ချဲဂဏန်းကောင်းလို့… ရွာလုံးကျွတ်ချဲပေါက်

ထိုင်းနိုင်ငံမြောက်ပိုင်းက လန်းပန်းခရိုင်နဲ့ ခရိုင်ချင်းကပ်လျက်ဖြစ်တဲ့ ဖရဲ့ခရိုင်မှာ ဒီအပတ်ထွက်သွားတဲ့ထီနောက်ပိတ် ၃ လုံးဂဏန်းကိုတစ်ရွာလုံးလိုက်ထိုးရာက ရွာလုံးကျွတ်ပေါက်ကြရာ ဒိုင်ကမလျော်နိုင်တော့တာကြောင့်

ရုန်းရင်းဆံခတ်ဖြစ် ပွားခဲ့ကြောင်းသိရပါတယ်။ရွာလုံးကျွတ်ပေါက်ခဲ့ကြတဲ့ ချဲလျော်ကြေးစုစုပေါင်းဟာ ဘတ်ငွေ ၇၄ သန်းခန့်ထိရှိတယ်လို့သိရပါတယ်။ အဲဒီမှာမှ အချို့ဒိုင်တွေကတော့

ထက်ဝက်လျော်ပေးပေမယ့် ဒိုင်အတော်များများဟာမလျော်နိုင်ကြတာကြောင့် ရွာသားတွေဟာ ချဲဒိုင်တွေရဲ့အိမ်ကိုဝိုင်းထားကြရာမှရဲတွေသွားရောက်ဖြေရှင်းပေးခဲ့ရတယ်လို့သိရပါတယ်။

ရွာထဲကရွာသားတစ်ဦးဟာ ပါကျဲရိုးကားအသစ်ဝယ်ရာက ကားလိုင်စင်နံပါတ်ကိုလိုက်ထိုးကြတာဖြစ်တယ်လို့သိရပါတယ်။အဲဒီကစပြီး ချဲဂဏန်းဟာစတင်ပျံ့နှံ့ခဲ့ရာက ရွာလုံးကျွတ်ချဲပေါက်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာ ၆ လုံးထီကြီးသာတရားဝင်ဖြစ်ပေမယ့် အနယ်နယ်အရပ်ရပ်မှာ ၃ လုံးထီတွေဟာ နယ်မြေခံတွေရဲ့နားလည်မှု့နဲ့ရောင်းချနေကြတာပါ။

ထိုင်းအစိုးရကတော့ ၃ လုံးထီဖမ်းမိပါက ထောင်ဒဏ် ၃ နှစ်နှင့် ၅ ထောင်ထက်မကျော်တဲ့ ဒဏ်ငွေချမှတ်နိုင်ကြောင်းလည်းဥပဒေထားရှိထားပါတယ်။

Unicode

Credit

Be the first to comment on "ချဲဂဏန်းကောင်းလို့… ရွာလုံးကျွတ်ချဲပေါက်"

Leave a comment

Your email address will not be published.

*