ရှိတဲ့ မြေကွက်ကိုလည်း လှူပြီးအပြင် သူတောင်းစားအမည်ခံပြီး တောင်းရသမျှ ဘုရားထပ်လှူပြန်သည့် လေးစားဖွယ် အဖိုးအို…
သူတောင်းစားအမည်ခံပြီး တောင်းရသမျှ (၆)သိန်းခွဲ လုံး ဘုရားမှာလှူခဲ့သည့်အဖိုးမှ ဒုတိယအကြိမ်တောင်း ရသမျှ (၁၀)သိန်း ထပ်လှူပြန်ပါတယ်။
ပထမတကြိမ်တုန်းကလည်း ကျွန်တော်အဖိုးအကြောင်းတင်ပေးခဲ့ဖူးပါတယ်။
(9.11.2022)ရက်နေ့က အဖိုးဟာ သူတောင်းရသမျှ ငွေ(၆)သိန်း(၅)သောင်းကို မြဝတီမြို့ ရွှေမြင်းဝန်ဘုရား ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် အကုန်လှူပေးခဲ့ပါတယ်။
ယခု ဒုတိအကြိမ်အဖြစ် (1.12.2022)ရက်နေ့တုန်းက တောင်းရမ်းရရှိတဲ့ ငွေ(၁၀)သိန်းလုံးကို မြဝတီမြို့ ရွှေမြင်းဝန်ဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် ထပ်မံ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
နှစ်ကြိမ်ပေါင်း ဆိုတော့ (၁၆)သိန်း(၅)သောင်း လှူဒါန်းထားပြီးပါပြီး။
အဖိုးနာမည်ကတော့ – ဦးတင်ဝင်း အသက် – (၇၇)နှစ် ပါ။ အဖိုးအကြောင်း ထပ်သိရတာကတော့ အဖိုးဟာ လက်ရှိ မြဝတီမှာ အိမ်ဌားဘဝနဲ့နေထိုင်ပြီးအဖိုးပိုင်ဆိုင်ခဲ့သည့် ခြံမြေကို ရဟန်းသံယာတော်များ သီတင်းသုံးရန် ပရိယတ္တိစာတင်တိုက်ဆောက်ဖို့ ပေးလှူခဲ့တယ်လို့ သိရပါတယ်။
မြေဧကက (၁)ဧက ကျော်ပြီး အဖိုးဝယ်ယူတုန်းက (၈)သိန်းခွဲ ကျခဲ့ပြီး လှူခါနီးတုန်းကသိန်း(၄၀)လာပေးဝယ်တာကို မရောင်းပဲ လှူပေးခဲ့တယ် လို့ဆိုပါတယ်။
ယခုမြေဈေးနဲ့ဆို သိန်းပေါင်းမနည်းတန်မှာပါ။ အခုတော့ အဖိုးဟာ အိမ်ဌားဘဝနဲ့နေပြီး သူတောင်းစား ဘဝခံယူကာ နေ့စဉ်အလှူခံရရှိတဲ့ငွေများအား စုဆောင်း ပြီး ဘုရားကိုသာ ပြန်လှူပေးနေတာပါ။
“မသေမချင်းလှူသွားမယ်…ကိုယ့်နောက်ပါမဲ့ ပရဟိတကုသိုလ်ပဲ ယူသွားတော့မယ်လို့လဲ” အဖိုးက ဆိုပါတယ်
အဖိုးက ခုလိုလှူပေးနေတာ အဖိုးကို အလှူငွေ ထည့်ပေးကြတဲ့ လူအားလုံးကို ကျေးဇူးဆပ်ရာရောက်ပါတယ်။
လှူပေး ကြတဲ့ အများပြည်သူအားလုံးလဲ ထပ်တူအကျိုးရကြပြီး အပယ်တံခါးပိတ်နိုင်ပါမည်ဟု အဖိုးကပြောဆိုခဲ့ပါတယ်။
သာဓု …. သာဓု …. သာဓု ပါ အဖိုးရေ …(မူရင်း ဇင်မိုး) အား လေးစားစွာဖြင့် ခရက်ဒစ် /
ကောင်းကင်ထက်က ကြယ်စင် {ကလေး} ထံမှ ပြန်လည်မျှဝေပါသည်။
Zawgyi
