
အမြန်လမ်းပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင်

မနေ့က 9.1.2021ရက် ည(10:30)အချိန်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် အမျိုးသားတစ်ဦး မောင်းနှင်လာသော Alphard အဖြူရောင်ယာဥ်သည် အမြန်လမ်းမိုင်တိုင် 226အရောက် အတက်အဆင်း လမ်းပျောက်သည့်နေရာတွင် (​ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မ
ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအား အမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထားမှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့် ကီလို ၁၀၀အရှိန်ဖြင့် မောင်းနှင်လာသောယာဥ်မှာ သစ်လုံးကို ရသလောက်ရှောင်တိန်းရင်း ကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲ တိုက်လောက်ကွေး ကားအောက်ပိုင်း တစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့် လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှ ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ပါတယ်။ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား (၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် 230 အရောက်တွင် ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။

ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့် လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက်အကူအညီတောင်းလာပါသဖြင့် အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဥ် တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ် သွားရောက်ကူညီခဲ့ရပါသည်။

ည(12:00)နာရီအချိန်တွင် ကားပျက်နေသည့် အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီး မောင်းမရတော့သည့်ယာဥ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး အမျိုးသားနှစ်ဦး ကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ ကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါသည်။

လူကြီး မိဘများအနေဖြင့်လည်း အမြန်လမ်းပေါ်တွင် လူသားချင်း ကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက် အစုလိုက် အပြုံလိုက် မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြ တယ်ဆိုတာ သတိပေးရင်း အမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသော မိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ရပါသည်။

မိတ္ထီလာမြို့

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

မျိုးဆက်သစ်မြတ်ပါရမီအသင်း

09799204106 , 09402684996

🙏🙏🙏

*K3*သွေးသစ္စာထီလာမြေ

Be the first to comment on "အမြန်လမ်းပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ (အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင်)"

Leave a comment

Your email address will not be published.


*