သိပ္ပံပညာရှင်တွေက ကြီးမားတဲ့ ဂြိုဟ်သိမ်များဟာ တစ်နေ့တွင် အနာဂါတ် အာကာသ ကိုလိုနီပြုသူများရဲ့ အိမ်ဖြစ်လာနိုင်တယ်ဟု သုံးသပ်ကြပါတယ်။
University of Rochester မှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ၎င်းတို့ခေါ်ဝေါ်သော “wildly theoretical paper” တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ကြီးမားသော မြို့တော် အရွယ်အစားရှိ အာကာသ နေထိုင်ရာများအဖြစ် တစ်နေ့တွင် မည်သို့အသုံးပြုနိုင်ကြောင်း အကျဉ်းချုံး ဖော်ပြထားပါတယ်။
သတင်းထုတ်ပြန်ချက်မှာ သီအိုရီနည်းအရ ကြီးမားပြီး လှည့်ပတ်နေသော ဂြိုဟ်သိမ်တစ်ခုနှင့် ကာဗွန် နာနိုဖိုင်ဘာများဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ဒုလုံးချွန် စက်လုံးကြီးများ ပုံစံဖြင့် ဖွဲ့စည်း တည်ဆောက်ထားမှုများ ပါဝင်ကြောင်း ရှင်းပြထားပါတယ်။
နာဆာရဲ့ ၁၉၇၀ ခုနှစ်များက ဒီဇိုင်းကို အခြေခံထားတဲ့ ဂြိုဟ်သိမ်မြို့တော်များ
သီအိုရီအသစ်က ၁၉၇၂ ခုနှစ်တွင် နာဆာမှ လူသားများ နေထိုင်နိုင်စေမည့် အာကာသ နေထိုင်ရာနေရာကို ဒီဇိုင်းထုတ်ထားပြီး ရူပဗေဒပညာရှင် Gerard O’Neill မှ တီထွင်ခဲ့သော “O’Neill ဆလင်ဒါ” ရဲ့ အယူအဆကို အခြေခံထားပါတယ်။
ပုံမှန်အားဖြင့် O’Neill ဆလင်ဒါက ဆလင်ဒါနှစ်ခုဖြင့် ဖွဲ့စည်းထားသော လည်ပတ်နေသော နေရာလွတ် တစ်ခုဖြစ်ပြီး ဆန့် ကျင် ဘက်သို့ လှည့်နေတာ ဖြစ်ပါတယ်။
ထိုဆလင်ဒါများက ဆွဲငင်အားအတုကို ဖန်တီးဖို့ လျင်မြန်စွာ လှည့်ပတ်နေတာ ဖြစ်ပါတယ်။
အဆိုပါ နည်းလမ်းသစ်ကို တီထွင်ခဲ့သော သိပ္ပံပညာရှင်များက စိတ်ကူးစမ်းသပ်မှုရဲ့ တစိတ်တပိုင်းအဖြစ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့က အာကာသထဲသို့ လွှတ်တင်လိုက်သော ပစ္စည်းအမြောက်အမြား မလိုအပ်သည့် အာကာသ နေထိုင်ရာ စိတ်ကူးကို တွေးတောခဲ့ကြတာ ဖြစ်ပါတယ်။
မန်ဟက်တန်အရွယ် ဂြိုဟ်သိမ် အာကာသ နေထိုင်ရာ နေရာ
သိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံး အယူအဆမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပုံသဏ္ဍန် အမြောက်အမြားဖြင့် အာကာသ အတွင်း လွတ် လွတ် လပ်လပ် ပျံသန်းနေသော ပစ္စည်းများကို အသုံးပြုဖို့ ဖြစ်ပါတယ်။
သို့သော် ပြဿနာတစ်ခုက ဂြိုဟ်သိမ်ဂြိုဟ်မွှားများက အာကာသနေရပ်တစ်ခုအတွက် လုံလောက်သော ဆွဲငင်အားကို ပေးစွမ်းနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင်၊ ၎င်းတို့က O-Neill ဆလင်ဒါ အယူအဆ ကဲ့သို့ ဆွဲငင်အားအတုကို ဖန်တီးဖို့ လုံလောက်တဲ့ လျှင်မြန်စွာ ပတ်ချာ လည် နေပါက အာကာသယာဉ်ကဲ့သို့ တည်ဆောက်ပုံဆိုင်ရာ ခိုင်မာမှုရှိရင် ကွဲထွက်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ပြဿနာအတွက် ဖြေရှင်းချက်မှာ “wildly theoretical” အပိုင်းက ပါဝင်လာပါတယ်။
