၂၀၂၁ခုနှစ် သောကြာသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း

2021ခုနှစ်မှာသောကြာသားသမီးတွေဟာမနှစ်ကကံကြမ္မာညံ့ဖျင်းခဲ့ပေမယ့်ဒီနှစ်ကအဆိုးတွေတော်တော်လျော့ပါးသွားပြီဖြစ်ပါတယ်။မနှစ်ကအနေအထားကို ဆင်ခြင်သုံးသပ်ပြီးဤကာလများအတွင်း စီးပွားရေးလုပ်ငန်း များကိုသတိနှင့်ဆောင်ရွက်ရမည်။ အမှားနည်းအောင် လုပ်တတ်ဖို့အထူးလိုအပ်ပါတယ်။ စိတ်ကူးကောင်းတွေ၊ အတွေး ကောင်းတွေ ခေါင်းထဲကမထွက် တာမျိုးဖြစ်တတ်ပါတယ်။

တတ်နိုင်သမျှ တရားဓမ္မရှုမှတ်ခြင်းနှင့် အေး ချမ်း တဲ့နေရာမှာခဏတာအပန်းဖြေခြင်းမျိုးလုပ်ပြီး စိတ်ကိုဖြေလျော့ပေးဖို့လိုပါတယ်။ ရေလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာနှင့် နည်းပညာများဆောင်ရွက်ခြင်း၊ ထီးဖိနပ်၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စားသောက်ကုန် ပစ္စည်းများ ဖြန့်ချီခြင်းများ၊ စားသောက်ဆိုင်လုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ မုန့်မျိုးစုံလုပ်ငန်းများ အထူးအကျိုးပေးမည်။

ဒါအပြင်အမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့် ခြင်း၊ အလှကုန်ပစ္စည်း များ နှင့် ဖန်စီလုပ်ငန်းများ အထူး အကျိုးပေးမည်။ဒါပေမယ့်ဒီနှစ်က အများနဲ့စုပေါင်းလုပ်ကိုင်ရတာမျိုးတွေနဲ့ စပ်တူရှယ်ယာအလုပ်တွေကဒီနှစ်မှာ အားနည်း နေတာကိုတွေ့ရပါတယ်။ မိတ်ဆွေတွေနဲ့ တိုင်ပင်လို့ရတယ်။ ဒါပေမယ့် တွဲလုပ်လို့တော့မရတဲ့နှစ်လို့ ပြောချင်ပါတယ်။ဒီနေ့မှာခရီးဝေးကိစ္စတွေ ထင်သလောက်မကောင်းပါ။ နိုင်ငံရပ်ခြားရောက်နေသူတွေလုပ်ငန်းခွင် အတွင်းအနှိမ်ခံရတတ်ပါတယ်။ နိုင်ငံခြားသွားဖို့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အနည်းငယ်ကြန့်ကြာပြီးမှ သွားခွင့် ရတတ်ပါတယ်။ မိမိရည်မှန်းချက်များအတွက် အပျော်အပါး လိုက်စားမှုများ ရှောင်ကြဉ်ပေးပါ။

အထူးသဖြင့်လူငယ်တွေသတိထားရမယ်။အပေါင်းအသင်းမှား တတ်ပါတယ်။ ကောင်းတာလုပ်ဖို့ထက် မကောင်းတာလုပ်ဖို့တွန်းအားပေးတဲ့အပေါင်းအသင်းတွေကိုရှောင်တတ်ဖို့လိုပါတယ်။ အိမ်၊ ခြံမြေ၊ အဆောက် အဦး အသစ်များ ဝယ်မယ်ဆို နားလည်သူတွေနဲ့ တိုင်ပင်ပါ။ ချင့်ချိန်ပါ။အလုပ်နှင့်ပတ်သက်၍ နေရာဌာန ပြောင်းရွှေ့ ရ ခြင်း၊ မနေလိုတဲ့နေရာမှာနေထိုင်ရခြင်း ကြုံတွေ့ရနိုင်ပါသည်။ ဝန်ထမ်း၊လခစားများ အထူးသဖြင့်ငွေကြေး ကိုင် တွယ် ရသူများ ငွေစာရင်းတွေမှားနေတတ်ပါတယ်။ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် ရွေးချယ်တဲ့အခါ ကိုယ် ကျန်ခဲ့တာမျိုးတွေဖြစ်တတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းရှင်တွေကတော့ထူးခြားပါတယ်။ပင်မအလုပ်တွေထက် အရန် အလုပ်တွေ၊အခြားချဲ့ထွင်ထားတဲ့အလုပ်အသေးလေးတွေက ထူးထူးခြားခြားအောင်မြင်သွားနိုင်တာကို တွေ့ရ ပါ တယ်။

