ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ကြော်ငြာ မော်ဒယ် ငြိမ်းမြတ်သူ ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
သူမဟာ သူလုပ်ကိုင်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးပြီး ရိုးသား ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။
သူမဟာ ယခုလို ကိုဗစ်ကာလမှာတော့ သူလုပ်ကိုင်လျက်ရှိတဲ့ အလုပ်တွေကို မရပ်နားပဲ ဆက်လက်လုပ်ကိုင်နေသူ တစ်ယောက်ပါ။
ကြော်ငြာတွေရိုက် photo model လုပ်ရင်း သူမကိုချစ်ခင်အားပေးတဲ့သူတွေကို သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း မျှဝေလေ့ရှိပါတယ်။
သို့ပေမယ့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူမဟာ အမျိုးမျိုး ဝေဖန်ခံနေ ရပါတယ်။
သူမကို အားပေးကြတဲ့ သူတွေလည်းရှိကြပါတယ်။
တစ်ခါတစ်လေ မကောင်းတဲ့ မှတ်ချက်တွေလည်း အပေးခံ ရပါတယ်။
တချို့ကျတော့လည်း ဟာသအနေနဲ့ စနောက်ကျီစယ် ကြတာလည်း မြင်တွေ့ရပါတယ်။
ဒါ့အပြင် ယခုအခါမှာလည်း ငြိမ်းမြတ်သူ ဟာ ချင်းပြည်နယ် ဟားခါးမြို့ရဲ့ ကိုယ်စားပြု အလှမယ် Crownရယူပိုင်ဆိုင်သွားပြီဖြစ်ေကြာင်း သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေလာခဲ့ပါတယ်။
သူမကတော့ ”#သမီးကြိုးစားနေဆဲပါရှင့်💪💪 ” ဆိုပြီး မျှဝေလာတာပဲ ဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ အမြဲလိုလို သူ့ရဲ့ မန့် အောက်မှာ ဝေဖန်နေကြပြီး share များဖြင့်လည်း မှတ်ချက်တွေ အပေးခံနေရပါတယ်။
အားပေးသူတွေကလည်း ဆက်လက်ပြီး အားပေးကြသလို တိုက်ခိုက်တဲ့ သူတွေဟာလည်း ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။
ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း သူမအတွက် မှတ်ချက်တစ်ခုခု ရေးခဲ့ကြပါဦးနော်။
ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Newsfeed Myanmar
Be the first to comment on "ချင်းပြည်နယ်ရဲ့ကိုယ်စားပြု Missတစ်ယောက်ဖြစ်တဲ့ အလှမယ် ငြိမ်းမြတ်သူ"