တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မဲရုံအဖွဲ့ဝင် စုစုပေါင်း ၆၀ ကျော် ကိုဗစ်ကူးစက်ခံရ









—————

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ လ၊ ၁၉ ရက်။

ရွေးကောက်ပွဲ ကာလအတွင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင်မှ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် အပါအဝင် မဲရုံအဖွဲ့ဝင် စုစုပေါင်း ၆၀ ကျော် ကိုဗစ်ကူးစက်ခံရကြောင်း

တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးရဲ့ သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာမှာ

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ကော်မရှင် အဖွဲ့ခွဲရုံးက သတင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ထိုသို့ထုတ်ပြန်ရာမှာ ပိုးကူးစက် ခံရသူများအနက် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၃၀ ဦး ကူးစက်ခံခဲ့ရပြီး ကုသဆဲ ၂၆ ဦး ဖြစ်ကာ ICU မှာ တစ်ဦး ကုသမှု ခံယူနေရတယ်လို့ သိရ ပါတယ်။

ဒါ့ပြင် ရွေးကောက်ပွ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်း ၈ ဦး ကူးစက်ခံခဲ့ရသလို ၄ ဦး ကုသမှု ခံယူနေဆဲဖြစ်ပြီး ICU မှာ ၂ ဦး ကုသမှု ခံယူနေသလို မဲရုံအဖွဲ့ဝင် ၃၃ ဦး ကိုဗစ်ကူးစက် ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့နောက် ရောဂါပိုး ကူးစက်ခံရသည့် အထက်ပါ ပုဂ္ဂိုလ်များနှင် ထိတွေ့ခဲ့သည့်မိသားစုဝင် ၁၂ ဦး လည်း ရောဂါ ကူးစက် ခံရခြင်းများ ရှိကာ ကူးစက်ခံရပြီး

စားရင်းတင်ပြရန် ကျန်ရှိခြင်း ထပ်မံဆင့်ပွားကူးစက်ခြင်းမှာ ရောဂါလက္ခဏာ မပြသေးခြင်းကြောင့် ကျန်ရှိခြင်းများ ရှိနိုင်တယ်လို့လဲ သိရပါတယ်။

Be the first to comment on "တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မဲရုံအဖွဲ့ဝင် စုစုပေါင်း ၆၀ ကျော် ကိုဗစ်ကူးစက်ခံရ"

Leave a comment

Your email address will not be published.


*