မုန်တိုင်း အထူးသတိပေးချက်၊ ၇၂ နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခု မိုးကြီးမည်

အိန္ဒိယနိုင်ငံမိုးလေဝသဌာနကြီး IMD က ယနေ့မြန်မာစံတော်ချိန် PM9:30AM(MMT) အိန္ဒိယနိုင်ငံ စံတော်ချိန် 8:30AM အချိန်မှာ မုန်တိုင်းအထူးသတိပေးချက်ကို ထုတ်ပြန်ကြေညာထားပါတယ်

အိန္ဒိယနိုင်ငံမိုးလေဝသဌာနကြီး IMD ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၈ ရက်နေ့မှာ Cyclonic storm mandous မုန်တိုင်းအဆင့်ထိအားကောင်းနိုင်တယ်လို့ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ယနေ့ ညနေ ၄ နာရီအချိန် မိုးဇလ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခု မိုးကြီးမယ်လို့ သိရပါတယ်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိပြီး ဒီဇင်ဘာ ၈ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာမည်ဟု မိုးဇလကထုတ်ပြန်ထားပါတယ်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးသည်းထန်စွာရွာသွန်းနိုင်ပြီး

နေပြည်တော်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုး သည်းထန်စွာရွာသွန်းမည်ဟု မိုးဇလကခန့်မှန်းထုတ်ပြန်ထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်၊ကမ်းလွန်ပင်လယ်ပြင်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နာရီလျှင် မိုင် (၄၀)အထိ မိုးသက်လေပြင်းများတိုက်ခတ်မည်ဟု အသိပေးထုတ်ပြန်ထားပါတယ်

မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးနှိုးဆော်ထားပါတယ်။

Unicode

Credit

Be the first to comment on "မုန်တိုင်း အထူးသတိပေးချက်၊ ၇၂ နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခု မိုးကြီးမည်"

Leave a comment

Your email address will not be published.

*