နိုင်ငံတော်ထောက်ပံ့ကြေးများ ယခုဇန်နဝါရီလအတွင်း ထပ်မံပေးအပ်မည်

ႏိုင္ငံေတာ္မွ အေျခခံလူတန္းစားမ်ားအတြက္ေပးအပ္သည့္ ေထာက္ပံ့ေၾကးမ်ားကို ယခုဇန္နဝါရီလအတြင္းေပးအပ္မည္ျဖစ္ေၾကာင္းသိရသည္။

ဇန္နဝါရီ၁၂ရက္ ႏိုင္ငံေတာ္ေထာက္ပံ့ေၾကးႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းရာတြင္ Dwave သတင္းဌာနသို႔ အုတ္တြင္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳကေျပာသည္။

“တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေပးမွာေပါ့။ႏႈန္းေတာ့ အတိအက်မနည္းေသးဘူး။ ႏွစ္ေသာင္းထက္ေတာ့မနည္းတာေသခ်ာတယ္။ဒီတစ္ခါေတာ့ ေထာက္ပံ့ေၾကးေတြကို အျပည့္အဝရမွာပါ။ဒီလထဲပဲေပးမွာပါ”ဟု ၎ကဆိုသည္။

ႏိုင္ငံေတာ္အစိုးရက စတုတၳအႀကိမ္ ေထာက္ပံ့‌ရာတြင္Stay at Home ျပင္ပတြင္ ရွိေသာ အိမ္ေထာင္စု (၁)စုလွ်င္ (၂၀၀၀၀)က်ပ္ႏႈန္း၊ Stay at Home အတြင္းရွိေသာ အိမ္ေထာင္စု (၁)စုလွ်င္ (၄၀၀၀၀)က်ပ္ႏႈန္းျဖင့္ အိမ္ေထာင္စုေပါင္း (၆.၁)သန္းခန႔္ အတြက္ က်ပ္(၁၆၃.၉၀၅)ဘီလီယံကို ႏိုင္ငံေတာ္အစိုးရက ေထာက္ပံ့ေၾကးမ်ားႏိုဝင္ဘာလအတြင္း စတင္ေပးအပ္ေထာက္ပံ့ျခင္းျဖစ္သည္။

ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားအိမ္ေထာင္စုမ်ားကို ေငြ (၂၀၀၀၀) က်ပ္စီ ေထာက္ပံ့ျခင္းအား ၂၀၂၀ဇူလိုင္လ၊ ဩဂုတ္လႏွင့္ စက္တင္ဘာလအသီးသီး၌ စုစုေပါင္း(၃) ႀကိမ္ ေဆာင္႐ြက္ခဲ့ရာ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အိမ္ေထာင္စုေပါင္း(၅.၇)သန္းအတြက္ က်ပ္ (၄၀၄.၇၃၅) ဘီလီယံကို ေထာက္ပံ့ေပးႏိုင္ခဲ့သည္။

———

နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက်ပေးအပ်သည့် ထောက်ပံ့ကြေးများကို ယခုဇန်နဝါရီလအတွင်းပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီ၁၂ရက် နိုင်ငံတော်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် Dwave သတင်းဌာနသို့ အုတ်တွင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေးမှာပေါ့။နှုန်းတော့ အတိအကျမနည်းသေးဘူး။ နှစ်သောင်းထက်တော့မနည်းတာသေချာတယ်။ဒီတစ်ခါတော့ ထောက်ပံ့ကြေးတွေကို အပြည့်အဝရမှာပါ။ဒီလထဲပဲပေးမှာပါ”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့‌ရာတွင်Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော်အစိုးရက ထောက်ပံ့ကြေးများနိုဝင်ဘာလအတွင်း စတင်ပေးအပ်ထောက်ပံ့ခြင်းဖြစ်သည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေ (၂၀၀၀၀) ကျပ်စီ ထောက်ပံ့ခြင်းအား ၂၀၂၀ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအသီးသီး၌ စုစုပေါင်း(၃) ကြိမ် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ထောင်စုပေါင်း(၅.၇)သန်းအတွက် ကျပ် (၄၀၄.၇၃၅) ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

Be the first to comment on "နိုင်ငံတော်ထောက်ပံ့ကြေးများ ယခုဇန်နဝါရီလအတွင်း ထပ်မံပေးအပ်မည်"

Leave a comment

Your email address will not be published.


*