ကင္ဆာအမ်ိဳးမ်ိဳးကို ကာကြယ္ေပးနိုင္ေသာ မိုးနံပင္
ယခုပုံတြင္ ျမင္ရေသာ အပင္ကို မိုးနဲႀကီးပင္ (အညာေဒသအေခၚ မိုးနံ ပင္၊ မြန္းနံပင္) ဟု ေခၚပါသည္။၄င္းအပင္သည္ ေဆးဖက္၀င္ အပင္တစ္မ်ိဳးျဖစ္ပါသည္။
အရြက္၏ အရင္းပိုင္းတြင္ ဆူးတစ္ေခ်ာင္းထြက္ေနပါသည္။ ၄င္းအပင္မွာ အဖိုပင္၊ အမပင္ဟူ၍ ၂ မ်ိဳးရွိ၏။ဆူးပါလၽွင္ အဖိုပင္ျဖစ္၍ ဆူးမပါလၽွင္ အမပင္ျဖစ္ပါသည္။
ျမန္မာျပည္တြင္ အထက္အညာေဒသတို႔မွာ မ်ားစြာေပါက္ေရာက္ေလ့ရွိၿပီး ပုဂံျမိဳ႔ေဟာင္း ဓမၼရံႀကီးေစတီ၏ အေရွ႕ဖက္ ေျမနီလမ္းမေဘးတြင္လည္း ျမင္ေတြ႕နိုင္ပါသည္။
ေဆးကို အသုံးျပဳနည္း
အရြက္ကို ခူးယူ၍ အစိမ္း အတိုင္း ေရေႏြးဆူဆူပြက္ပြက္ထဲတြင္ ၅ မိနစ္ခန္႔ ထည့္ျပဳတ္၍ ေသာက္သုံးေပးပါက အသည္းကင္ဆာ၊ သားအိမ္ကင္ဆာ၊ အပူ
အႀကိတ္ျမစ္ပြါးနာႏွင့္ ခႏၶာကိုယ္ေပၚတြင္ေပါက္ေသာ အနာမ်ိဳးမ်ိဳးတို႔ကို သက္သာ ေပ်ာက္ကင္းေစပါသည္။၄င္းေဆးနည္းကို သမားေတာ္ဦးေန၀င္း(ေညာင္ဦးသား)မွ မၽွေဝေပးေသာ နန္းတြင္းေဆးတစ္လက္ျဖစ္ပါသည္။
လူတိုင္း အနာေရာဂါကင္းေဝး၍ သက္တမ္းေစ့ေအာင္ ေနနိုင္ေသာသူမ်ား ျဖစ္နိုင္ၾကပါေစ။ေဆးနည္းကို မိမိ တို႔၏ မိတ္ေဆြမ်ားကိုလည္း မၽွေဝေပးနိုင္ၾကပါသည္။
ေစာႏြဲ႕ေနဆိုင္ (ပူတာအို)ကိုးကား ။ ။ ကိုမ်ိဳးျမင့္ဦး(မတဆ)
ေဆးအတြက္ထပ္မံျဖည့္စြပ္ခ်က္။ ။
(၁) တိုင္းရင္းေဆးဆရာတစ္ဦး၏ မွတ္ခ်က္အရ ၄င္းအရြက္ကို ဆန္ေဆးရည္ျဖင့္ စိမ္၍ေသာက္ရပါသည္။ ဆန္ေဆးရည္သည္ အဆိပ္အေတာက္မ်ားကို ေျပေစနိုင္သည္ဟု ေျပာထားပါသည္။
(၂) ေလေရာဂါအမ်ိဳးမ်ိဳးအတြက္ အသုံးျပဳမည္ဆိုပါလၽွင္ မြန္းနံပင္ ၏ အျမစ္ကို ထန္းလ်က္ႏွင့္ စိမ္ထား၍ ၃ ရက္ခန္႔ ေနလွန္းထားကာ ၄င္းေဆးျမစ္ကို ျပဳတ္၍ ေသာက္ေပးပါကေလေရာဂါအမ်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစနိုင္ပါသည္။ (ျမန္မာ့ရိုးရာေဆးက်မ္း)
အညာေဒသခရီးသြားစဥ္က ကၽြန္ေတာ္နဲ႔အတူလိုက္ပါတဲ့ဆရာ ကိုမ်ိဳး၀င္းရဲ့လက္ေတြ႕ျပသမွုႏွင့္အတူ အပင္မ်ားကိုသိရွိရာက မွတ္တမ္းတင္နိုင္ခဲ့ပါတယ္
