ရန်ကုန်မြို့ပြင် နေရာအနှံ့ မြေဈေးတက်ခြင်း နောက်ကွယ်နှင့် လုပ်စားအကွက်များ (ဂျင်းမမိစေဖို့)

ရန်ကုန်မြို့ပြင် နေရာအနှံ့ မြေစျေးတက်ခြင်း နောက်ကွယ်နှင့် လုပ်စားအကွက်များ (ဂျင်းမမိစေဖို့)

ရန်ကုန်မြို့ပြင်နေရာအနှံ့ စျေးတက်တယ်ပြောရမှာပါ.. ရန်ကုန်မြို့သစ်စီမံကိန်းက မြေကွက်ဆိုလည်း ၂ ဆ ၃ ဆ တက်ပါတယ်.. အချို့နေရာတွေဆို နားရှိလို့သာ ကြားရတာ ဆိုတဲ့စျေးတွေပါ.. မူလပိုင်ရှင်တွေ ကတော့ မရှိတော့ပါဘူး.. စျေးကစားသူတွေလက်ထဲ ရောက်ကုန်ပါပြီ.. အနာဂတ်အတွက် ဝယ်ထားသူတွေလက်ထဲ ရောက်ကုန်ပါပြီ..

တရားမဝင် ငွေရနေသူများအပါအဝင် ငွေကြေးချမ်းသာသူများရဲ့ ကစားကွက်ထဲကို အချို့အဆင်ပြေသူများ လုပ်ကွက်မရှိ ဘဏ်တိုးစားနေသူများကပါ ကျဆင်းလာတဲ့ ဘဏ်တိုးနဲ့အတူ ဝင်ရောက်ပါဝင် ကစားလာတယ်ပြောရမှာပါ.. အများကစားတော့ ပွဲစည်တာပေါ့.. အကျိုးဆောင်များကတော့ ပျော်စရာပေါ့.. တကယ်လိုအပ်တာထက် ပိုလျံလာရင်း ပေါက်ကွဲတတ်တာ သဘာဝပါ.. ကျန်တာကတော့ အစိုးရရဲ့ ပေါ်လစီပါ.. တက်စေချင်လား.. ကျစေချင်လား.. အချိန်မရွေးလိုသလို လုပ်လို့ရပါတယ်..

တစ်ယောက်က ရေးထားတာလေး သဘောကျလို့ တွဲတင်လိုက်ပါတယ်..

“မြေမျိုခြင်း” ဒုတိယအကြိမ်..

မြေမျိုမည့်အစီအစဥ်စပါပြီ.. မြို့သစ်နေရာတွေနဲ့ အမြန်လမ်းဘေး စက်မှုဇုံဖြစ်လာမဲ့နေများ.. စသည်.. စသည်ဖြင့် ဘာစီမံကိန်းကဒီနားလုပ်မှာ.. ညာစီမံကိန်းက ဟိုနားမှာလုပ်မှာဆိုပြီး.. မြေကွက်တွေနားမှာ.. ကားပေါ်ပိုက်ဆံထုပ်တင်ပြီး.. မြေတစ်ကွက်ကို.. ဟင်းရွက်ကန်ဇွန်းဝယ်/ရောင်းသလို.. လူတွေတရုံးရုံးနဲ့.. မြေမျိုမဲ့အကွက် စရွှေ့နေပါပြီ..။

ယခင်လိုတပုံစံထဲပါဘဲ.. အမှတ်မရှိတဲ့မြန်မာတွေ.. အချဥ်ဖမ်းတဲ့သာကောနောက်ခံဗမာတွေနဲ့.. မြေမျိုပွဲကြီးစတင်နေပါပြီ..။ ခပ်တုံးတုံးတွေများတော့.. တည့်တည့်လေးရှင်းပြပါရစေ..။

ပွဲလုပ်သူက.. ဈေးကျစဥ်မြေအများကြီး ဝယ်ထားပြီးသားပါ။ အကွက် ၁၀၀၀ ရှိတယ်ဆိုပါစို့.. ၅ သိန်းနဲ့ ၁၀ ကွက်လောက်ရောင်း.. သတင်းကောင်းလေးတွေလွှင့်.. အဝယ်လိုက်လာတော့.. ၅ သိန်းတန်းတွေကို ၁၀သိန်းပေးပြီး.. သူကဘဲပြန်ဝယ်ပါတယ်.. ၁၅ သိန်းနဲ့ အကွက် ၅၀ လောက်ရောင်းတယ်.. သိန်း ၂၀.. ၃၀ နဲ့ပြန်ဝယ်တယ်..။ အဲဒီလိုနဲ့လူတွေရုတ်ရုတ်.. ရုတ်ရုတ်နဲ့ အရောင်းအဝယ်တွေအရမ်းဖြစ်.. မြေကွက်ဈေးကလည်း ရာဂဏန်း.. ထောင်ဂဏန်းရောက်ရော.. သူ့မှာရှိသမျှမြေကွက်အကုန်ရောင်းပြီး.. လစ်တော့တာဘဲ.. မရှိမဲ့ ရှိမဲ့ဝယ်ထားမိတဲ့.. မြန်မာတွေမြေမျိုပါလေရော..။

ကံကောင်းနိုင်တာတစ်ခုဘဲရှိတယ်.. သူဈေးကစားနေတဲ့အချိန်.. ကြားလူအဖြစ်နဲ့လောဘသတ်ပြီး.. နည်းနည်းမြတ်တာနဲ့ရောင်းလျင်ပေါ့.. ဈေးကစားသူအဝယ်ရပ်တဲ့နေ့.. ခင်ဗျားမြေမျိုမဲ့နေ့ပါဘဲ။ ဆင်ခြင်တုံတရားလေးတော့ ထားကြပါ.. ကိုဗစ်ကြောင့်စီးပွားရေးတွေကျ.. လုပ်ငန်းကိုငန်းတွေရပ်နေကြလို့.. သူဌေးကြီးများပင် မျက်ရည်ကျမတတ်.. ငြီးငြူနေကြချိန်ဆိုတော့.. မြေတွေအရောင်းအဝယ်ဖြစ်တယ်ဆိုတာ.. ယုတ္တိအလွန်မကျပါဘူး..။

ဆင်ခြေပုံးရပ်ကွက်တွေကတော့.. ဈေးခေါ်ထားတယ်.. ဝယ်သူလာလျင်မရောင်းဘူး.. ဘယ်ဈေးရမှဆိုပြီးဈေးပြင်ပြောပါတယ်။ မလိုအပ်လျင်မဝယ်ပါနဲ့.. ဝယ်လိုအားနဲ့ရောင်းလိုအား.. ချိန်ခွင်လျာဟာပေါက်ဈေးဘဲ..။ လိုမှဝယ်ပါ.. လှောင်ကုန်အဖြစ်ဝယ်မိလျင်တော့.. ဒုတိယလှိုင်းမှာ.. မြေမျိုခံရမဲ့.. မြေပိုင်ရှင်လက်သစ်တွေဖြစ်လာဦးမှာပါ။

Htin Kyaw Via Thein Aung Chen

Be the first to comment on "ရန်ကုန်မြို့ပြင် နေရာအနှံ့ မြေဈေးတက်ခြင်း နောက်ကွယ်နှင့် လုပ်စားအကွက်များ (ဂျင်းမမိစေဖို့)"

Leave a comment

Your email address will not be published.


*