ေ႐ႊဘိုၿမိဳ႕မ ဆရာေတာ္ဘုရားႀကီး၏ အရဟံ ပုတီးစိတ္နည္းႏွင့္ ပတ္သက္၍ အေမးအမ်ားဆုံး ေမးခြန္းမ်ား။
၁။ ေမး – အခ်ိန္မွန္၊ ေနရာမွန္ စိတ္ဖို႔ လိုပါသလား ?
ေျဖ – မလိုပါ။
၂။ ေမး – ည ၁၂ နာရီေနာက္ပိုင္း ပုတီးစိတ္လို႔ ရပါသလား ? ရက္ေက်ာ္သြားလို႔ အဓိဌာန္ ပ်က္ပါသလား ?
ေျဖ – စိတ္လို႔ ရပါတယ္။ မပ်က္ပါ။ ဗုဒၶဝါဒမွာ တစ္ရက္တာကို ဒီေန႔မနက္ ေနထြက္ခ်ိန္ကေန ေနာက္ေန႔မနက္ ေနမထြက္မွီအထိ ယူပါတယ္။
ည ဆယ့္ႏွစ္နာရီေက်ာ္တာနဲ႔ ေန႔ကူးတယ္လို႔ မသတ္မွတ္ပါ။ ဗုဒၶဟူးေန႔ ညသန္းေခါင္ေက်ာ္ၿပီး ၾကာသပေတးေန႔ မနက္ ေနမထြက္မွီမွာ သဗၺညဳတ ဉာဏ္ေတာ္ကို ရေတာ္မူတာမွာ ဗုဒၶဟူးေန႔ ဘုရား ျဖစ္ေတာ္မူတယ္လို႔ပဲ ေဟာခဲ့ပါတယ္။ ၾကာသပေတးေန႔ ဘုရားျဖစ္တယ္လို႔ မေဟာခဲ့ပါဘူးဗ်ာ။
၃။ ေမး – ခရီးသြားစရာ ရွိေနရင္ ပုတီး ဘယ္လို စိတ္ႏိုင္ပါသလဲ ?
ေျဖ – ရထား/ကား/ ေလယာဥ္ေတြေပၚမွာလဲ ဒီအဓိဌာန္ ပုတီးစိတ္လို႔ ရပါတယ္။ အဓိကကေတာ့ မိမိ အဓိဌာန္ တင္ရာမွာ ပါဝင္ေနတဲ့ အခ်က္မ်ားနဲ႔ ညီၫြတ္ဖို႔သာ အေရးႀကီးပါတယ္။
ဥပမာ – အဓိဌာန္ တင္ခ်ိန္မွာ ” ထိုင္ရာမွ မထပါ။ ” လို႔ ပါဝင္ေနရင္ ပုတီးစိတ္ခ်ိန္မွာ ထိုင္ရာက ထမိမွသာ အဓိဌာန္ ပ်က္ပါတယ္။
အဓိဌာန္ တင္ခ်ိန္မွာ ” စကားမေျပာပါ ” လို႔ ပါဝင္ေနရင္ ပုတီးစိတ္ခ်ိန္မွာ စကားေျပာမိမွသာ အဓိဌာန္ ပ်က္ပါတယ္။
၄။ ေမး – ဘုရားခန္းမွာပဲ စိတ္ရမွာပါလား ? ခရီးသြားရခ်ိန္ေတြမွာ အခက္အခဲ ရွိလို႔ပါ။
ေျဖ – တည္းခိုခန္းမ်ား၊ ဟိုတယ္မ်ားရဲ႕ မိမိရဲ႕ အိပ္ယာေပၚမွာလဲ ဒီအဓိဌာန္ ပုတီးကို စိတ္ႏိုင္ပါတယ္။ အိပ္ယာေပၚ ပုတီးစိတ္ရရင္ မိမိရဲ႕ ေခါင္းအုံးထားရာဘက္ကိုသာ မ်က္ႏွာမူၿပီး စိတ္ပါ။
၅။ ေမး – သိန္းသုံးရာ အေႂကြးပူ ရွိတယ္၊ ဝင္ေငြလဲ မရွိပါ။ အရဟံ ပုတီးစိတ္ေနတာ ကိုးရက္ တစ္ႀကိမ္ ျပည့္သြားပါၿပီ။ အေႂကြး မေၾကေသးပါ။ ဘယ္ေတာ့ ေၾကမလဲ ?
