ပြင်ဦးလွင်မြေကွက် ဝယ်လိုသူများအတွက် အခမဲ့ လိုက်လံ စစ်ဆေးပေးမည့်အဖွဲ့ လာပါပြီ…

ပြင်ဦးလွင်မြေကွက် ဝယ်လိုသူများအတွက် အခမဲ့ လိုက်လံ စစ်ဆေးပေးမည့်အဖွဲ့ လာပါပြီ..

ပြင်ဦးလွင်မြို့မှာ မြေကွက်ဝယ်မယ့်သူတွေအတွက် ဝယ်သင့် မဝယ်သင့်ကို စိန်းလန်းပြင်ဦးလွင်အဖွဲ့က အခမဲ့လိုက်လံ စစ်ဆေးပေးမယ်လို့ သိရပါတယ် ။ ပြင်ဦးလွင်မြို့ သစ်တောကြိုးဝိုင်းမြေအတွင်းမှာ တရားမဝင် အကွက်ရိုက် ရောင်းချမှုတွေနဲ့ ခြံစည်းရိုး ကာရံမှုတွေ ရှိနေတာကြောင့် အများပြည်သူတွေ ရောင်းမှားဝယ်မှား မဖြစ်ပေါ်စေဖို့အတွက် ခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ရက်က ပြင်ဦးလွင်သစ်တောကြိုးဝိုင်းအတွင်းမှာ တရားမဝင် အကွက်ရိုက် ရောင်းချသူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန ပြောဆိုထားပါတယ် ။

ဒါ့အပြင် မြေကွက်ဝယ်သူတွေအနေနဲ့ တရားဝင်မြေကွက် ဟုတ်၊ မဟုတ် စုံစမ်းပြီးမှသာ ဝယ်ယူကြဖို့ ပြဿနာဖြစ်ပေါ်လာပါက ဝယ်ယူသူသာ နစ်နာဆုံးရှုံးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသြကြီးသစ်တောဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းမြင့်က ပြောဆိုထားပါတယ် ။

ပြင်ဦးလွင်မြို့သစ်တောကြိုးဝိုင်းမြေအတွင်းမှာ ၂၀၁၆ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ကျူးကျော်နေထိုင်တာနဲ့ အကွက်ရိုက်ရောင်းချမှု အမှုပေါင်း ၁၉၁ မှု ရှိပြီး လူဦးရေ ၁၄၁ ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ သစ်တောဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုဝိုင်းသည် မြေဧက (၁၆,၅၄၀) ကျော် ကျယ်ဝန်းပြီး မြို့ရွာများအနီး လမ်းပန်းဆက်သွယ်ရေး ကောင်းသောနေရာများတွင် တရားမဝင် မြေအကွက်ရိုက် ရောင်းချခြင်းများ ပိုမိုဖြစ်ပွားနေသဖြင့် မြေကွက် ဝယ်ယူလိုသူများ အနေဖြင့်လည်း စုံစမ်းမေးမြန်းပြီးမှသာ ဝယ်ယူကြရန် လိုအပ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ပြင်ဦးလွင်မြို့သည် ရာသီဥတု ကောင်းမွန်ပြီး နေထိုင်စရာ ကောင်းသဖြင့် မြေကွက်ဝယ်ယူသူများ ပေါများလာရာမှ တရားမဝင် မြေကွက် ရောင်းချခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

Be the first to comment on "ပြင်ဦးလွင်မြေကွက် ဝယ်လိုသူများအတွက် အခမဲ့ လိုက်လံ စစ်ဆေးပေးမည့်အဖွဲ့ လာပါပြီ…"

Leave a comment

Your email address will not be published.


*