ကမ္ဘာ့ ချန်ပီယံ ၉ ကြိမ်ရထားသူကို ဘရော်နီကာ အလဲထိုး အနိုင်ယူ
ဧရာဝတီ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ဂရိလက်ဝှေ့မယ်ကို သုံးချီမှာ အလဲထိုးအနိုင်ယူပြီး ထိုင်းဘုရင့်ဖလား ရ
ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အမျိုးသားအားကစားရုံ – National Stadium မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းမှာ ကျင်းပတဲ့ ထိုင်းဘုရင့်ဖလား – Thai Fight Royal Cup Champion ဖလားလုပွဲမှာ ဂရိလက်ဝှေ့မယ် Fani Peloumpi ကို သုံးချီမှာအလဲထိုးပြီး အနိုင်ရရှိသွားပါတယ်။
အသက်၂၆ နှစ်အရွယ် ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ တစ်ဖက် ပြိုင်ပွဲဝင် အသက် ၃၈ နှစ်အရွယ် ဂရိနိုင်ငံသူFani Peloumpi ဟာလည်း မွေထိုင်းပွဲပေါင်း တစ်ရာကျော် အတွေ့အကြုံရှိပြီး ကမ္ဘာ့ချန်ပီယံ ၉ ကြိမ် ရရှိထားတဲ့ မွေထိုင်းလောကရဲ့ အထင်ကရ ဖိုက်တာတစ်ယောက်ဖြစ်ပြီး သူ့ကို သုံးချီအလဲထိုးပြီး ဘရော်နီကာက အနိုင်ယူခဲ့တာပါ။
ပြိုင်ပွဲမစတင်မီကတည်းက ဒီပွဲမှာသူ့ကိုယ်သူ ၁၀၀ ရာခိုင်နှုန်းယုံကြည်တယ်လို့ ဘီဘီစီကိုဖြေကြားထားပြီးကယန်းအလံကိုခြုံပြီး ဖလားရယူမယ်လို့ပြောခဲ့တဲ့အတိုင်း ပြိုင်ဘက်ကိုအနိုင်ယူပြီးနောက် ကယန်းအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် ယနေ့ ကျင်းပသည့် ထိုင်းဘုရင့်ဖလားချန်ပီယံ (Thai Fight Royal Cup Champion) ဗိုလ်လုပွဲတွင် ပြိုင်ဘက် ဂရိနိုင်ငံသူ Fani Peloumpi အား ၃ ချီမြောက်တွင် ညာဝိုက်လက်သီးထိုးချက်ဖြင့် အလဲထိုးပြီး အနိုင်ရရှိသွားသည်။
ဘရော်နီကာသည် တာစထွက်ကတည်းက သုံးချီလုံး အသာစီးယူပြီးထိုးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂရိနိုင်ငံသူFani Peloumpi သည် မွေထိုင်းပွဲပေါင်း တရာကျော် အတွေ့အကြုံရှိပြီး ကမ္ဘာ့ချန်ပီယံ ၉ ကြိမ် ရရှိထားသူဖြစ်သည်။
ပွဲသို့လာရောက်ကြည့်ရှုသူများအနေဖြင့် ဘရော်နီကာ၏ ပုံရိုက်နှိပ်ထားသည့် အင်္ကျီများကို ဝယ်ယူအားပေးနိုင်ပြီး အဆိုပါ အင်္ကျီရောင်းရငွေဖြင့် စစ်ဘေးရှောင်များကို လှူဒါန်းသွားမည့်အကြောင်းကို ဘရော်နီကာက အသိပေးထားသည်။
ဘရော်နီကာသည် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က Thai Fight မှာ အာဂျင်တီးနားသူကို အနိုင်ယူခဲ့ပြီး ၇ ပွဲဆက်တိုက် အနိုင်ရရှိလာခဲ့ကာ ဒီပွဲအနိုင်ကြောင့် ယခုဒီဇင်ဘာလမှာ ကျင်းပတဲ့ Thai Fight ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
Unicode

Credit
Be the first to comment on "မြန်မာ့ဂုဏ်ဆောင်သူတစ်ဦး ထွက်ပေါ်လာပြီ…"