တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှုနိုင်မည်
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက် နံနက် (၆) နာရီမှ စတင်၍
https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။
ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံထားပြီး ရုံးများတွင် အမှတ် စာရင်း ထုတ်ပေးမည် မဟုတ်ကြောင်းနင့် Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေ အရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြိုတင်အသိပေးမည် ဟုသိရသည်။
အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို ပညာရေးဝန်ကြီးဌာန၏ Facebook Page ဖြစ်သည့် https://www.facebook .com/moe. gov .mm၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်မည့် Website ဖြစ်သည့် https://mmexamscore.org နှင့် Facebook Page ဖြစ်သည့်
https://www.facebook .com/exams .mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကောင်းမြတ်ရာ
Be the first to comment on "တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မည်"