အချိန်အခါမဟုတ် မိုးကြီးမည်

ေလထု မၿငိမ္မသက္ျဖစ္စဥ္ေၾကာင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသအခ်ိဳ႕အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေျခာက္ခုတြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းသို႔ ျပင္ပမွ တိုးဝင္လာေနသည့္ ေလေအးမ်ားေၾကာင့္ ေဒသအမ်ားစုတြင္ ေလထုမၿငိမ္မသက္ျဖစ္ေပၚေန၍ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမည့္ သတိေပးခ်က္ ထုတ္ျပန္ျခင္းဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။ လတ္တေလာရာသီဥတု အေျခအေနအရ ကခ်င္၊ ရွမ္းႏွင့္ကယားျပည္နယ္၊ မႏၲေလး၊ စစ္ကိုင္းႏွင့္ တနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာကြက္၍ မိုး႐ြာႏိုင္တယ္လို႔ သတိေပးထားပါတယ္။

ဇန္နဝါရီ ၁၁ ရက္မွ ၂၀ ရက္အတြင္း မိုး႐ြာႏိုင္မည့္အေျခအေနကိုမိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ႀကိဳတင္ခန႔္မွန္းထားရာ ကခ်င္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္သည္ က်န္ေဒသ မ်ားထက္ မိုးပို႐ြာႏိုင္ေၾကာင္း သတိေပးထားပါတယ္။

ေဆာင္းရာသီအတြင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းပါက သီးႏွံစိုက္ခင္းမ်ား ထိခိုက္ပ်က္စီးမႈ ႀကဳံေတြ႕ႏိုင္ေသာေၾကာင့္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ထားရန္ စိုက္ပ်ိဳးေရးဦးစီး ဌာနက သတိေပးထားပါတယ္။

———

လေထု မငြိမ်မသက်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ ပြင်ပမှ တိုးဝင်လာနေသည့် လေအေးများကြောင့် ဒေသအများစုတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမည့် သတိပေးချက် ထုတ်ပြန်ခြင်းဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လတ်တလောရာသီဥတု အခြေအနေအရ ကချင်၊ ရှမ်းနှင့်ကယားပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးရွာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှ ၂၀ ရက်အတွင်း မိုးရွာနိုင်မည့်အခြေအနေကိုမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြိုတင်ခန့်မှန်းထားရာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်သည် ကျန်ဒေသ များထက် မိုးပိုရွာနိုင်ကြောင်း သတိပေးထားပါတယ်။

ဆောင်းရာသီအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းပါက သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ကြုံတွေ့နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားရန် စိုက်ပျိုးရေးဦးစီး ဌာနက သတိပေးထားပါတယ်။

Be the first to comment on "အချိန်အခါမဟုတ် မိုးကြီးမည်"

Leave a comment

Your email address will not be published.


*