ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်…

ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်

နေတု (Sundog)

ကျနော်တို့ နေထိုင်တဲ့ နေအဖွဲ့အစည်းမှာ နေ ဆိုတဲ့ မိခင်ကြယ်ဟာ တစ်လုံးတည်းသာရှိပါတယ်။

အကယ်၍ နှစ်လုံး သုံးလုံး မြင်နေရပြီဆိုလျှင်တော့.. နေတု များသာ ဖြစ်ပေလိမ့်မည်။

နေတု ကို အင်္ဂလိပ်လို Sundog, Mock sun (သို့မဟုတ်) Parhelion လို့ ခေါ်ကြပါတယ်။

၂၀၂၂ခု နိုဝင်ဘာလ ၂၅ ရက်နေ့မနက်က ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ကြလို့

အာကာသနှင့် စကြဝဠာ သင်ထောက်ကူ စာမျက်နှာမှာ လာရောက် မေးမြန်းထားကြပါတယ်။

တကယ်တော့.. နေတုများဟာ ကြည့်ရှုသူနေရာကကြည့်လျှင် မူလနေရဲ့ ၂၂ ဒီဂရီ အကွာအဝေးလောက်မှာ ရှိနေတတ်ကြပါတယ်။

ဒါဟာ ကမ္ဘာ့လေထုထဲမှာ ရှိနေတဲ့ မှန်ချပ်လို ရေခဲမှုန်လေးများရဲ့ အလင်းပြန်မှု၊ အလင်းယိုင်မှုကြောင့် ဖြစ်ရပါတယ်။

ရေမှုန်ရေခဲများဟာ မိုးရွာပြီးစ (သို့မဟုတ်) မိုးရွာသွန်းမည့် တိမ်တိုက်ထဲမှာ ရှိနေကြပါတယ်။

မိုးလေဝသအခြေအနေကို ပြန်ကြည့်လိုက်တော့.. ကပ္ပလီပင်လယ်ပြင်မှာ အခုရက်ပိုင်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေပြီး တိမ်အသင့်အတင့် ထူထပ်ကာ မြန်မာပြည် တောင်ဘက်ခြမ်းက မွန်၊ တနင်္သာရီကမ်းရိုးတန်းတလျောက် မိုးရွာသွန်းလျက် ရှိနေပါတယ်။

ဒီတော့.. သုံးသပ်ကြည့်လျှင် လေထုထဲ ရေခိုးရေငွေ့တွေ တည်ရှိနေတဲ့ ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုဖြစ်စဉ် ပေါ်လာခြင်းက ဆန်းလိမ့်မည် မထင်ပါ။

နေထီးဆောင်းခြင်း၊ နေတုပေါ်ထွက်ခြင်း၊ သက်တံဖြစ်ပေါ်ခြင်းတို့ဟာ နေရဲ့ အလင်းရောင်နဲ့ လေထုထဲက အလင်းပြန်နိုင်တဲ့ ရေမှုန်ရေခဲတွေ ထိတွေ့ခြင်းကြောင့် ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်များသာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေကို အခြေခံပညာ အလယ်တန်း သိပ္ပံသင်ခန်းစာများမှာ ပရစ်စင် (သုံးမြှောင့်ဖန်တုံး) ဖြင့် လက်တွေ့စမ်းသပ်ပြီး ကျနော်တို့ လေ့လာသင်ယူခဲ့ကြပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Unicode

Be the first to comment on "ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်…"

Leave a comment

Your email address will not be published.

*