ကမ္ဘာပတ်လမ်းသို့ လွှတ်တင်တော့မည့် မြန်မာ့ အသေးစားဂြိုဟ်တု

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးဂြိုဟ်ထုကို ဂျပန်နိုင်ငံ၏(Orokokido) တက္ကသိုလ်နှင့်(Tohoku)တက္ကသိုလ်တို့၏ အကူအညီဖြင့် ကမ္ဘာပတ်လမ်းသို့ လွှတ်တင်မည်ဖြစ် ကြောင်း သိရသည်။

ထိုပရောဂျက်တွင် မြန်မာနိုင်ငံရှိ အမျိုးသားတက္ကသိုလ်တစ်ခုဖြစ်သော Myanmar Aerospace Engineering University မှဘွဲ့ရကျောင်းသားများသည်

ဂျပန်နိုင်ငံသို့သွားရောက်၍ ၅၀ကီလိုဂရမ် အလေးချိန်ရှိ၍ တစ်ဖက်တွင် အများဆုံး ၅၀စင်တီမီတာအတိုင်းအတာရှိသော သေးငယ်သောဂြိုဟ်ထု(Micro Satellite)ကို ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၏အကူအညီကိုရယူ၍ တီထွင်ကာ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပရောဂျက်အတွက် ဂြိုဟ်ထုတည်ဆောက်မှုနှင့် လွှတ်တင်ရေးစရိတ်အပါအဝင် စုစုပေါင်း ယန်း(၁.၇)ဘီလီယံ ဒေါ်လာ(၁၆)သန်းကို မြန်မာအစိုးရမှ ထောက်ပံ့မည်ဖြစ်ပါသည်။

ဤစီမံကိန်းသည် နိုင်ငံ၏ကိုယ်ပိုင်ဂြိုဟ်ထုစနစ်ကို တည်ဆောက်ရန် ရည်ရွယ်ထားသော မြန်မာအစိုးရ၏ အစီအစဉ်တစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အစိုးရသည် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ကို တည်ထောင်ရန် ကော်မတီကိုဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ ဒုတိယသမ္မတဦးမြင့်ဆွေက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ထိုဂြိုုဟ်တုကို မြေပြင်လေ့လာရေး စိုက်ပျိုုးရေးတွင် ကုန်ထုတ်စွမ်းအားများတိုးမြှင့်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြည့်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေမကောင်းသောကြောင့် သီးနှံများ ကြီးထွားမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ရှိနေခြင်းတို့ကို အတည်ပြုရန်အတွက် လယ်ယာမြေများသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် ခက်ခဲသောကြောင့် အဆိုပါဂြိုဟ်တုကို အသုံးပြုသွားမည် ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် အခြားသောအာရှနိုင်ငံများနှင့်ယှဉ်သော အာကာသနှင့် စကြာဝဠာအပိုင်းတွင် နောက်ကျမှုများ ရှိနေသော်လည်း ယခုနောက်ပိုင်းတွင်

အစိုးရ၏ထောက်ပံ့မှုကြောင့် အနည်းငယ်တိုးတက်မှုများ ရှိလာသည်ဟု ဆိုနိုင်ပေသည်။ ထိုမှအစပြု၍ တိုးတက်မှုများကို ကျွန်ုပ်တို့ မျှော်လင့်၍ ရနိုင်သည်။

မြန်မာနိုင်ငံရှိ လူငယ်များသည် အာကာသနှင့် ပတ်သက်သော အကြောင်းအရာများကို စိတ်ပါဝင်စားလာမှုမှာ ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

ကျွန်ုပ်သည်လည်း လူငယ်တစ်ယောက်အနေဖြင့် အာကာသနှင့် စကြာဝဠာကို စိတ်ဝင်စားသည်။

မြန်မာနိုင်ငံကိုလည်း အာကာသနှင့် စကြာဝဠာနယ်ပယ်တွင် အခြားသော နိုင်ငံများကဲ့သို့ တိုးတက်စေချင်သည်မှာ မြန်မာနိုင်ငံသားတိုင်း၏ ဆန္ဒပင်ဖြစ်သည်။

လူငယ်များ အနေဖြင့် ပို၍ပင် ထည်းထည်းဝင့်ဝင့် ပါဝင်ဆောင်ရွက်သင့်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီး အာကာသနှင့် သိပ္ပံနယ်ပယ်တွင် တိုးတက်လာမည်ကို မိတ်ဆွေတို့ ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရန် အချိန်ကို စောင့်ကြည့်ဦးစို့။

Myanmarnews24

Be the first to comment on "ကမ္ဘာပတ်လမ်းသို့ လွှတ်တင်တော့မည့် မြန်မာ့ အသေးစားဂြိုဟ်တု"

Leave a comment

Your email address will not be published.


*