ရွှေမင်းသမီးလေးအလား ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိရှိလှနေတဲ့ ထက်ထက်မိုးဦး




Unicode

ထက်ထက်မိုးဦးကတော့ အကယ်ဒမီဆုတွေအများကြီးကို သိမ်းပိုက်ခဲ့ပြီး အရင်ထဲက ကြော်ငြာဘုရင်မလို့ တင်စားခေါ်ဝေါ်ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ထပ်ထက်က ရုပ်ရှင်ဇာတ်ကောင်းပေါင်းများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံလာကြတာ ပဲ ဖြစ်ပါတယ်နော်။

ဒါ့အပြင် ထက်ထက်မိုးဦး က ယနေ့အချိန်ထိလည်း ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ဆယ်ကျော်သက်တွေလို လှရက်နေတုန်းပဲဖြစ်ပါတယ်နော်။လတ်တလော မှာတော့ ကျောက်မျက်ရတနာ ကားတွေနဲ့ အိမ်ယာတွေကိုပါ Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ သူမဘာပဲလုပ်လုပ် တစ်ခဲနက်ဝန်းရံအားပေးကြတဲ့ မထက်ရဲ့ စန်းကလည်းတကယ်ကိုအံ့မခန်းပါပဲ။

အခုလည်း အဝါရောင် ခန့်ညားထည်ဝါတဲ့ ဝတ်စုံလေးနဲ့အတူ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ဆင်မြန်းကာ ရွှေမင်းသမီးအလား ထင်မှတ်ရလောက်အောင် မိမိုက်နေတဲ့ပုံလေးတွေကိုဖော်ပြထားရာ ပုံတိုင်းကချစ်စရာကောင်းလွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

Be the first to comment on "ရွှေမင်းသမီးလေးအလား ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိရှိလှနေတဲ့ ထက်ထက်မိုးဦး"

Leave a comment

Your email address will not be published.


*