စီးပွားရေးလုပ်ချင်လျှင် တပ်ကထွက်ဟု ဆိုသဖြင့် BGF နယ်ခြားစောင့် တပ်ရင်းတစ်ခုလုံး နှုတ်ထွက်စာတင်

စီးပွားရေးလုပ်ချင်လျှင် တပ်ကထွက်ဟု ဆိုသဖြင့် BGF နယ်ခြားစောင့် တပ်ရင်းတစ်ခုလုံး နှုတ်ထွက်စာတင်..

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်ရင်းတပ်ဖွဲ့တစ်ခုလုံး နှုတ်ထွက်စာတင်လိုက်ကြောင်း တပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။

BGF မှ အမည်ဖော်ပြခွင့်ပြုရန် ငြင်းဆိုသူ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက “တစ်ယောက်ထွက်ရင် အကုန်ထွက်ဆိုတာမျိုးပါ။ ကျနော်တို့ ဆရာသမားတွေကို ဖိအားပေးပြီးနှုတ်ထွက်ခိုင်းတယ်။ ဒီအတွက် တစ်စုတစ်စည်းတည်းသွားမယ်ဆိုတဲ့သဘောပါပဲ။ ခေါင်းသွားရင်တော့ ကိုယ်ကပါမှာပဲ။ အားလုံးကတော့ တစ်ညီတညွှတ်တည်းလုပ်တာပါ” ဟု ပြောသည်။

ယနေ့တွင် BGF မှတာဝန်ရှိသူအားလုံးသည် အထက်ပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် အထူး အစည်းအဝေးပြုလုပ်နေကြောင်း ၎င်း ဗိုလ်မှူးက ပြောသည်။

ယခုနှုတ်ထွက်စာတင်သည့်အထဲတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ခေါင်းဆောင် အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူလည်းပါဝင်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက BGF မှ ဗိုလ်မှူးကြီးစောချစ်သူ ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးစောမုတ်သုန်တို့ကို “စီးပွားရေးလုပ်ချင်ပါက တပ်ထဲကထွက်” ဟု တပ်မတော်ဘက်က ပြောဆိုနှုတ်ထွက်ခိုင်းခဲ့ပြီးနောက် ဗိုလ်မှူးစောမုတ်သုန်သည် ပထမဦးစွာနှုတ်ထွက်စာတင်သွားခဲ့ပြီးနောက် ယခု တပ်ဖွဲ့တစ်ခုလုံးနှုတ်ထွက်စာတင်ခြင်းဖြစ်သည်။

BGF သည် ယခင်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ခွဲထွက်လာသော တပ်ဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းလာသောအဖွဲ့ဖြစ်သည်။ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လမှာ တိုးတက်သော ကရင်အမျိုးသား တပ်မတော် DKBA က တပ်ရင်း ၁၂ ခု၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF က တပ်ရင်း ၁ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာ ခန့်မှန်းခြေ စုစုပေါင်း တပ်အင်အား သုံးထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

————

Be the first to comment on "စီးပွားရေးလုပ်ချင်လျှင် တပ်ကထွက်ဟု ဆိုသဖြင့် BGF နယ်ခြားစောင့် တပ်ရင်းတစ်ခုလုံး နှုတ်ထွက်စာတင်"

Leave a comment

Your email address will not be published.

*