ငယ်စဉ်က အသက်ဆုံးရှုံးနိုင်တဲ့ အခြေနေကနေကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့အချစ်တော် အဆိုတော်ကြီး မနော

ပရိသတ်ကြီးရေ မနောကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာသံသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တဲ့အထိ ထူးချွန်းတဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

မနောကတော့ ဒီနေ့မှာ ငယ်စဉ်က သူ့ရဲ့ အသက်အန္တရာယ်ထိခိုက်သွားနိုင်တဲ့ အခြေအနေတွေကနေ ကတင်ပေးခဲ့ဖူးတဲ့ အသက်သခင်ကျေးဇူးရှင်တစ်ယောက်ကို သွားရောက်ကန်တော့ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

“ကျွန်တော် နတ်ရေကန်ရွာမှာ နေတုန်းက တတိယတန်းကျောင်းသားဘဝ အသက် ဆယ်နှစ်ခန့်ပေါ့ဗျာ။ စာမေးပွဲဖြေသည့်ရက်မှာ တအားဖျားတယ်။ အိမ်ကနေခြေလျင်လာဖြေရတာပေါ့။ ကျနော့် အိမ်က ဘယ်သူမှကျောင်းလိုက်မပို့နိုင်ဘူး။ စား ဝတ် နေရေးအတွက်တစ်နေ့လုပ် တစ်နေ့စားဘဝတွေအတွက်ကတော့ ဖျားတာ နာတာဟာ သာမန်လိုဖြစ်နေတာပေါ့။

စာဖြေပြီးအပြန်လမ်းကိုမလျှောက်နိုင်တော့ဘူး အဲဒီအချိန် ယခုပုံထဲက ဒေါ်ကြီးအိမ်ရှေ့ခုံလေးပေါ်မှာ နားရင်းအဖျားတက်ပြီးအိပ်ပျော်သွားတာလားကိုမသိလိုက်ပါဘူး။ ပြန်နိုးလို့ ကြည့်လိုက်မှ ဒေါ်ကြီးတို့အိမ်ထဲ ကုတင်ပေါ်မှာ ဆနွင်းမှိုင်းခံပေးထားပြီး စောင်ခြုံကြီးနဲ့ဖြစ်နေတော့မှ ငါဘယ်ရောက်နေတာပါလိမ့်ဆိုပြီး ကြောင်တောင် တောင်ဖြစ်နေတာပေါ့။

အဲဒီတော့မှ ဒေါ်ကြီးက ငါ့တူတအားအဖျားတက်နေလို့တဲ့။ သနားလို့စေတနာဖြင့် ကုပေးထားတာ သိရတယ်” ဆိုပြီး အဖျားတွေတအားတက်ပြီး ဘာမှမသိတော့တဲ့အချိန်မှာ ဆေးကုသပေးခဲ့တဲ့ကျေးဇူးရှင်တွေဖြစ်တာကြောင့် ဖြူစင်သောစေတနာ မေတ္တာကို အလေးထားပြီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့ခဲ့တာပဲဖြစ်ပါတယ်တဲ့။ ပရိသတ်ကြီးရေ မနောရဲ့ ကျေးဇူးတရားကို သိတတ်တဲ့စိတ်ကတော့ လေးစားစရာပါပဲနော်။

Unicode

Credit

Be the first to comment on "ငယ်စဉ်က အသက်ဆုံးရှုံးနိုင်တဲ့ အခြေနေကနေကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့အချစ်တော် အဆိုတော်ကြီး မနော"

Leave a comment

Your email address will not be published.

*