အောင်လရဲ့နောက်ပွဲဖြစ်လာမယ့်အချိန်ကို ဖွင့်ဟလာတဲ့ ချက်ထရီ

မြန်မာကိုယ်စားပြုဖိုက်တာကြီး အောင်လအန်ဆန်းသည် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ဂျပန်ဝါရင့်ဖိုက်တာကြီး ယူရှင်အိုကာမီကို ရင်ဆိုင်ထိုးသတ်ခဲ့ပြီး 2022 ခုနှစ်ကို အနိုင်ရလဒ်ဖြင့် နှုတ်ဆက်နိုင်ခဲ့ပြီဖြစ်သည်။

အောင်လအန်ဆန်းသည် သူ့ရဲ့ချန်ပီယံခါးပတ်များကို ဆုံးရှုံးပြီးချိန်မှစ၍ ပွဲထိုးရတဲ့အကြိမ်အရေအတွက်ဟာ သိသိသာသာနည်းပါးသွားခဲ့ပြီး တစ်နှစ်အတွင်းမှာ 2 ပွဲလောက် ထိုးသတ်ခွင့်ရဖို့တောင် မနည်းကြိုးစားနေရတာ ဖြစ်ပါတယ်။

ယခု 2022 ခုနှစ်ရဲ့ အစောပိုင်းမှာတော့ အောင်လအန်ဆန်းဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်းတစ်ဦးဖြစ်တဲ့ ဗစ်တလီ ဘစ်ဒက်ရှ်နဲ့ ချန်ပီယံခါးပတ်လုခွင့်အဆုံးအဖြတ်အဖြစ် ရင်ဆိုင်ထိုးသတ်ခဲ့သော်လည်း ရှူံးနိမ်ခဲ့ပါတယ်။

အောင်လဟာ အဆိုပါပွဲအပြီးနောက် 8 လကျော် 9 လလောက်မှ ဒုတိယပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။ ယခုထိုးသတ်ခဲ့တဲ့ အိုကာမီနဲ့ပွဲမှာ အောင်လအန်ဆန်းဟာ အနိုင်ရရှိခဲ့တာကြောင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရဖို့ လှေကားထစ်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။

အောင်လတို့တွဲဆိုင်းပါဝင်တဲ့ One 163 ပြိုင်ပွဲကို ONE Championship ရဲ့ CEO ချက်ထရီက လာရောက်ကြည့်ရှုခဲ့ပြီး အောင်လပွဲပြီးနောက် စင်အောက်တွင် လာမည့်ဇန်နဝါရီလမှာ အောင်လအန်ဆန်းကို နောက်ပွဲစီစဥ်ပေးမယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေရဲ့အချစ်တော်ကြီး အောင်လအန်ဆန်းရဲ့နောက်ပွဲဟာ အချိန်အများကြီးစောင့်စရာမလိုတော့ဘဲ နောက် 2 လဝန်းကျင်လောက်မှာ ထပ်မံကြည့်ရှုရမည်ဖြစ်ပြီး အောင်လရဲ့နောက်ပြိုင်ဘက်က ဘယ်သူဖြစ်မလာဆိုတာ အားလုံးအတူတကွ ရင်ခုန်စွာဖြင့် စောင့်ဆိုင်းလိုက်ရအောင်။

Unicode

Credit

Be the first to comment on "အောင်လရဲ့နောက်ပွဲဖြစ်လာမယ့်အချိန်ကို ဖွင့်ဟလာတဲ့ ချက်ထရီ"

Leave a comment

Your email address will not be published.

*