ကိုယ်တွေ့ ကြုံရတဲ့ ဖြစ်ရပ် မြန်မာနိုင်ငံမှာ ဆိုင်ကယ်သူခိုး လုံးဝမရှိတဲ့မြို့
ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကတော့ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ထဲက နောင်မွန်ရွာကလေးမှာ သူခိုးလုံးဝ မရှိကြောင်း သက်သေပြလိုက်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
လတ်တလောကာလမှာ မြန်မာနိုင်ငံတဝှမ်းမှာ သူခိုးသူဝှက်များ၊ အထူးသဖြင့် ဆိုင်ကယ်သူခိုးများ အရမ်း ပေါများနေချိန်မှာ နောင်မွန်မြို့မှာတော့ ဆိုင်ကယ်သူခိုး လုံးဝ မရှိတဲ့အကြောင်း ကိုယ်တွေ့ကြုံခဲ့သူတဦးက ရေးသားထားမှုကို ပြန်လည် ဖော်ပြလိုက်ပါတယ်-
မြန်မာနိုင်ငံမှာ သူခိုးလုံးဝမရှိတဲ့မြို့ကို ဖော်ပြပါဆိုရင် နောင်မွန်မြို့နယ်ကို ဖော်ပြရမှာပါ။ ဆိုင်ကယ်အစီးရေ ရာနဲ့ချီလမ်းဘေးမှာ ဒီတိုင်းထားထားတယ်။ တစ်စီးမှ ပျောက်တယ်ဆိုတာမရှိသလို ခိုးတဲ့သူလဲ တယောက်မှမရှိပါဘူး။ အရမ်းကိုအေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ (M Sai)
နောင်မွန်ရွာဟာ ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၌ တည်ရှိတာ ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နောင်မွန်ကျေးရွာအုပ်စုတွင် ကျား ၅၈၄၀ ဦး၊ မ ၅၇၁၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၅၅၆ ဦး နေထိုင်လျက် ရှိပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် သုံးစွဲသူအချို့ကလည်း ဆိုင်ကယ်သူခိုး မရှိတဲ့ မြို့ မြန်မာပြည်မှာ မရှိကြောင်း၊ ယခုလို ခေတ်ပျက်ကြီးထဲမှာ သူခိုး မရှိဘူးဆိုတဲ့ မြို့ရွာဆိုတာ ဘယ်လိုမှ မရှိနိုင်ကြောင်း၊ နောင်မွန်သားတွေကို သေချာမေးကြည့်သင့်ကြောင်း ဝေဖန်နေကြတာ ဖြစ်ပါတယ်။
Unicode

Credit
Be the first to comment on "ကိုယ်တွေ့ ကြုံရတဲ့ ဖြစ်ရပ် မြန်မာနိုင်ငံမှာ ဆိုင်ကယ်သူခိုး လုံးဝမရှိတဲ့မြို့"