ေျဖ – ကြၽန္ေတာ္ မသိပါ။ အဲလိုသာ ရမယ္ဆိုရင္ ကြၽန္ေတာ္လဲ ပိုက္ဆံေလး ေခ်းလိုက္၊ ပုတီးေလး စိတ္လိုက္နဲ႔ ေနခ်င္ပါတယ္ဗ်။
ဒီအဓိဌာန္ဟာ ေအာင္တဲ့အထိ လုပ္ရပါတယ္။ ဘယ္ေတာ့ ေအာင္မယ္ဆိုတာ မွန္းဆရ ခက္ပါတယ္။ ဇြဲသန္သန္နဲ႔ လုပ္သာ လုပ္ေနပါ။ လမ္းေဘးမွာ အိပ္၊ ဆာရင္ လမ္းေဘး ေရအိုးစင္က ေရကိုပဲ ေသာက္ရသူ တစ္ေယာက္ဟာ ဒီ အရဟံ အဓိဌာန္ကို တင္ၿပီး
ကိုယ္ပိုင္ လုပ္ငန္း တစ္ခု၊ ကိုယ္ပိုင္ အိမ္တစ္လုံး၊ ကိုယ္ပိုင္ ကားတစ္စီးရဖို႔ အဓိဌာန္ တင္ပါတယ္။ သုံးႏွစ္ ျပည့္ခ်ိန္ (ကိုးရက္ အဓိဌာန္ အႀကိမ္ ၁၂၀ ေက်ာ္ခ်ိန္) မွာ သူ အဓိဌာန္ တင္ထားတာေတြ အားလုံး ရသြားဖူးပါတယ္။
ဒီေတာ့ ဒီအဓိဌာန္မွာ မျဖစ္ႏိုင္ဘူးဆိုတာလဲ မရွိ၊ မရႏိုင္ဘူးဆိုတာလဲ မရွိပါဘူး။ ကိုယ္က ဘယ္ေလာက္ ဇြဲသန္သလဲဆိုတာရယ္၊ ၿပီးေတာ့ အဓိဌာန္ကို ဘယ္ေလာက္ စင္စင္ၾကယ္ၾကယ္ အားထုတ္သလဲဆိုတာရယ္ ဒီႏွစ္ခ်က္ေပၚမွာပဲ မူတည္ပါတယ္။
ေလးစားစြာျဖင့္ မင္းႏိုင္။
Unicode
ရွှေဘိုမြို့မ ဆရာတော်ဘုရားကြီး၏ အရဟံ ပုတီးစိတ်နည်းနှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ။
၁။ မေး – အချိန်မှန်၊ နေရာမှန် စိတ်ဖို့ လိုပါသလား ?
ဖြေ – မလိုပါ။
၂။ မေး – ည ၁၂ နာရီနောက်ပိုင်း ပုတီးစိတ်လို့ ရပါသလား ? ရက်ကျော်သွားလို့ အဓိဌာန် ပျက်ပါသလား ?
ဖြေ – စိတ်လို့ ရပါတယ်။ မပျက်ပါ။ ဗုဒ္ဓဝါဒမှာ တစ်ရက်တာကို ဒီနေ့မနက် နေထွက်ချိန်ကနေ နောက်နေ့မနက် နေမထွက်မှီအထိ ယူပါတယ်။
ည ဆယ့်နှစ်နာရီကျော်တာနဲ့ နေ့ကူးတယ်လို့ မသတ်မှတ်ပါ။ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်ပြီး ကြာသပတေးနေ့ မနက် နေမထွက်မှီမှာ သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူတာမှာ ဗုဒ္ဓဟူးနေ့ ဘုရား ဖြစ်တော်မူတယ်လို့ပဲ ဟောခဲ့ပါတယ်။ ကြာသပတေးနေ့ ဘုရားဖြစ်တယ်လို့ မဟောခဲ့ပါဘူးဗျာ။
၃။ မေး – ခရီးသွားစရာ ရှိနေရင် ပုတီး ဘယ်လို စိတ်နိုင်ပါသလဲ ?
