မြန်မာ့တပ်မတော်၏ ပထမဆုံးမောင်းသူမဲ့ လေယာဉ်

UAV မ်ားဟာ အ႐ြယ္အစားေသးငယ္ေသာ္လည္း စစ္ဆင္ေရးကိစၥမ်ားတြင္ အလြန္အေရးပါလွသျဖင့္ တစ္ေန႔ထက္တစ္ေန႔ ကမာၻ႔တဝန္းတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာၾကပါတယ္။

ဤအခ်က္ကို သတိျပဳမိသည့္ တပ္မေတာ္(ေလ)ဟာ ထုတ္လုပ္မႈကုန္က်စရိတ္သက္သာၿပီး AD weapons မ်ားအတြက္ Training တြင္ ထိေရာက္ေသာအေထာက္အကူျပဳ Mobile Target မ်ားျဖစ္လာေစရန္၊ Anti Air Crew မ်ား တကယ္ေလယာဥ္မ်ားကဲ့သို႔ ခ်ိန္႐ြယ္ပစ္ခတ္ႏိုင္ေစရန္၊

ေလယာဥ္၏ တင္ေဆာင္ႏိုင္ေသာ Payload ေပၚမူတည္ၿပီး Stationary Camera ၊ Video Camera မ်ား တပ္ဆင္စမ္းသပ္ၿပီး ရလဒ္ေပၚမူတည္၍ ဗုံးအတုမ်ား၊ စာ႐ြက္စာတမ္းမ်ား ႀကဲခ်ျခင္းကိုပါ ေဆာင္႐ြက္လာႏိုင္ရန္နဲ႔

မ်က္ျမင္ထိန္းသိမ္းပ်ံသန္းမႈမွ Auto Pilot စနစ္အထိ တိုးျမႇင့္ေဆာင္႐ြက္လာႏိုင္ေစရန္ စသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ၁၉၉၈ မွစ၍ UAV ေလယာဥ္ငယ္ေလ့လာေရးသုေသတနအဖြဲ႕အား ဖြဲ႕စည္းလုပ္ေဆာင္ခဲ့ပါတယ္။

အဆိုပါအဖြဲ႕၏ စြမ္းေဆာင္မႈအေနနဲ႔ ၂၀၀၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ၌ မဂၤလာဒုံျပဳျပင္ထိန္းသိမ္းေရးေလတပ္စခန္းတြင္ ေဝဟင္မွ ဓာတ္ပုံ႐ိုတ္ကူးႏိုင္သည့္ သုေသတနေမာင္းသူမဲ့ေလယာဥ္ပုံစံ-၁ (Research UAV Type-1) အား ကိုယ္ပိုင္ဒီဇိုင္းဆြဲ တီထြင္ႏိုင္ခဲ့ပါတယ္။

အဆိုပါ RUAV T-1 ဟာဆိုရင္ ေဝဟင္ေ႐ြ႕လ်ားပစ္မွတ္(Target Drone)၊ အေျမာက္အကဲၾကည့္၊ ကန႔္သတ္နယ္ေျမေလေၾကာင္းဓာတ္ပုံ၊ ပစ္မွတ္ၫႊန္ျပျခင္း၊ နယ္စပ္ကင္းေထာက္၊ မီးခိုးဗုံး/မ်က္ရည္ယိုဗုံးႀကဲခ်ျခင္း၊ စာ႐ြက္စာတမ္းမ်ားႀကဲခ်ျခင္းနဲ႔ ေဖာက္ခြဲဖ်က္ဆီးျခင္း (Pinpoint Target) တို႔ကို ထမ္းေဆာင္ႏိုင္ပါတယ္။

ဒုတိယအဆင့္အေနနဲ႔ မူလ Type-1 ထက္ ပိုမိုသြက္လက္ၿပီး အျမန္ႏႈန္းပိုမ်ားသည့္ ပစ္မွတ္ေလယာဥ္ (Research UAV Type-2) အား ထပ္မံတီထြင္ခဲ့ပါတယ္။

