အချိုရည်အတုပြီးတော့ ကော်ဖီမစ်အတု ထုတ်တဲ့ နေရာပါ ဖမ်းမိပြန်ပြီ၊ ပိုင်ရှင်တစ်ဦးထဲပါ








———

အချိုရည်အတုပြီးတော့ ကော်ဖီမစ်အတု ထုတ်တဲ့ နေရာပါ ဖမ်းမိပြီ၊ ပိုင်ရှင်တဦးထဲပါတဲ့..

မန္တလေးမြို့ အောင်မြေသာစံနှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်နှစ်အိမ်၌ အားဖြည့်အချိုရည်နှင့် ကော်ဖီမစ်များ ထုတ်လုပ်ကာ အတုအပ ပြုလုပ်ရောင်းချလျှက်ရှိသည့် စက်ရုံနှင့် အလုပ်နေရာ နှစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီ (၁၄) ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အမ်-၁၅၀ အားဖြည့်အချိုရည်နှင့် ဘာဒီ ကော်ဖီမစ်ထုပ် အတုပြုလုပ်နေသည်များကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ နေအိမ်၌လည်း အမ်-၁၅၀ အားဖြည့်အချိုရည်များ အတုပြုလုပ်နေသည်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံမြင့်က “ဟိုဘက်မှာက (ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရွာဘက်) ကော်ဖီမစ်ထုတ်တဲ့ စက်ရုံ မိတာ။ ဒီဘက်မှာက အိမ်မှာ အချိုရည်လုပ်တာပေါ။ ပိုင်ရှင်က တစ်ယောက်ထဲ နှစ်မျိုးခွဲလုပ်တာ” လို့ ပြောပါတယ်။

ထိုသို့ အချိုရည်များ အတုအပ ပြုလုပ်နေကြောင်း သတင်းအရ သက်ဆိုင်ရာဌာနများဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးရာမှ အချိုရည်ပုလင်းများ၊ အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

“အချိုရည်အတုတွေ ထုတ်နေတာ တော်ဝော်ကြာပြီလို့ ယူဆရတယ်” ဟု ရဲမှူး ပြောပြီး အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ ဦးပီကူးမား၏ နေအိမ်မှ အားဖြည့်အချိုရည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန် အပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်တစ်အိမ်မှလည်း အမ်-၁၅၀ အချိုရည်ပုလင်းများ၊ ကော်ဖီမစ် ပြုလုပ်ရာတွင် အသုံးပြုသည့် စက်နှင့် စက်ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။ အမှုနဲ့ ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မသိရသေးဘဲ အမှုဖွင့်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိပါတယ်။

Be the first to comment on "အချိုရည်အတုပြီးတော့ ကော်ဖီမစ်အတု ထုတ်တဲ့ နေရာပါ ဖမ်းမိပြန်ပြီ၊ ပိုင်ရှင်တစ်ဦးထဲပါ"

Leave a comment

Your email address will not be published.


*