ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထိုင္းႏိုင္ငံအေျခစိုက္ Siam Commercial Bank Myanmar Limited ကို ႏိုင္ငံျခားဘဏ္ရဲ႕ လက္ေအာက္ခံဘဏ္လိုင္စင္ ခြင့္ျပဳေပးလိုက္ပါတယ္။
Siam Commercial Bank Myanmar Limited ကို ဇန္နဝါရီလ(၁၂)ရက္ေန႔က ခြင့္ျပဳေပးခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားလက္ေအာက္ခံဘဏ္လိုင္စင္ရရွိတဲ့ တတိယေျမာက္ဘဏ္ ျဖစ္လာပါတယ္။
ႏိုင္ငံျခားဘဏ္ လက္ေအာက္ခံဘဏ္ေတြကေတာ့ ျပည္တြင္းက ပုဂၢလိကဘဏ္ေတြနည္းတူ ဘဏ္လုပ္ငန္းအားလုံးကို လုပ္ခြင့္ရမွာပဲ ျဖစ္ပါတယ္။
ကိုရီးယားႏိုင္ငံအေျခစိုက္ KB Kookmin Bank ကို KB Bank Myanmar Ltd. အေနနဲ႔၂၀၂၀ ဒီဇင္ဘာလအတြင္းက ပထမအႀကိမ္ခြင့္ျပဳေပးခဲ့ၿပီး Industrial Bank Of Korea ကို IBK Myanmar Limited နာမည္နဲ႔ ဇန္နဝါရီလထဲမွာပဲ ဒုတိယအႀကိမ္ေျမာက္ ႏိုင္ငံျခားဘဏ္ရဲ႕ လက္ေအာက္ခံဘဏ္ လိုင္စင္ထုတ္ေပးခဲ့တာပါ။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကလည္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က တတိယအႀကိမ္ ႏိုင္ငံျခားဘဏ္ေ႐ြးခ်ယ္ေရး အစီစဥ္အရ တ႐ုတ္ႏိုင္ငံ (ထိုင္ဝမ္) က Mega International Commercial Bank Co.,Ltd၊ Cathay United Bank Co.,Ltd နဲ႔ ကိုရီးယားသမၼတႏိုင္ငံက The Korea Development Bank ေတြကို ႏိုင္ငံျခားဘဏ္ခြဲဖြင့္ခြင့္ ေပးခဲ့ပါေသးတယ္။
REF : Omedia
———-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထိုင်းနိုင်ငံအခြေစိုက် Siam Commercial Bank Myanmar Limited ကို နိုင်ငံခြားဘဏ်ရဲ့ လက်အောက်ခံဘဏ်လိုင်စင် ခွင့်ပြုပေးလိုက်ပါတယ်။
Siam Commercial Bank Myanmar Limited ကို ဇန်နဝါရီလ(၁၂)ရက်နေ့က ခွင့်ပြုပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားလက်အောက်ခံဘဏ်လိုင်စင်ရရှိတဲ့ တတိယမြောက်ဘဏ် ဖြစ်လာပါတယ်။
နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်တွေကတော့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေနည်းတူ ဘဏ်လုပ်ငန်းအားလုံးကို လုပ်ခွင့်ရမှာပဲ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံအခြေစိုက် KB Kookmin Bank ကို KB Bank Myanmar Ltd. အနေနဲ့၂၀၂၀ ဒီဇင်ဘာလအတွင်းက ပထမအကြိမ်ခွင့်ပြုပေးခဲ့ပြီး Industrial Bank Of Korea ကို IBK Myanmar Limited နာမည်နဲ့ ဇန်နဝါရီလထဲမှာပဲ ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ရဲ့ လက်အောက်ခံဘဏ် လိုင်စင်ထုတ်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေး အစီစဉ်အရ တရုတ်နိုင်ငံ (ထိုင်ဝမ်) က Mega International Commercial Bank Co.,Ltd၊ Cathay United Bank Co.,Ltd နဲ့ ကိုရီးယားသမ္မတနိုင်ငံက The Korea Development Bank တွေကို နိုင်ငံခြားဘဏ်ခွဲဖွင့်ခွင့် ပေးခဲ့ပါသေးတယ်။
REF : Omedia
Be the first to comment on "ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေလို လုပ်ကိုင်နိုင်မယ့် ထိုင်း Siam Bank ကို မြန်မာအစိုးရ ဖွင့်ခွင့်ပြု"