နတ်၊ နဂါးတွေနဲ့ ဆိုင်တယ်လို့ယူဆနေကြတဲ့ မန္တလေးတောင်မှာ တကယ်ရှိခဲ့တဲ့ မြွေကြီးနှစ်ကောင်ရဲ့ ရာဇဝင်က ဒီလိုပါ

မန္တလေးတောင်မှာ တကယ်ရှိခဲ့တဲ့ မြွေကြီးနှစ်ကောင်ရဲ့ ရာဇဝင်က ဒီလိုပါ


မန္တလေးတောင်ပေါ်မှ မြွေကြီးနှစ်ကောင်သမိုင်း

မန္တလေးတောင်လို့ ဆိုလိုက်တာနဲ့ မြွေကြီးနှစ်ကောင် ဆိုတာကို မန်းသူ မန်းသားတွေအပြင် ရောက်ဖူးသူရော မရောက်ဖူးသူများပါ တန်းသိကြမှာပါ။ မန္တလေးနဲ့ ပတ်သတ်တဲ့ သီချင်းတွေမှာ ဒီမြွေကြီးနှစ်ကောင် အကြောင်းက မပါမဖြစ် ပါလေ့ရှိတဲ့ အတွက်ကြောင့်ပါ။

ဒီမြွေကြီးနှစ်ကောင်ရဲ့ အကြောင်းကို ဗဟုသုတ အဖြစ် ဖော်ပြလိုက်ပါတယ်။တချို့ကတော့ ဒီမြွေကြီးတွေကို ရသေ့ကြီး ဦးခန္တီ တောရှင်းတော့ တွေ့တာလို့ပြောလေ့ ရှိပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ မြွေကြီးတွေ ရှိတုန်းက ဦးခန္တီ မရောက်သေးပါ။

မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်က မန္တလေးတောင်မှာ ဘုန်းတော်ကြီး ဦးနန္ဒိယ ကြီးမှူးပြီး ဗျာဒိတ်ညွှန်း ဘုရားရုပ်တုတော် ထုလုပ်နေခဲ့ပါတယ်။

အဲဒီအချိန်လောက်က မန္တလေး မြောက်ပြင် လင်ဇင်းရပ်ထဲက ပန်းပဲဆရာလည်း ဟုတ် ၊ ဆေးဆရာဆိုလည်း ဟုတ်တဲ့ ဦးဘေရဲ့ အိမ်ဝင်းထဲကို ညတစ်ညမှာ စပါးအုံး မြွေကြီးနှစ်ကောင်ဟာ ဘယ်ကမှန်း မသိဘဲ ရောက်နေခဲ့ပါတယ်။

မနက်လင်းမှ တွေ့ကြတော့ မောင်းထုတ်ပေမယ့် မသွားကြတဲ့အတွက် ဦးဘေဟာ မြွေဆရာ ဦးလုံးကို ခေါ်ပြပါတယ်။ ဦးလုံးက ဆရာဘေရယ် ဒီမြွေကြီးတွေက ရန်မပြုတတ်ပါဘူး ၊ မြွေကောင်းကြီးတွေပါ ၊ ကျွန်တော်ပဲ ယူသွားမယ် လို့ဆိုပြီး ယူသွားပါတယ်။

အဲဒီနောက် ဦးလုံးဟာ မြွေကြီးတွေကို ပြစားပါတော့တယ်။ လူစည်တဲ့ ဈေးလို နေရာတွေ နဲ့ ဘုရားတွေ ပွဲတွေမှာ လှည့်လည်ပြလေ့ ရှိပါတယ်။