(ကၽြန္ေတာ္ေတြ႕ရွိခဲ့တဲ့ ေဒသကေတာ့ တံတားဦးၿမိဳ႕နယ္မွာတစ္ေနရာႏွင့္ေခ်ာင္းဦးၿမိဳ႕နယ္ထဲမွာတစ္ေနရာျဖစ္ပါတယ္)
ဒီအျပင္ ဆရာကိုမ်ိဳး၀င္းေျပာျပခ်က္အရအဆိုပါ မိုးနံပင္ရဲ့ အကိုင္းတစ္ခက္ႏွင့္အတူ ကၽြဲေပါက္ပင္တစ္ခက္ကို
အတူဆုတ္ကိုင္လို႔ ႏြားေတြ ေဒါင့္တန္းေရာဂါျဖစ္တဲ့အခါမွာျ ဖစ္တဲ့ဘက္ျခမ္းမွာ ႏြားရဲ့တင္ပါးကို ေသြးထြက္တဲ့အထိရိုက္ေပးတဲ့အခါ
ေဒါင့္တန္းေရာဂါျဖစ္တဲ့ႏြားေတြသက္သာလာၿပီး ျပန္ေကာင္းမြန္တယ္လို႔သိရပါတယ္၊
ယခုေဖၚျပပါအပင္နဲ႔ တြဲသုံးရတဲ့ ကၽြဲေပါက္ပင္အေၾကာင္းလဲေနာက္ရက္မွာ အဆင္ေျပရင္ တဆက္တည္းေရးတင္ဖို႔ႀကိဳးစားပါ့မယ္…
အသုံးလိုသူမ်ားအသုံးတည့္နိုင္ၾကပါေစ….(အပင္ကိုလက္ေတြ႕ျပသ ေျပာျပေပးတဲ့ ဆရာကိုမ်ိဳး၀င္း ေက်းဇူးအထူးပါ)
Sai Min Thant
———
ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်သော မိုးနံပင်
ယခုပုံတွင် မြင်ရသော အပင်ကို မိုးနဲကြီးပင် (အညာဒေသအခေါ် မိုးနံ ပင်၊ မွန်းနံပင်) ဟု ခေါ်ပါသည်။၎င်းအပင်သည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။
အရွက်၏ အရင်းပိုင်းတွင် ဆူးတစ်ချောင်းထွက်နေပါသည်။ ၎င်းအပင်မှာ အဖိုပင်၊ အမပင်ဟူ၍ ၂ မျိုးရှိ၏။ဆူးပါလျှင် အဖိုပင်ဖြစ်၍ ဆူးမပါလျှင် အမပင်ဖြစ်ပါသည်။
မြန်မာပြည်တွင် အထက်အညာဒေသတို့မှာ များစွာပေါက်ရောက်လေ့ရှိပြီး ပုဂံမြို့ဟောင်း ဓမ္မရံကြီးစေတီ၏ အရှေ့ဖက် မြေနီလမ်းမဘေးတွင်လည်း မြင်တွေ့နိုင်ပါသည်။
ဆေးကို အသုံးပြုနည်း
အရွက်ကို ခူးယူ၍ အစိမ်း အတိုင်း ရေနွေးဆူဆူပွက်ပွက်ထဲတွင် ၅ မိနစ်ခန့် ထည့်ပြုတ်၍ သောက်သုံးပေးပါက အသည်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ အပူ
အကြိတ်မြစ်ပွါးနာနှင့် ခန္ဓာကိုယ်ပေါ်တွင်ပေါက်သော အနာမျိုးမျိုးတို့ကို သက်သာ ပျောက်ကင်းစေပါသည်။၎င်းဆေးနည်းကို သမားတော်ဦးနေဝင်း(ညောင်ဦးသား)မှ မျှဝေပေးသော နန်းတွင်းဆေးတစ်လက်ဖြစ်ပါသည်။
