၀၂၀ တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုး ရောင်းချထားတယ်လို့ သိရပါတယ်။

ကျောက်စိမ်းရောင်းချမှုတွင် ၂၀၁၅ အောက်တိုဘာ မှ ၂၀၁၆ စက်တင်ဘာအထိ

ဒေါ်လာ သန်း ၄၀၀ ကျော်၊ ၂၀၁၆-၂၀၁၇ တွင် ဒေါ်လာ သန်း ၃၄၀ ကျော်၊ ၂၀၁၇-၁၈ တွင် ဒေါ်လာ

သန်း ၉၇၀ ကျော်၊ ၂၀၁၈-၁၉ တွင် ဒေါ်လာ သန်း ၃၅၀ ကျော်နှင့် ၂၀၁၉-၂၀ တွင်

ဒေါ်လာသန်း ၄၂၀ ရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံ၏ ပြည်ပပို့ကုန်မှဝင်ငွေ သည် ဒေါ်လာ ၁၁ ဘီလီယံဖြစ်ပြီး

၂၀၁၆-၁၇တွင် ဒေါ်လာ ၁၂ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီ ယံ၊

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၁၇ ဘီလီယံနှင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်

ဒေါ်လာ ၁၇ ဒသမ ၆၆ ဘီလီယံဖိုး ရရှိခဲ့သည် ဟု

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

Be the first to comment on "အစိုးရက သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း ရောင်းချရမှု ပမာဏကို ပွင့်လင်းစွာ ထုတ်ပြန်လိုက်ပြီ"

Leave a comment

Your email address will not be published.


*