အချိန်အတော်ကြာပြီး တစ်နေ့မှာ ဒီမြွေကြီး နှစ်ကောင်ရဲ့ သတင်းကို ဘုန်းတော်ကြီး ဦးနန္ဒိယက ကြားသွားတဲ့အတွက် ဦးလုံးကို ဒီ ”မြွေကြီးတွေနဲ့ ပိုက်ဆံအတော်အသင့် ရလောက်ပါပြီ။ မြွေကြီးတွေကို ဘုန်းကြီးလှူပါ။ ဘုရားရုပ်ထု ထုသူတွေရော၊ ဘုရားဖူး လာသူတွေရာ အပန်းပြေ အပျင်းပြေအောင် မန္တလေးတောင်ခြေမှာ ထားချင်တယ်” လို့ပြောပြီး ဦးလုံးဆီက အလှူခံသတဲ့။

ဦးလုံးကလည်း ငွေ ၂၀ဝ၊ ၃၀ဝ ကျပ်လောက် ရနေပြီဆိုတော့ ဘုန်းတော်ကြီးကို မြွေကြီးနှစ်ကောင် လှူလိုက်ပါတယ်။(အဲဒီတုန်းက ငွေ ၂၀ဝ ဆိုတာ နည်းမှမနည်းပဲကို) အဲဒီနောက် မန္တလေးတောင်အတက်က ခြင်္သေ့ကြီးနှစ်ကောင် အနားမှာ မြွေကြီးနှစ်ကောင်ကို ထားလိုက်ပါတယ်။

ချက်ချင်း နာမည်ကြီးသွားပြီး လူစည်ကားသွားပါတော့တယ်။ မြွေကြီးနှစ်ကောင်ကြောင့် လူစည်ကားမှန်း သိပေမယ့် ဘုန်းကြီး ဦးနန္ဒိယက ၁ နှစ် နဲ့ ၈ လ အကြာမှာ “ရုပ်ထုလည်း ထုပြီးသွားပါပြီ ၊ ဘုရားအစ်မတို့ သွားလိုရာ သွားကြပါတော့” လို့ ပြောပြီး ရန်ကင်းတောင်ဘက်က တောထဲမှာ လွှတ်ပေးလိုက်ပါတယ်။

မြွေကြီးတွေဟာ တွင်းကြီးတစ်တွင်းထဲ ဝင်သွားပြီးတဲ့နောက် သူတို့ရဲ့ သတင်းကို လုံးဝ မကြားရတော့ပါဘူး။ မြွေကြီးတွေ မရှိတော့ပေမယ့် “စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီး ၂ ကောင် သွားလို့ ကြည့်ရအောင်” ဆိုတဲ့ သီချင်းကတော့ ကျန်နေခဲ့ပါတယ်။

ဒါကြောင့် ရသေ့ကြီး ဦးခန္တီက မန္တလေးတောင်ပေါ်မှာ သံမြွေဟောက် အရုပ်ကြီးနှစ်ကောင်ကို သွန်းလုပ်စေပြီး တင်ထားလိုက်ပါတယ်။ အစတုန်းက မြွေရုပ်ကြီးနှစ်ရုပ်ကို ရှေ့ဆင့်နောက် ဆင့်ထားခဲ့ပေမယ့် အခုတော့ ဆေးတွေ သုတ်ကာ နှစ်ကောင် ယှဉ်ထားပြီး သံဆန်ခါနဲ့ ကာထားလိုက်ပါတယ်။

Ref::; ကျွန်မတို့ မန္တလေးက မန္တလေးတောင် – လူထုဒေါ်အမာ – မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်

Zawgyi

မႏၲေလးေတာင္မွာ တကယ္ရွိခဲ့တဲ့ ေႁမြႀကီးႏွစ္ေကာင္ရဲ႕ ရာဇဝင္က ဒီလိုပါ
မႏၲေလးေတာင္ေပၚမွ ေႁမြႀကီးႏွစ္ေကာင္သမိုင္း