လူတိုင်း အနာရောဂါကင်းဝေး၍ သက်တမ်းစေ့အောင် နေနိုင်သောသူများ ဖြစ်နိုင်ကြပါစေ။ဆေးနည်းကို မိမိ တို့၏ မိတ်ဆွေများကိုလည်း မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)ကိုးကား ။ ။ ကိုမျိုးမြင့်ဦး(မတဆ)
ဆေးအတွက်ထပ်မံဖြည့်စွပ်ချက်။ ။
(၁) တိုင်းရင်းဆေးဆရာတစ်ဦး၏ မှတ်ချက်အရ ၎င်းအရွက်ကို ဆန်ဆေးရည်ဖြင့် စိမ်၍သောက်ရပါသည်။ ဆန်ဆေးရည်သည် အဆိပ်အတောက်များကို ပြေစေနိုင်သည်ဟု ပြောထားပါသည်။
(၂) လေရောဂါအမျိုးမျိုးအတွက် အသုံးပြုမည်ဆိုပါလျှင် မွန်းနံပင် ၏ အမြစ်ကို ထန်းလျက်နှင့် စိမ်ထား၍ ၃ ရက်ခန့် နေလှန်းထားကာ ၎င်းဆေးမြစ်ကို ပြုတ်၍ သောက်ပေးပါကလေရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ (မြန်မာ့ရိုးရာဆေးကျမ်း)
အညာဒေသခရီးသွားစဉ်က ကျွန်တော်နဲ့အတူလိုက်ပါတဲ့ဆရာ ကိုမျိုးဝင်းရဲ့လက်တွေ့ပြသမှုနှင့်အတူ အပင်များကိုသိရှိရာက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်
(ကျွန်တော်တွေ့ရှိခဲ့တဲ့ ဒေသကတော့ တံတားဦးမြို့နယ်မှာတစ်နေရာနှင့်ချောင်းဦးမြို့နယ်ထဲမှာတစ်နေရာဖြစ်ပါတယ်)
ဒီအပြင် ဆရာကိုမျိုးဝင်းပြောပြချက်အရအဆိုပါ မိုးနံပင်ရဲ့ အကိုင်းတစ်ခက်နှင့်အတူ ကျွဲပေါက်ပင်တစ်ခက်ကို
အတူဆုတ်ကိုင်လို့ နွားတွေ ဒေါင့်တန်းရောဂါဖြစ်တဲ့အခါမှာြ ဖစ်တဲ့ဘက်ခြမ်းမှာ နွားရဲ့တင်ပါးကို သွေးထွက်တဲ့အထိရိုက်ပေးတဲ့အခါ
ဒေါင့်တန်းရောဂါဖြစ်တဲ့နွားတွေသက်သာလာပြီး ပြန်ကောင်းမွန်တယ်လို့သိရပါတယ်၊
ယခုဖေါ်ပြပါအပင်နဲ့ တွဲသုံးရတဲ့ ကျွဲပေါက်ပင်အကြောင်းလဲနောက်ရက်မှာ အဆင်ပြေရင် တဆက်တည်းရေးတင်ဖို့ကြိုးစားပါ့မယ်…
အသုံးလိုသူများအသုံးတည့်နိုင်ကြပါစေ….(အပင်ကိုလက်တွေ့ပြသ ပြောပြပေးတဲ့ ဆရာကိုမျိုးဝင်း ကျေးဇူးအထူးပါ)
Sai Min Thant
Be the first to comment on "မိုးနံပင်၏ ဆေးဖက်ဝင် စွမ်းရည်"