သိပ္ပံပညာရှင်များက အချင်း ၃၀၀ မီတာရှိသော Bennu အရွယ်အစားခန့်ရှိသော ဂြိုဟ်သိမ်တစ်ဝိုက်မှာ ကာဗွန် နာနိုဖိုင်ဘာများဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ဆလင်ဒါပုံစံများဖြင့် ဝန်းရံပြီး နေရာလွတ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု ယူဆခဲ့ကြတာ ဖြစ်ပါတယ်။
ထို့နောက် ၎င်းတို့က ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွဲသွားသည့် အထိ လှည့်ပတ်သွားမှာ ဖြစ်ပြီး အာကာသ ကျောက်တုံးများမှ အ ပျက် အစီးအားလုံးကို နာနိုဖိုင်ဘာကွက်အတွင်း ဖမ်းမိမှာ ဖြစ်ပါတယ်။
ဒါမှသာ အာကာသ နေထိုင်ရာနေရာ တစ်ခုအတွက် အပြင်ပိုင်း ဖွဲ့စည်းပုံအဖြစ် အသုံးပြုနိုင်သည့် အပေါက်ရှိသော အပြင်ဘက်အလွှာကို ဖန်တီးမှာ ဖြစ်ပါတယ်။
အရေးကြီးတာက ဂြိုဟ်သိမ်အတွင်းအလွှာက ရောင်ခြည်ဖြာထွက်ခြင်းကို အကာအရံအဖြစ် လုပ်ဆောင်ပေးတာကြောင့် ဂြိုဟ်သိမ်ဂြိုဟ်သိမ်ကို လှည့်ပတ်ဖို့ အသုံးပြုသည့် ဆလင်ဒါကလည်း အာကာသနေထိုင်ရာတစ်ခုအတွက် အတွင်းမျက် နှာပြင်ပေါ်တွင် ဆွဲငင်အားအတုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်များရဲ့တွက်ချက်မှုများအရ၊ မီတာ ၃၀၀ အချင်းရှိသော ဂြိုဟ်သိမ်တစ်ခုဟာ ဘောလုံးကွင်း အနည်းငယ်မျှသာ ရှိသော လူနေထိုင် ဧရိယာ ၂၂ စတုရန်းမိုင်ခန့် ရှိတဲ့ ဆလင်ဒါ ပုံသဏ္ဍာန် နေရာ အဖြစ်သို့ ချဲ့ထွင် နိုင်တယ် ဟု ဆိုပြီး ဒါဟာ Manhattan ရဲ့ အရွယ်အစားလောက်ပဲ ရှိတယ်ဟု ဆိုပါတယ်။
သိပ္ပံစိတ်ကူးယဉ်ဝါသနာအိုးများကတော့ မကြာသေးမီက Andy Weir ရဲ့နောက်ဆုံးထွက်ဝတ္ထု ‘Project Hail Mary’ တွင် အသုံးပြုသည့် ထိပ်တန်းအာကာသနှင့်ပတ်သတ်သည့် အလားတူသဘောတရားကို ဖတ်ဖူးကြမှာပါ။
သိပ္ပံပညာမှာလည်း ပုံစံအမျိုးမျိုးဖြင့် ပိုမိုကြီးကျယ်ခမ်းနားသော အယူအဆများ ရှိနေတာ ဖြစ်ပါတယ်။
ယခုဆိုရင် အာကာသ တီထွင် ဆန်းသစ်မှုတွေဟာ အင်္ဂါဂြိုဟ်နှင့် ကျော်လွန်ပြီး နေထိုင်ရာ နေရာသစ် ရှာဖွေရေး ဆီသို့ ဦး တည်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် အနာဂတ်မှာ အာကာသသိပ္ပံရဲ့ လက်တွေ့ ကမ္ဘာနှင့် သိပ္ပံစိတ်ကူးယဉ် ပေါင်းစပ်မှုကို ပို၍မြင်လာတော့မှာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Unicode

Be the first to comment on "မန်ဟက်တန်အရွယ် ဂြိုဟ်သိမ်ကြီးများတွင် လူသားများ နေထိုင်နိုင်ဖို့ လုပ်ဆောင်နိုင်"