မႏၲေလးေတာင္လို႔ ဆိုလိုက္တာနဲ႔ ေႁမြႀကီးႏွစ္ေကာင္ ဆိုတာကို မန္းသူ မန္းသားေတြအျပင္ ေရာက္ဖူးသူေရာ မေရာက္ဖူးသူမ်ားပါ တန္းသိၾကမွာပါ။ မႏၲေလးနဲ႔ ပတ္သတ္တဲ့ သီခ်င္းေတြမွာ ဒီေႁမြႀကီးႏွစ္ေကာင္ အေၾကာင္းက မပါမျဖစ္ ပါေလ့ရွိတဲ့ အတြက္ေၾကာင့္ပါ။

ဒီေႁမြႀကီးႏွစ္ေကာင္ရဲ႕ အေၾကာင္းကို ဗဟုသုတ အျဖစ္ ေဖာ္ျပလိုက္ပါတယ္။တခ်ိဳ႕ကေတာ့ ဒီေႁမြႀကီးေတြကို ရေသ့ႀကီး ဦးခႏၲီ ေတာရွင္းေတာ့ ေတြ႕တာလို႔ေျပာေလ့ ရွိပါတယ္။ ဒါဟာ မဟုတ္ပါဘူး။ ေႁမြႀကီးေတြ ရွိတုန္းက ဦးခႏၲီ မေရာက္ေသးပါ။

ျမန္မာသကၠရာဇ္ ၁၂၆၆ ခုႏွစ္က မႏၲေလးေတာင္မွာ ဘုန္းေတာ္ႀကီး ဦးနႏၵိယ ႀကီးမႉးၿပီး ဗ်ာဒိတ္ၫႊန္း ဘုရား႐ုပ္တုေတာ္ ထုလုပ္ေနခဲ့ပါတယ္။

အဲဒီအခ်ိန္ေလာက္က မႏၲေလး ေျမာက္ျပင္ လင္ဇင္းရပ္ထဲက ပန္းပဲဆရာလည္း ဟုတ္ ၊ ေဆးဆရာဆိုလည္း ဟုတ္တဲ့ ဦးေဘရဲ႕ အိမ္ဝင္းထဲကို ညတစ္ညမွာ စပါးအုံး ေႁမြႀကီးႏွစ္ေကာင္ဟာ ဘယ္ကမွန္း မသိဘဲ ေရာက္ေနခဲ့ပါတယ္။

မနက္လင္းမွ ေတြ႕ၾကေတာ့ ေမာင္းထုတ္ေပမယ့္ မသြားၾကတဲ့အတြက္ ဦးေဘဟာ ေႁမြဆရာ ဦးလုံးကို ေခၚျပပါတယ္။ ဦးလုံးက ဆရာေဘရယ္ ဒီေႁမြႀကီးေတြက ရန္မျပဳတတ္ပါဘူး ၊ ေႁမြေကာင္းႀကီးေတြပါ ၊ ကြၽန္ေတာ္ပဲ ယူသြားမယ္ လို႔ဆိုၿပီး ယူသြားပါတယ္။

အဲဒီေနာက္ ဦးလုံးဟာ ေႁမြႀကီးေတြကို ျပစားပါေတာ့တယ္။ လူစည္တဲ့ ေဈးလို ေနရာေတြ နဲ႔ ဘုရားေတြ ပြဲေတြမွာ လွည့္လည္ျပေလ့ ရွိပါတယ္။

အခ်ိန္အေတာ္ၾကာၿပီး တစ္ေန႔မွာ ဒီေႁမြႀကီး ႏွစ္ေကာင္ရဲ႕ သတင္းကို ဘုန္းေတာ္ႀကီး ဦးနႏၵိယက ၾကားသြားတဲ့အတြက္ ဦးလုံးကို ဒီ ”ေႁမြႀကီးေတြနဲ႔ ပိုက္ဆံအေတာ္အသင့္ ရေလာက္ပါၿပီ။ ေႁမြႀကီးေတြကို ဘုန္းႀကီးလႉပါ။ ဘုရား႐ုပ္ထု ထုသူေတြေရာ၊ ဘုရားဖူး လာသူေတြရာ အပန္းေျပ အပ်င္းေျပေအာင္ မႏၲေလးေတာင္ေျခမွာ ထားခ်င္တယ္” လို႔ေျပာၿပီး ဦးလုံးဆီက အလႉခံသတဲ့။