ကြၽမ္းက်င္ပညာရွင္ ၅ ဦးျဖင့္ ၂၀၀၁ခုနစ္ ဇန္နဝါရီလ ပထမပတ္တြင္ စတင္တည္ေဆာက္ခဲ့ရာ မတ္လ ဒုတိယအပတ္တြင္ ၿပီးစီးခဲ့ၿပီး ၂၅.၃.၂၀၀၁ တြင္ ေမွာ္ဘီေလတပ္စခန္းဌာနခ်ဳပ္၊ ေလယာဥ္ေျပးလမ္း၌ ေအာင္ျမင္စြာ လႊတ္တင္စမ္းသပ္ႏိုင္ခဲ့ပါတယ္။

အဆိုပါ UAV တြင္ မူလက တည္ေဆာက္ခဲ့ျခင္းမရွိခဲ့ေသးေသာ ေနာက္ပစ္ေတာင္ပံမ်ား၊ ေတာင္ပံအားျပဳအၿမီး ၂ ခု၊ ေဒါင္လိုက္အၿမီးပိုင္ ၂ စုံ၊ ဖိုင္ဘာဂလပ္စ္ပုံသြင္းကိုယ္ထည္ (Fiber Glass Fuselage)၊ ျပန္လည္ဆင္းသက္ရန္ ေလထီးစနစ္၊

အေပၚေအာက္အခုံးညီေတာင္ပံျဖတ္ပိုင္း (Symetric Airfoil)၊ ေဆာင့္ခ်ဒဏ္ခံေရွ႕ဘီးႏွင့္ ပင္မဘီးစနစ္ (Shock Absorbment Oleo) နဲ႔ ဆက္ေၾကာင္း ၈ ခုထိန္းေရဒီယိုစနစ္ (8 channel RV Radio with PCM) မ်ား တပ္ဆင္လာႏိုင္ခဲ့ပါတယ္။

RUAV Type-2 ဆိုင္ရာ အခ်က္အလက္မ်ားအား ေဖာ္ျပေပးလိုက္ပါတယ္ဗ်။

ေတာင္ပံအလ်ား – ၇ ေပ

ကိုယ္ထည္အလ်ား – ၅ ေပ ၁၀ လက္မ

အျမင့္ – ၁ ေပ

ေတာင္ပံဧရိယာ – ၈၇၈ စတုရန္းလက္မ

အမ်ားဆုံးအေလးခ်ိန္ – ၂၄ ေပါင္

တင္ေဆာင္ႏိုင္သည့္ဝန္ – ၆ ေပါင္

ေလထဲေနႏိုင္ခ်ိန္ – ၁ နာရီ

အျမန္ႏႈန္း – ၆၅ မိုင္

ပ်ံသန္းႏိုင္သည့္အကြာအေဝး – ၂ မွ ၃ ကီလိုမီတာ ( မ်က္ျမင္ထိန္း)

အင္ဂ်င္အမ်ိဳးအစား – OS Max 91 (Japan)

အင္ဂ်င္စြမ္းအား – ၁.၈ ျမင္းေကာင္ေရ

ပန္ကာအမ်ိဳးအစား – တမလန္းသား (တြန္းအားေပးစနစ္) ၁၃.၅ လက္မ

ေလာင္စာဆီ – (မက္သေနာ + ၾကက္ဆူဆီ + ႏိုက္ထ႐ိုမီသိန္း)

အေဝးထိန္းစနစ္ – Super Futaba 8 Channel PCM (Pulse Code Modulation)

ဖမ္းယူစနစ္ – PCM 1024 (Futaba)

