ကားပျံတွေ ၊ Jetpack အသုံးပြုပြီး ပျံသန်းနိုင်သော လူ (လူပျံ)တွေဟာ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေပြီဖြစ်ပါတယ်။ ဆိုင်ကယ်ပျံတွေလည်း လမ်းကြောင်းပေါ် ရောက်လာရမှာပေါ့။
ကလီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jetpack Aviation ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားသော Speeder ဆိုတဲ့ ပျံသန်းနိုင်သောဆိုင်ကယ်ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။
Jetpack Aviation ဟာ Speeder ဆိုင်ကယ်ပျံအတွက် လိုအပ်တဲ့ပျံသန်းမှုဆိုင်ထိန်းချုပ်ဖို့ ၎င်းတို့ရဲ့ကိုယ်ပိုင် ဆော့ဝဲပရိုဂရမ်တွေကို စောင့်ကြည့်ရန်နှင့် တွန်ကန်အားကိုချိန်ညှိရန်တို့ကို
၁၈ လကြာစမ်းသပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ပထမဆုံး ဆိုင်ကယ်ပျံရှေ့ပြေးပုံစံကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ တာပဲဖြစ်ပါတယ်။
Speeder ဆိုင်ကယ်ပျံ ရှေ့ပြေးပုံစံ
၎င်းဆော့ဝဲများဟာ Speederကို လေပေါ်တွင် ပျံသန်းနေစဉ်အလိုအလျောက်တည်ငြိမ်စေပြီး မြေပြင်ပေါ်သို့ဆင်းသက်ရာတွင် ပုံမှန်မော်တော်ဆိုင်ကယ်အဖြစ် လုပ်ဆောင်ရန်ခွင့်ပြုထားပါတယ်။
ကုမ္ပဏီဟာ ဆိုင်ကယ်ပျံကို နေ့စဉ်အသုံးပြုသူများအတွက် ပုံစံနှစ်မျိုးနဲ့ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ အလွန်ပေါ့သောပုံစံနှင့် နောက်ပုံစံတစ်ခုကတော့ စမ်းသပ်နေဆဲဖြစ်ပါတယ်။
အလွန်ပေါ့ပါးသောပုံစံမှာတော့ FAA ရဲ့ ကန့်သတ်ထားတဲ့ဉပဒေကြောင့် တစ်နာရီကိုမိုင် ၆၀ နှုန်းနှင့် ပျံသန်းချိန်ကတော့ ၁၅ မိနစ်ပါ။ ပိုင်းလော့လိုင်စင်တော့ မလိုအပ်ပါဘူး။ စမ်းသပ်နေဆဲ ပုံစံမှာတော့
ပျံသန်းဖို့အတွက် အခြေခံပိုင်းလော့လိုင်စင် လိုအပ်ပါတယ်။ ဒီဗားရှင်းမှာတော့ ပျံသန်းချိန် ၃၅ မိနစ်ခန့်နှင့်အတူ အမြန်နှုန်းကတစ်နာရီကို မိုင် ၂၅၀ နီးပါးနှုန်းဖြင့် ပျံသန်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
Speeder ဆိုင်ကယ်ပျံရဲ့မူလဒီဇိုင်းတွင် တာဘိုင်ဂျက်အင် ၄ လုံးတပ်ဆင်ထားသော်လည်း နောက်ဆုံးထုတ်လုပ်မှုမှာတော့ ပိုပြီးဘေးကင်းလုံခြုံမှုရှိရန် အင်ဂျင် ၈ လုံးကို ဆိုင်ကယ်ရဲ့ ထောင့်လေးထောင့်မှာ ထောင့်တစ်ခုစီတွင် ၂ လုံးစီတပ်ဆင်ထားမှာဖြစ်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ပေါင် ၃၀၀ ခန့်ရှိသော Speeder ဟာ ပေါင် ၆၀၀ သယ်ဆောင်နိုင်ပြီး ထိန်းချုပ်ဖို့လက်ကိုင်၊ ၁၂ လက်မရှိတဲ့ လမ်းကြောင်းပြမျက်နှာပြင်တစ်ခုနှင့် ရေဒီယို စနစ်များလည်း ပါရှိမှာဖြစ်ပါတယ်။
အဆင့်မြင့်တင်ထားတဲ့ Speeder 2.0 ဗားရှင်းရဲ့ ရှေ့ပြေးပုံစံကိုလည်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင်စမ်းသပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ဆိုပါတယ်။ နောက်ပိုင်းစမ်းသပ်ထုတ်လုပ်မှုများတွင် ၁၀၀ ရာခိုင်နှုန်း ကာဗွန်ထုတ်လွတ်မှုမရှိတဲ့ လောင်စာကိုအသုံးပြုဖို့လည်း ရည်ရွယ်ထားပါတယ်။
Speeder ဆိုင်ကယ်ပျံရှေ့ပြေးပုံစံ
အနာဂါတမှာ စစ်တပ်နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများအတွက် အသုံးပြုနိုင်မည့်ဒီဇိုင်းပုံစံတွေပါ ထုတ်လုပ်မည်ဟုဆိုပါတယ်။ ၎င်းဗားရှင်းမှာတော့ အကွာအဝေးတိုးမြှင့်ပျံသန်းနိုင်ဖို့၊
မီးငြိမ်းသတ်ဖို့၊ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ပစ္စည်းမျာ သယ်ဆောင်သိုလှောင်ဖို့ သို့မဟုတ် ဒဏ်ရာရခရီးသည်များ သယ်ဆောင်ဖို့အတွက် ဖြုတ်နိုင်တပ်နိုင်သော အတောင်ပံများ ပါရှိမှာဖြစ်ပါတယ်။
ကုမ္ပဏီဟာ Speeder ဆိုင်ကယ်ပျံအတွက် ကနဦးဈေးနှုန်းကို ဒေါ်လာ ၃၈၁,၀၀၀ သတ်မှတ်ထားပြီး ကြိုတင်မှာယူမှုများကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ ၂၀၂၃ မှာစတင်ဖြန့်ဖြူးဖို့ စီစဉ်ထားပါတယ်လို့ဆိုပါတယ်။
Unicode

Credit
Be the first to comment on "ကမ္ဘာ့ပထမဆုံးဆိုင်ကယ်ပျံ 2023 တွင်ရောင်းချမည်"