စတီးဇလုံဘုရား၊ တီဗီစေတီနဲ့ အခု ထပ်ပေါ်လာတဲ့ ဝိုင်ပုလင်းစေတီတို့ကို ကန်တော့လို့ ရ၊မရ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ…

စေတီတည်တယ်ဆိုတာ တင့်တယ်ခန့်ညားစေတဲ့ အရာနဲ့ တည်ရတယ်။ အုတ်အဆောက်အဦးက သရီရဓာတ်တော်တွေထားရာ စေတီဃရ- စေတီအိမ်ပဲဖြစ်တယ်။

ဓာတ်တော်ကို အရက်ပုလင်းခွံ ဝိုင်ပုလင်းခွံ ထည့်ထားလို့မှ မတင့်တာ။ TV ထဲ ထည့်ထားလို့မှ မတင့်တယ်တာ။

ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွါးဆင်းတုတော်တွေကို ထုလုပ်ကြတဲ့အခါ ဘုရားရှင်ရဲ့ ရူပကာယတော်နဲ့ နီးစပ်နိုင်သမျှ နီးစပ်အောင်ထုလုပ်ပြီး ကြည်ညိုဖွယ်အသွင်ဖြစ်အောင် ထုလုပ်ကြရတယ်။

ဇလုံတွေ ရုပ်ပွါးတော်မှာ တပ်ထားတာက အမြင်လည်း မတင့်တယ်ဘူး။ ကြည်ညိုဖွယ်ကိုလည်း မဆောင်ဘူး။

ထူးရင်ပြီးရော ဆန်းရင်ပြီးရော လုပ်ရင်လည်း တကယ်ထူး တကယ်ဆန်းအောင် လုပ်ပေါ့။ အခုက မထူးမဆန်း ရူးနှမ်းနှမ်းစိတ်တွေနဲ့ မတင့်တယ်လုပ်နေကြတာ။ (မိုးသု-မန္တလေး)

မြန်မာနိုင်ငံက သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရ ဦးစီးဆောင်ရွက်ကာ အီတလီနိုင်ငံ ကာလာဘရီယာပြည်နယ်၊ ချင်ကွီဖရန်ဒီမြို့ ရဲ့ သဘာဝတရားရိပ်သာဝင်း အတွင်းမှာပုလင်းစေတီ ကို တည်ထားကိုးကွယ်ထားတယ်လို့သိရပါတယ်။

ပုလင်းစေတီ တည်ထားရတဲ့ ရည်ရွယ်ချက်ဟာ အီတလီသဘာဝတရားရိပ်သာရဲ့ အိမ်ရှင်အဟောင်း ကိုယ်တိုင်ဝိုင်ချက်လုပ်သူဖြစ်တာကြောင့် ဝိုင်ထည့်ဖို့ထားတဲ့ပုလင်းတွေကို အိမ်ရဲ့မြေအောက်ခန်းမှာထားခဲ့ရာကနေ အဲဒီပုလင်းတွေကို အသုံးပြန်ချဖို့စဉ်စားမိပြီး ပုလင်းစေတီတည်ဖို့ ဖြစ်လာတယ်လို့သိရပါတယ်။

“တရားသဘောအရ ဘာဖြစ်တယ်ဆိုတာထက် ပြုလုပ်တဲ့အကြောင်းတရားက ပိုတန်ဖိုးရှိတယ်။ အရက်ထည့်သောက်ရင် အရက်ခွက်ပေါ့ ရေထည့်သောက်ရင်ရေခွက်ပေါ့ ။ ကိုယ်သုံးတဲ့အပေါ် မူတည်ပြီး တန်ဖိုးကကွာခြားသွားတာပေါ့။

နဂိုကဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ပစ္စုပ္ပန် မှာ ဘာဖြစ်တယ်ဆိုတာထက် ပြုလုပ်တဲ့အကြောင်းတရားက ပိုပြီးတော့ တန်ဖိုးရှိတယ်။

ဒီစေတီ က ဘုရားကျောင်းကန်တွင်းမှာရှိတယ်။ သိမ်သမုတ်ထားပြီးဖြစ်တယ်။ ပူဇော်ထိုက်တယ်လို့ ” သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ က မီဒီယာကို မိန့်ကြားထားပါတယ်။

ပုလင်းစေတီကို ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန် က ထီးတော်တင်ခဲ့ပြီး ဝိုင်ပုလင်းပေါက်း ၁၂၄၇လုံးနဲ့ စေတီတည်ထားကာ ပုလင်းစေတီရဲ့အတွင်းပိုင်းမှာ

ရွှေတိဂုံစေတီ ပုံတော် အသေးလေးနဲ့ ကျိုက်ထီးရိုးစေတီပုံတော် အသေးလေးတွေပါဝင်တဲ့ စေတီငယ်လေးတွေကို အတွင်း ဌာပနာထားကာ ပုလင်း တွေကိုဆင့်ပြီး တည်ထားတယ်လို့ ဆိုပါတယ်။

Unicode

Credit

Be the first to comment on "စတီးဇလုံဘုရား၊ တီဗီစေတီနဲ့ အခု ထပ်ပေါ်လာတဲ့ ဝိုင်ပုလင်းစေတီတို့ကို ကန်တော့လို့ ရ၊မရ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ…"

Leave a comment

Your email address will not be published.

*