လုပ်ငန်းကိစ္စများအတွက် ဗုဒ္ဓဟူး၊ တနင်္လာ သားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးရ မည်။ ကြာသပတေး၊ စနေသားသမီးတို့ အကျိုးပေးမည်။ ကျန်းမာရေးတွင် အဖျားအနာရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ အဆစ်အမြစ်ကိုက်ခဲခြင်းရောဂါ၊ အသည်းနှင့်ပတ်သက်သော ရောဂါဝေဒနာများ ခံစားရတတ်သည်။ ကျန်းမာရေးအတွက်သတိပေးလိုသူများကတော့ အရက်ကိုမသောက်ရမနေနိုင်ဖြစ်နေသူများ ဒီနှစ်ကအဆိုးဆုံး ကျန်းမာရေး ညံ့စေလိမ့်မယ်။

အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကိုအလူးအလဲ ခံရနိုင်ပါတယ်။ ကိုယ်ဘာသာအရက်ကိုချိန်ဆသောက်ပါ။ အလွန်အကျူးမဖြစ်ရင် ရပါပြီ။ စီးပွားရေးကို အခြေပြုသောခရီးများ မကြာခဏ သွားလာရတတ်သည်။ လုပ်ငန်းကိစ္စနှင့် စပ်လျဉ်း၍ ကတိစကား လွဲတတ်ခြင်းကြောင့် စေ့စပ်သေချာ အောင် စီမံနိုင်မှသာ အောင်မြင်မှုရမည်။ အများနှင့် နားလည်မှု မလွဲအောင်ပြုမူဆက်ဆံသင့် သည်။မိသားစုအတွင်း လုပ်ကိုင်သောစီးပွားရေးလုပ်ငန်းများအကျိုးပေးမည်။သောကြာနံ အလုပ်အကိုင်တို့ အကျိုးပေး ညံ့နေမည်။

အချစ်ရေးတွင် မျှော်လင့်ထားသည့် ဖူးစာရှင်နှင့် တွေ့ရတတ်သည်။ဒါအပြင်အွန်လိုင်းကနေ ချစ်သူရတာမျိုး၊ အပေါင်းအသင်းတွေဝိုင်းလှော်ကြလို့ ချစ်သူရတာမျိုးတွေဖြစ်တတ်ပါတယ်။ချစ်သူရှိပြီးသား ချစ်သူစုံတွဲများ ကတော့ အသေးစားပြဿနာများကို အကျယ်ချဲ့၍ ပဋိပက္ခဖြစ်ခြင်းနှင့် လမ်းခွဲရခြင်းများ ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရှင် များ သာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘ၀ကိုတည်ဆောက်နိုင်သည်။ အိမ်ထောင်ရေး၌ သာယာချမ်း မြေ့ သော်လည်း အိမ်ထောင်ဘက်အတွက် ငွေကြေးကုန်ကျမှုများမည်။

နှစ်ဖက်ဆွေမျိုး သားချင်းများအတွက် ငွေကြေးနှင့် လူမှုရေးအပူသောကများ ဝင်လာတတ်သည်။အရာရာခေါင်းမာနေတဲ့ ပြောဆိုရခက်နေတဲ့အိမ်ထောင် ဘက်ကိုတော့ နားဝင်အောင်ပြောနိုင်ဖို့လိုပါတယ်။ ပညာရေးတွင် မိမိရည်မှန်းချက် အောင်မြင်မှုများ ဆွတ် ခူးနိုင်မည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင် အနှောက်အယှက်၊ အခက်အခဲများ ဝင်လာတတ် သည်။ ပညာရေးတွင် အထူးကောင်းမွန်၍ စက်မှုလက်မှုပညာ၊ ဆောက်လုပ်ရေးပညာ၊စစ်ဘက်နှင့် ဆေးဘက်ဆိုင်ရာပညာ၊စာရင်းအင်း ပညာများလေ့လာသင်ယူလို့ကောင်းတဲ့ နှစ်တစ်ခုပဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း….၁/၃/၉/၆

အကျိုးပေးအက္ခရာ….အ၊စ၊ည၊သ

အကျိုးပေးအရောင်…ကြက်သွေးရောင်၊ရောယှက်အရောင်၊သနပ်ခါးရောင်

တစ်နှစ်စာယတြာ….တတ်နိုင်သ၍ အောက်လက်ငယ်သားတွေ၊ကိုယ်အောက်ဝန်ထမ်းတွေကို ဆန်၊ဆီ ထောက်ပံ့ပါ။ နွမ်းပါးသူတွေကို….ဆေးလှူပါ။ လျှပ်စစ်ပစ္စည်းများ ဘုန်းကြီးကျောင်းတွေမှာလှူပေးပါ။

သောကြာသားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

09775555695

09445555695

Be the first to comment on "၂၀၂၁ခုနှစ် သောကြာသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း"

Leave a comment

Your email address will not be published.


*