ဖြေ – ရထား/ကား/ လေယာဉ်တွေပေါ်မှာလဲ ဒီအဓိဌာန် ပုတီးစိတ်လို့ ရပါတယ်။ အဓိကကတော့ မိမိ အဓိဌာန် တင်ရာမှာ ပါဝင်နေတဲ့ အချက်များနဲ့ ညီညွတ်ဖို့သာ အရေးကြီးပါတယ်။
ဥပမာ – အဓိဌာန် တင်ချိန်မှာ ” ထိုင်ရာမှ မထပါ။ ” လို့ ပါဝင်နေရင် ပုတီးစိတ်ချိန်မှာ ထိုင်ရာက ထမိမှသာ အဓိဌာန် ပျက်ပါတယ်။
အဓိဌာန် တင်ချိန်မှာ ” စကားမပြောပါ ” လို့ ပါဝင်နေရင် ပုတီးစိတ်ချိန်မှာ စကားပြောမိမှသာ အဓိဌာန် ပျက်ပါတယ်။
၄။ မေး – ဘုရားခန်းမှာပဲ စိတ်ရမှာပါလား ? ခရီးသွားရချိန်တွေမှာ အခက်အခဲ ရှိလို့ပါ။
ဖြေ – တည်းခိုခန်းများ၊ ဟိုတယ်များရဲ့ မိမိရဲ့ အိပ်ယာပေါ်မှာလဲ ဒီအဓိဌာန် ပုတီးကို စိတ်နိုင်ပါတယ်။ အိပ်ယာပေါ် ပုတီးစိတ်ရရင် မိမိရဲ့ ခေါင်းအုံးထားရာဘက်ကိုသာ မျက်နှာမူပြီး စိတ်ပါ။
၅။ မေး – သိန်းသုံးရာ အကြွေးပူ ရှိတယ်၊ ဝင်ငွေလဲ မရှိပါ။ အရဟံ ပုတီးစိတ်နေတာ ကိုးရက် တစ်ကြိမ် ပြည့်သွားပါပြီ။ အကြွေး မကြေသေးပါ။ ဘယ်တော့ ကြေမလဲ ?
ဖြေ – ကျွန်တော် မသိပါ။ အဲလိုသာ ရမယ်ဆိုရင် ကျွန်တော်လဲ ပိုက်ဆံလေး ချေးလိုက်၊ ပုတီးလေး စိတ်လိုက်နဲ့ နေချင်ပါတယ်ဗျ။
ဒီအဓိဌာန်ဟာ အောင်တဲ့အထိ လုပ်ရပါတယ်။ ဘယ်တော့ အောင်မယ်ဆိုတာ မှန်းဆရ ခက်ပါတယ်။ ဇွဲသန်သန်နဲ့ လုပ်သာ လုပ်နေပါ။ လမ်းဘေးမှာ အိပ်၊ ဆာရင် လမ်းဘေး ရေအိုးစင်က ရေကိုပဲ သောက်ရသူ တစ်ယောက်ဟာ ဒီ အရဟံ အဓိဌာန်ကို တင်ပြီး
ကိုယ်ပိုင် လုပ်ငန်း တစ်ခု၊ ကိုယ်ပိုင် အိမ်တစ်လုံး၊ ကိုယ်ပိုင် ကားတစ်စီးရဖို့ အဓိဌာန် တင်ပါတယ်။ သုံးနှစ် ပြည့်ချိန် (ကိုးရက် အဓိဌာန် အကြိမ် ၁၂၀ ကျော်ချိန်) မှာ သူ အဓိဌာန် တင်ထားတာတွေ အားလုံး ရသွားဖူးပါတယ်။
ဒီတော့ ဒီအဓိဌာန်မှာ မဖြစ်နိုင်ဘူးဆိုတာလဲ မရှိ၊ မရနိုင်ဘူးဆိုတာလဲ မရှိပါဘူး။ ကိုယ်က ဘယ်လောက် ဇွဲသန်သလဲဆိုတာရယ်၊ ပြီးတော့ အဓိဌာန်ကို ဘယ်လောက် စင်စင်ကြယ်ကြယ် အားထုတ်သလဲဆိုတာရယ် ဒီနှစ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။
လေးစားစွာဖြင့် မင်းနိုင်။
Be the first to comment on "ရွှေဘိုမြို့မ ဆရာတော်ဘုရားကြီး၏ အရဟံ ပုတီးစိတ်နည်း"