ဘရော်နီကာဟာ ၂၀၂၂ခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံး World Muay Thai Organization Female Fighter Of The Year ဆုကို ရရှိခဲ့ပါတယ်။ အရင်က မြန်မာ့လက်ဝှေ့ထိုးသတ်ခဲ့တဲ့ ဘရော်နီကာဟာ ၂၀၂၂ခုနှစ်ကစတင်ကာ မွေ့ထိုင်းအားကစားနည်းမှာ စတင်ထိုးသတ်ခဲ့ပြီး ထိပ်တန်းအဆင့်ကို မြန်မြန်ဆန်ဆန်ပဲရောက်ရှိလာပါတယ်။
ဇန်နဝါရီလမှာ ထိုးသတ်ခဲ့တဲ့ ပထမဆုံးမွေ့ထိုင်းပွဲစဉ်မှာ အငြင်းပွါးဖွယ်ရာ ဒိုင်ဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက်မှာ ၉ပွဲဆက်တိုက် အနိုင်ယူပြခဲ့တယ်။ ဝါရင့်ဖိုက်တာ တစ်ယောက်ပြီး တစ်ယောက်ကို အနိုင်ယူကာ နောက်ဆုံးမှာ ထိုင်းဖိုက် ဘုရင့်ဖလားဆုကြီးကိုပါ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ဘရော်နီကာဟာ ထိုင်းဖိုက်နဲ့စာချုပ် ၂နှစ်ကျန်ပါသေးတယ်။ ဒါပေမဲ့ သူမလေ့ကျင့်နေတဲ့ Tiger Muay Thai Gym ကသူဌေးကတော့ One Chmapionship မှာလဲ ထိုးဖို့ ညှိနှိုင်းနေတယ်။ ညှိနှိုင်းလို့ မရရင်တော့ ထိုင်းဖိုက်မှာပဲ ဆက်ထိုးပါလိမ့်မယ်။ ထိုင်းဖိုက်နဲ့ စာချုပ်ပြည့်ရင်တော့ One Championship ကိုရောက်ဖို့များပါတယ်။
ဗယ်ရို ဝေါ်ရိုဂျီရာဝမ် (ထိုင်းနိုင်ငံအခေါ်) ဗယ်ရိုနီကာရဲ့ စွမ်းဆောင်ရည်ကိုဖော်ပြထားရာမှာ ၁၀ ကြိမ် ၁၀ပွဲထိုးသတ်ရာမှာ တပွဲသာအရှုံးကြုံခဲ့ရပြီး အဆိုပါအရှုံးပေးခဲ့ရသူ Dangkongfah ကိုလည်းဒုတိယအကြိမ် ဆုံတွေ့မှုမှာ ပြန်လည်အနိုင်ယူပြခဲ့ပါတယ်လို့ ရေးသားထားတာပါ။
အဲ့နောက်မှာတော့ ဗယ်ရိုနီကာဟာ WMO ရဲ့ ဘင်တန်ဝိတ်တန်းမှာ နံပါတ်(၁) ဖြစ်လာခဲ့ပါတယ်။ ThaiFight အဖွဲ့အစည်းနဲ့စာချုပ်ချုပ်ဆိုထားသူ ဗယ်ရိုနီကာဟာ အဆင့်မြင့်တိုက်ခိုက်ပွဲ (၈) ပွဲတွင်း (၅) ပွဲအလဲထိုးနိုင်သည်ထိ စွမ်းဆောင်နိုင်ခဲ့ပါပြီ။
၂၀၂၂ ခုနှစ်တွင်း (၉) ပွဲနိုင်ရလာဒ်ကောင်းနှင့်အတူ ထူးချွန်တဲ့ ဗယ်ရိုနီကာဟာ ထိုင်းတော်ဝင်မိဖုရား စုသီတာရဲ့ Thai Fight Kard Chuek 4 woman tournament ဖလားကြီးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီဆိုတဲ့ အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
Unicode

Credit
Be the first to comment on "၂၀၂၂ခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံး WMO Female Fighter Of The Year ဆုကိုရရှိခဲ့တဲ့ ဘရော်နီကာ"