ထိုအခ်ိန္မွစတင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္သည္ ယေန႔အခ်ိန္တြင္ Australia လုပ္ $ ၄သိန္းတန္ S-100 Camcopter UAV မ်ားကိုပါ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး တပ္မေတာ္(ေရ)မွ တြဲဖက္ UAV မ်ားျဖင့္ Point 2202 ေတာင္ကုန္းတိုက္ပြဲ၊ ၂၃ မိုင္ စစ္သူႀကီးနတ္နန္းတိုက္ပြဲ၊ ကုန္းၾကမ္းေဒသတိုက္ပြဲမ်ားတြင္ စစ္ဆင္ေရးအေထာက္အကူျပဳ တိက်ေသာ သတင္းအခ်က္အလက္မ်ားကို ရယူေပးႏိုင္ခဲ့သည္အထိ စစ္ဆင္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေနၿပီျဖစ္ပါတယ္။

Expand Your Knowledge အားေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

Unicode

UAV များဟာ အရွယ်အစားသေးငယ်သော်လည်း စစ်ဆင်ရေးကိစ္စများတွင် အလွန်အရေးပါလှသဖြင့် တစ်နေ့ထက်တစ်နေ့ ကမ္ဘာ့တဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။

ဤအချက်ကို သတိပြုမိသည့် တပ်မတော်(လေ)ဟာ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး AD weapons များအတွက် Training တွင် ထိရောက်သောအထောက်အကူပြု Mobile Target များဖြစ်လာစေရန်၊ Anti Air Crew များ တကယ်လေယာဉ်များကဲ့သို့ ချိန်ရွယ်ပစ်ခတ်နိုင်စေရန်၊

လေယာဉ်၏ တင်ဆောင်နိုင်သော Payload ပေါ်မူတည်ပြီး Stationary Camera ၊ Video Camera များ တပ်ဆင်စမ်းသပ်ပြီး ရလဒ်ပေါ်မူတည်၍ ဗုံးအတုများ၊ စာရွက်စာတမ်းများ ကြဲချခြင်းကိုပါ ဆောင်ရွက်လာနိုင်ရန်နဲ့

မျက်မြင်ထိန်းသိမ်းပျံသန်းမှုမှ Auto Pilot စနစ်အထိ တိုးမြှင့်ဆောင်ရွက်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၉၈ မှစ၍ UAV လေယာဉ်ငယ်လေ့လာရေးသုသေတနအဖွဲ့အား ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါအဖွဲ့၏ စွမ်းဆောင်မှုအနေနဲ့ ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလ၌ မင်္ဂလာဒုံပြုပြင်ထိန်းသိမ်းရေးလေတပ်စခန်းတွင် ဝေဟင်မှ ဓာတ်ပုံရိုတ်ကူးနိုင်သည့် သုသေတနမောင်းသူမဲ့လေယာဉ်ပုံစံ-၁ (Research UAV Type-1) အား ကိုယ်ပိုင်ဒီဇိုင်းဆွဲ တီထွင်နိုင်ခဲ့ပါတယ်။

အဆိုပါ RUAV T-1 ဟာဆိုရင် ဝေဟင်ရွေ့လျားပစ်မှတ်(Target Drone)၊ အမြောက်အကဲကြည့်၊ ကန့်သတ်နယ်မြေလေကြောင်းဓာတ်ပုံ၊ ပစ်မှတ်ညွှန်ပြခြင်း၊ နယ်စပ်ကင်းထောက်၊ မီးခိုးဗုံး/မျက်ရည်ယိုဗုံးကြဲချခြင်း၊ စာရွက်စာတမ်းများကြဲချခြင်းနဲ့ ဖောက်ခွဲဖျက်ဆီးခြင်း (Pinpoint Target) တို့ကို ထမ်းဆောင်နိုင်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ မူလ Type-1 ထက် ပိုမိုသွက်လက်ပြီး အမြန်နှုန်းပိုများသည့် ပစ်မှတ်လေယာဉ် (Research UAV Type-2) အား ထပ်မံတီထွင်ခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင် ၅ ဦးဖြင့် ၂၀၀၁ခုနစ် ဇန်နဝါရီလ ပထမပတ်တွင် စတင်တည်ဆောက်ခဲ့ရာ မတ်လ ဒုတိယအပတ်တွင် ပြီးစီးခဲ့ပြီး ၂၅.၃.၂၀၀၁ တွင် မှော်ဘီလေတပ်စခန်းဌာနချုပ်၊ လေယာဉ်ပြေးလမ်း၌ အောင်မြင်စွာ လွှတ်တင်စမ်းသပ်နိုင်ခဲ့ပါတယ်။