ရွိတဲ့ ေျမကြက္ကိုလည္း လႉၿပီးအျပင္ သူေတာင္းစားအမည္ခံၿပီး ေတာင္းရသမွ် ဘုရားထပ္လႉျပန္သည့္ ေလးစားဖြယ္ အဖိုးအို…
သူေတာင္းစားအမည္ခံၿပီး ေတာင္းရသမွ် (၆)သိန္းခြဲ လုံး ဘုရားမွာလႉခဲ့သည့္အဖိုးမွ ဒုတိယအႀကိမ္ေတာင္း ရသမွ် (၁၀)သိန္း ထပ္လႉျပန္ပါတယ္။
ပထမတႀကိမ္တုန္းကလည္း ကြၽန္ေတာ္အဖိုးအေၾကာင္းတင္ေပးခဲ့ဖူးပါတယ္။
(9.11.2022)ရက္ေန႔က အဖိုးဟာ သူေတာင္းရသမွ် ေငြ(၆)သိန္း(၅)ေသာင္းကို ျမဝတီၿမိဳ႕ ေ႐ႊျမင္းဝန္ဘုရား ဘက္စုံျပဳျပင္မြမ္းမံဖို႔အတြက္ အကုန္လႉေပးခဲ့ပါတယ္။
ယခု ဒုတိအႀကိမ္အျဖစ္ (1.12.2022)ရက္ေန႔တုန္းက ေတာင္းရမ္းရရွိတဲ့ ေငြ(၁၀)သိန္းလုံးကို ျမဝတီၿမိဳ႕ ေ႐ႊျမင္းဝန္ဘုရား ဘက္စုံျပဳျပင္မြမ္းမံႏိုင္ရန္အတြက္ ထပ္မံ လႉဒါန္းေပးခဲ့တယ္လို႔ သိရပါတယ္။
ႏွစ္ႀကိမ္ေပါင္း ဆိုေတာ့ (၁၆)သိန္း(၅)ေသာင္း လႉဒါန္းထားၿပီးပါၿပီး။
အဖိုးနာမည္ကေတာ့ – ဦးတင္ဝင္း အသက္ – (၇၇)ႏွစ္ ပါ။ အဖိုးအေၾကာင္း ထပ္သိရတာကေတာ့ အဖိုးဟာ လက္ရွိ ျမဝတီမွာ အိမ္ဌားဘဝနဲ႔ေနထိုင္ၿပီးအဖိုးပိုင္ဆိုင္ခဲ့သည့္ ၿခံေျမကို ရဟန္းသံယာေတာ္မ်ား သီတင္းသုံးရန္ ပရိယတၱိစာတင္တိုက္ေဆာက္ဖို႔ ေပးလႉခဲ့တယ္လို႔ သိရပါတယ္။
ေျမဧကက (၁)ဧက ေက်ာ္ၿပီး အဖိုးဝယ္ယူတုန္းက (၈)သိန္းခြဲ က်ခဲ့ၿပီး လႉခါနီးတုန္းကသိန္း(၄၀)လာေပးဝယ္တာကို မေရာင္းပဲ လႉေပးခဲ့တယ္ လို႔ဆိုပါတယ္။
ယခုေျမေဈးနဲ႔ဆို သိန္းေပါင္းမနည္းတန္မွာပါ။ အခုေတာ့ အဖိုးဟာ အိမ္ဌားဘဝနဲ႔ေနၿပီး သူေတာင္းစား ဘဝခံယူကာ ေန႔စဥ္အလႉခံရရွိတဲ့ေငြမ်ားအား စုေဆာင္း ၿပီး ဘုရားကိုသာ ျပန္လႉေပးေနတာပါ။
“မေသမခ်င္းလႉသြားမယ္…ကိုယ့္ေနာက္ပါမဲ့ ပရဟိတကုသိုလ္ပဲ ယူသြားေတာ့မယ္လို႔လဲ” အဖိုးက ဆိုပါတယ္
အဖိုးက ခုလိုလႉေပးေနတာ အဖိုးကို အလႉေငြ ထည့္ေပးၾကတဲ့ လူအားလုံးကို ေက်းဇူးဆပ္ရာေရာက္ပါတယ္။
လႉေပး ၾကတဲ့ အမ်ားျပည္သူအားလုံးလဲ ထပ္တူအက်ိဳးရၾကၿပီး အပယ္တံခါးပိတ္ႏိုင္ပါမည္ဟု အဖိုးကေျပာဆိုခဲ့ပါတယ္။
သာဓု …. သာဓု …. သာဓု ပါ အဖိုးေရ …(မူရင္း ဇင္မိုး) အား ေလးစားစြာျဖင့္ ခရက္ဒစ္ /
ေကာင္းကင္ထက္က ၾကယ္စင္ {ကေလး} ထံမွ ျပန္လည္မွ်ေဝပါသည္။
Be the first to comment on "ရှိတဲ့ မြေကွက်ကိုလည်း လှူပြီးအပြင် သူတောင်းစားအမည်ခံပြီး တောင်းရသမျှ ဘုရားထပ်လှူပြန်သည့် လေးစားဖွယ် အဖိုးအို…"