ဂျိုးဘိုင်ဒန် အနိုင်ရရှိသည်ကို အသိအမှတ်ပြုသယောင် ပြောခဲ့သော်လည်း ရွေးကောက်ပွဲတွင် သူမရှုံးနိမ့်ဟု ဆိုပြန်

၂၀၂၀ ခုနွစ္၊ နို၀င္ဘာ လ၊ ၁၉ ရက္။

လက္ရွိ အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္က ေ႐ြးေကာက္ပြဲတြင္ ဂ်ိဳးဘိုင္ဒန္ အႏိုင္ရရွိသည္ကို ပထမဆုံးအႀကိမ္ အျဖစ္ အသိအမွတ္ျပဳ သေယာင္ေျပာ ဆိုခဲ့ၿပီးမွ ေ႐ြးေကာက္ပြဲတြင္ ၎မရႈံးနိမ့္ ဟု ထပ္မံေျပာဆိုခဲ့ျပန္သည္ဟု သိရသည္။

ေဒၚနယ္လ္ထရမ့္က တြစ္တာေပၚ၌ “ဂ်ိဳးဘိုင္ဒန္က မဲလိမ္လို႔ႏိုင္တာ” ဟု ေရး သားခဲ့ၿပီး တစ္နာရီ အၾကာ၌ ေ႐ြးေကာက္ပြဲ တြင္ ၎မရႈံးနိမ့္ဟု ဆိုခဲ့ျခင္းျဖစ္သည္။

အဓိက က်သည့္ျပည္နယ္မ်ားတြင္ တရား စြဲမႈေပါင္းမ်ားစြာ လုပ္ေဆာင္ထားေသာ္လည္း မဲမသမာမႈ အတြက္ သက္ေသ အေထာက္အထား မေတြ႕ရွိရသျဖင့္ တရားစြဲဆိုမႈမ်ားမွာ ေအာင္ျမင္မည္ မဟုတ္ဟု ယူဆရသည္။

ႏိုဝင္ဘာလ ၁၃ ရက္တြင္ ေ႐ြးေကာက္ပြဲ အာဏာပိုင္မ်ားက အေမရိကန္ သမိုင္းေၾကာင္းတြင္ မွန္ကန္မႈ အရွိဆုံး ေ႐ြးေကာက္ပြဲ ျဖစ္သည္ဟု ဆိုခဲ့သည္။ လက္ရွိ တြင္ ဂ်ိဳးဘိုင္ဒန္သည္ electoral college မဲ ၃၀၆ ခုရရွိထားၿပီး

အႏိုင္ရရွိရန္ လိုအပ္သည့္မဲ ၂၇၀ ထက္ ေက်ာ္လြန္ေနၿပီ ျဖစ္ကာ မည္သို႔ပင္ မဲမ်ားကို ျပန္လည္ ေရတြက္သည္ ျဖစ္ေစ ရလဒ္ကို ေျပာင္းလဲနိုင္မည္ မဟုတ္သည့္ အေျခအေန ျဖစ္သည္။

မည္သို႔ပင္ျဖစ္ေစ ေဒၚနယ္လ္ထရမ့္က ဂ်ိဳးဘိုင္ဒန္၏ ေအာင္ပြဲကို အသိအမွတ္ ျပဳရန္ ျငင္းဆန္ေနဆဲ ျဖစ္ၿပီး ယင္းသို႔ ျငင္းဆန္မႈသည္ ေရွ႕ဆက္သြားမည့္

အေမရိကန္ အစိုးရ၏ စြမ္းေဆာင္ရည္ႏွင့္ ျမင့္တက္လာေနေသာ COVID-19 ကူးစက္ ႏႈန္းကို ကိုင္တြယ္ ေျဖရွင္းေရး တို႔တြင္ စိုးရိမ္မႈမ်ား ျမင့္တက္လာေစသည္ဟု သိရသည္။

———–

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ လ၊ ၁၉ ရက်။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် အနိုင်ရရှိသည်ကို ပထမဆုံးအကြိမ် အဖြစ် အသိအမှတ်ပြု သယောင်ပြော ဆိုခဲ့ပြီးမှ ရွေးကောက်ပွဲတွင် ၎င်းမရှုံးနိမ့် ဟု ထပ်မံပြောဆိုခဲ့ပြန်သည်ဟု သိရသည်။

ဒေါ်နယ်လ်ထရမ့်က တွစ်တာပေါ်၌ “ဂျိုးဘိုင်ဒန်က မဲလိမ်လို့နိုင်တာ” ဟု ရေး သားခဲ့ပြီး တစ်နာရီ အကြာ၌ ရွေးကောက်ပွဲ တွင် ၎င်းမရှုံးနိမ့်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

အဓိက ကျသည့်ပြည်နယ်များတွင် တရား စွဲမှုပေါင်းများစွာ လုပ်ဆောင်ထားသော်လည်း မဲမသမာမှု အတွက် သက်သေ အထောက်အထား မတွေ့ရှိရသဖြင့် တရားစွဲဆိုမှုများမှာ အောင်မြင်မည် မဟုတ်ဟု ယူဆရသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် ရွေးကောက်ပွဲ အာဏာပိုင်များက အမေရိကန် သမိုင်းကြောင်းတွင် မှန်ကန်မှု အရှိဆုံး ရွေးကောက်ပွဲ ဖြစ်သည်ဟု ဆိုခဲ့သည်။ လက်ရှိ တွင် ဂျိုးဘိုင်ဒန်သည် electoral college မဲ ၃၀၆ ခုရရှိထားပြီး

အနိုင်ရရှိရန် လိုအပ်သည့်မဲ ၂၇၀ ထက် ကျော်လွန်နေပြီ ဖြစ်ကာ မည်သို့ပင် မဲများကို ပြန်လည် ရေတွက်သည် ဖြစ်စေ ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်သည့် အခြေအနေ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်နယ်လ်ထရမ့်က ဂျိုးဘိုင်ဒန်၏ အောင်ပွဲကို အသိအမှတ် ပြုရန် ငြင်းဆန်နေဆဲ ဖြစ်ပြီး ယင်းသို့ ငြင်းဆန်မှုသည် ရှေ့ဆက်သွားမည့်

အမေရိကန် အစိုးရ၏ စွမ်းဆောင်ရည်နှင့် မြင့်တက်လာနေသော COVID-19 ကူးစက် နှုန်းကို ကိုင်တွယ် ဖြေရှင်းရေး တို့တွင် စိုးရိမ်မှုများ မြင့်တက်လာစေသည်ဟု သိရသည်။

Be the first to comment on "ဂျိုးဘိုင်ဒန် အနိုင်ရရှိသည်ကို အသိအမှတ်ပြုသယောင် ပြောခဲ့သော်လည်း ရွေးကောက်ပွဲတွင် သူမရှုံးနိမ့်ဟု ဆိုပြန်"

Leave a comment

Your email address will not be published.


*