အဆိုပါ UAV တွင် မူလက တည်ဆောက်ခဲ့ခြင်းမရှိခဲ့သေးသော နောက်ပစ်တောင်ပံများ၊ တောင်ပံအားပြုအမြီး ၂ ခု၊ ဒေါင်လိုက်အမြီးပိုင် ၂ စုံ၊ ဖိုင်ဘာဂလပ်စ်ပုံသွင်းကိုယ်ထည် (Fiber Glass Fuselage)၊ ပြန်လည်ဆင်းသက်ရန် လေထီးစနစ်၊

အပေါ်အောက်အခုံးညီတောင်ပံဖြတ်ပိုင်း (Symetric Airfoil)၊ ဆောင့်ချဒဏ်ခံရှေ့ဘီးနှင့် ပင်မဘီးစနစ် (Shock Absorbment Oleo) နဲ့ ဆက်ကြောင်း ၈ ခုထိန်းရေဒီယိုစနစ် (8 channel RV Radio with PCM) များ တပ်ဆင်လာနိုင်ခဲ့ပါတယ်။

RUAV Type-2 ဆိုင်ရာ အချက်အလက်များအား ဖော်ပြပေးလိုက်ပါတယ်ဗျ။

တောင်ပံအလျား – ၇ ပေ

ကိုယ်ထည်အလျား – ၅ ပေ ၁၀ လက်မ

အမြင့် – ၁ ပေ

တောင်ပံဧရိယာ – ၈၇၈ စတုရန်းလက်မ

အများဆုံးအလေးချိန် – ၂၄ ပေါင်

တင်ဆောင်နိုင်သည့်ဝန် – ၆ ပေါင်

လေထဲနေနိုင်ချိန် – ၁ နာရီ

အမြန်နှုန်း – ၆၅ မိုင်

ပျံသန်းနိုင်သည့်အကွာအဝေး – ၂ မှ ၃ ကီလိုမီတာ ( မျက်မြင်ထိန်း)

အင်ဂျင်အမျိုးအစား – OS Max 91 (Japan)

အင်ဂျင်စွမ်းအား – ၁.၈ မြင်းကောင်ရေ

ပန်ကာအမျိုးအစား – တမလန်းသား (တွန်းအားပေးစနစ်) ၁၃.၅ လက်မ

လောင်စာဆီ – (မက်သနော + ကြက်ဆူဆီ + နိုက်ထရိုမီသိန်း)

အဝေးထိန်းစနစ် – Super Futaba 8 Channel PCM (Pulse Code Modulation)

ဖမ်းယူစနစ် – PCM 1024 (Futaba)

ထိုအချိန်မှစတင်ခဲ့သည့် မြန်မာ့တပ်မတော်သည် ယနေ့အချိန်တွင် Australia လုပ် $ ၄သိန်းတန် S-100 Camcopter UAV များကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီး တပ်မတော်(ရေ)မှ တွဲဖက် UAV များဖြင့် Point 2202 တောင်ကုန်းတိုက်ပွဲ၊ ၂၃ မိုင် စစ်သူကြီးနတ်နန်းတိုက်ပွဲ၊ ကုန်းကြမ်းဒေသတိုက်ပွဲများတွင် စစ်ဆင်ရေးအထောက်အကူပြု တိကျသော သတင်းအချက်အလက်များကို ရယူပေးနိုင်ခဲ့သည်အထိ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ပါတယ်။

Expand Your Knowledge အားလေးစားစွာ ခရက်ဒစ် ပေးပါသည်။

Be the first to comment on "မြန်မာ့တပ်မတော်၏ ပထမဆုံးမောင်းသူမဲ့ လေယာဉ်"

Leave a comment

Your email address will not be published.


*