သံဃာတပါး မျက်စိခွဲစိတ်ရန် ဆေးရုံသွားပြရာမှ နောက်ထပ် သံဃာ (၁၁) ပါးတွင် ကိုဗစ်ပိုးတွေ့

သံဃာတပါး မ်က္စိခြဲစိတ္ရန္ ေဆး႐ုံသြားျပရာမွ ေနာက္ထပ္ သံဃာ (၁၁) ပါးတြင္ ကိုဗစ္ပိုးေတြ႕

ျမဝတီၿမိဳ႕ ေဟမာန္ဦးေက်ာင္းမွ သံဃာေတာ္တစ္ပါးသည္ မ်က္စိခြဲစိတ္ရန္ ေဆး႐ုံသြားေရာက္ျပသရာမွ ကိုဗစ္ပိုးေတြ႕ခဲ့ၿပီး ေနာက္ထပ္ သံဃာ ၁၁ ပါးတြင္ ကိုဗစ္ပိုး ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

ပထမေတြ႕ရွိတဲ့သံဃာက ဘားအံမွာ မ်က္လုံးခြဲဖို႔သြားတာ ကိုဗစ္ပိုးေတြ႕တယ္လို႔ ျပန္လည္အၾကာင္းၾကားလာတယ္။ အေၾကာင္းၾကားေတာ့ သတင္းနဲ႔အညီ ကြၽန္ေတာ္တို႔က အဲ့ဒီ သံဃာနဲ႔ ထိစပ္မႈရွိတဲ့ သံဃာအပါး ၃၀ ကိုစစ္တဲ့အခါ ၁၁ ပါး မွာ ပိုးေတြ႕ခဲ့တယ္ဟု ၄င္းရပ္ကြက္ အုပ္ခ်ဴပ္ေရးမႉး ဦးစည္လႈိင္ကေျပာပါသည္။

လက္ရွိတြင္ ပိုးေတြ႕ရွိသည့္ ျမဝတီၿမိဳ႕ ေဟမာန္ဦးေက်ာင္းအား လူသြား/လာကန႔္သတ္ထားရွိေၾကာင္းသိရၿပီး အဆိုပါေက်ာင္းတြင္ရွိသည့္ သံဃာေတာ္ (၈၀) အားက်န္းမာေရးဌာနႏွင့္ ရပ္ကြက္ တာဝန္ရွိသူမ်ားက ေစာင့္ၾကည့္စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

———-

သံဃာတပါး မျက်စိခွဲစိတ်ရန် ဆေးရုံသွားပြရာမှ နောက်ထပ် သံဃာ (၁၁) ပါးတွင် ကိုဗစ်ပိုးတွေ့

မြဝတီမြို့ ဟေမာန်ဦးကျောင်းမှ သံဃာတော်တစ်ပါးသည် မျက်စိခွဲစိတ်ရန် ဆေးရုံသွားရောက်ပြသရာမှ ကိုဗစ်ပိုးတွေ့ခဲ့ပြီး နောက်ထပ် သံဃာ ၁၁ ပါးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။

ပထမတွေ့ရှိတဲ့သံဃာက ဘားအံမှာ မျက်လုံးခွဲဖို့သွားတာ ကိုဗစ်ပိုးတွေ့တယ်လို့ ပြန်လည်အကြာင်းကြားလာတယ်။ အကြောင်းကြားတော့ သတင်းနဲ့အညီ ကျွန်တော်တို့က အဲ့ဒီ သံဃာနဲ့ ထိစပ်မှုရှိတဲ့ သံဃာအပါး ၃၀ ကိုစစ်တဲ့အခါ ၁၁ ပါး မှာ ပိုးတွေ့ခဲ့တယ်ဟု ၄င်းရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစည်လှိုင်ကပြောပါသည်။

လက်ရှိတွင် ပိုးတွေ့ရှိသည့် မြဝတီမြို့ ဟေမာန်ဦးကျောင်းအား လူသွား/လာကန့်သတ်ထားရှိကြောင်းသိရပြီး အဆိုပါကျောင်းတွင်ရှိသည့် သံဃာတော် (၈၀) အားကျန်းမာရေးဌာနနှင့် ရပ်ကွက် တာဝန်ရှိသူများက စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

Be the first to comment on "သံဃာတပါး မျက်စိခွဲစိတ်ရန် ဆေးရုံသွားပြရာမှ နောက်ထပ် သံဃာ (၁၁) ပါးတွင် ကိုဗစ်ပိုးတွေ့"

Leave a comment

Your email address will not be published.


*