ဦးလုံးကလည္း ေငြ ၂၀ဝ၊ ၃၀ဝ က်ပ္ေလာက္ ရေနၿပီဆိုေတာ့ ဘုန္းေတာ္ႀကီးကို ေႁမြႀကီးႏွစ္ေကာင္ လႉလိုက္ပါတယ္။(အဲဒီတုန္းက ေငြ ၂၀ဝ ဆိုတာ နည္းမွမနည္းပဲကို) အဲဒီေနာက္ မႏၲေလးေတာင္အတက္က ျခေသၤ့ႀကီးႏွစ္ေကာင္ အနားမွာ ေႁမြႀကီးႏွစ္ေကာင္ကို ထားလိုက္ပါတယ္။

ခ်က္ခ်င္း နာမည္ႀကီးသြားၿပီး လူစည္ကားသြားပါေတာ့တယ္။ ေႁမြႀကီးႏွစ္ေကာင္ေၾကာင့္ လူစည္ကားမွန္း သိေပမယ့္ ဘုန္းႀကီး ဦးနႏၵိယက ၁ ႏွစ္ နဲ႔ ၈ လ အၾကာမွာ “႐ုပ္ထုလည္း ထုၿပီးသြားပါၿပီ ၊ ဘုရားအစ္မတို႔ သြားလိုရာ သြားၾကပါေတာ့” လို႔ ေျပာၿပီး ရန္ကင္းေတာင္ဘက္က ေတာထဲမွာ လႊတ္ေပးလိုက္ပါတယ္။

ေႁမြႀကီးေတြဟာ တြင္းႀကီးတစ္တြင္းထဲ ဝင္သြားၿပီးတဲ့ေနာက္ သူတို႔ရဲ႕ သတင္းကို လုံးဝ မၾကားရေတာ့ပါဘူး။ ေႁမြႀကီးေတြ မရွိေတာ့ေပမယ့္ “စခန္းမေဝးေပါင္ မႏၲေလးေတာင္ ေႁမြႀကီး ၂ ေကာင္ သြားလို႔ ၾကည့္ရေအာင္” ဆိုတဲ့ သီခ်င္းကေတာ့ က်န္ေနခဲ့ပါတယ္။

ဒါေၾကာင့္ ရေသ့ႀကီး ဦးခႏၲီက မႏၲေလးေတာင္ေပၚမွာ သံေႁမြေဟာက္ အ႐ုပ္ႀကီးႏွစ္ေကာင္ကို သြန္းလုပ္ေစၿပီး တင္ထားလိုက္ပါတယ္။ အစတုန္းက ေႁမြ႐ုပ္ႀကီးႏွစ္႐ုပ္ကို ေရွ႕ဆင့္ေနာက္ ဆင့္ထားခဲ့ေပမယ့္ အခုေတာ့ ေဆးေတြ သုတ္ကာ ႏွစ္ေကာင္ ယွဥ္ထားၿပီး သံဆန္ခါနဲ႔ ကာထားလိုက္ပါတယ္။

Ref::; ကြၽန္မတို႔ မႏၲေလးက မႏၲေလးေတာင္ – လူထုေဒၚအမာ – ျမန္မာ့ျဖစ္ရပ္ ၁၀ဝ – ေမာင္ၾကည္သန႔္

Be the first to comment on "နတ်၊ နဂါးတွေနဲ့ ဆိုင်တယ်လို့ယူဆနေကြတဲ့ မန္တလေးတောင်မှာ တကယ်ရှိခဲ့တဲ့ မြွေကြီးနှစ်ကောင်ရဲ့ ရာဇဝင်က ဒီလိုပါ"

Leave a comment

Your email address will not be published.


*