အကျဉ်းထောင် ဆူပူမှုဖြစ်ပွားနေ

Breaking News—အကျဉ်းထောင် ဆူပူမှုဖြစ်ပွားနေ၊ လက်ရှိအချိန်ထိ သေနတ် ၇ ချက်ပစ်ဖောက်ထား

ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်ခရိုင်အကျဉ်းထောင်မှာ ယနေ့ (ဇန်နဝါရီလ ၆ ရက်နေ့) မနက်ပိုင်းက စတင်ပြီး ထောင်ဆူပူမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါယ်။

လက်ရှိအချိန်ထိ အခြေအနေထိန်းမရသေးတာကြောင့် အကျဉ်းထောင်တွင်းမှာ သေနတ်ပစ်ဖောက်သံတွေ ၇ ချက်လောက်ကြာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပထမရဲပဲလာတယ်။ ခုစစ်တပ်ကပါ Faw ကားနဲ့ရောက်လာတယ်။ သေနတ်သံက အားလုံးဆို ၇ ချက်လောက်ရှိပြီ ကြားရတော့ ညှိနေတုန်းထင်ပါတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်ဆူပူမှုဖြစ်ပွားရတဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ဧရာဝတီတိုင်းမ်အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။

ဒေသခံအများစုကတော့ ထောင်တွင်း မကြာခဏဆိုသလို နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်မှုတွေကြောင့် ခုလိုမျိုး ဆူပူမှုဖြစ်လာတာလို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ayeyarwaddy_Times

Unicode

Be the first to comment on "အကျဉ်းထောင် ဆူပူမှုဖြစ်ပွားနေ"

Leave a comment

Your email address will not be published.

*