“လမ်းခင်းတဲ့ ကျောက်ထဲမှာ ရွှေတွေပါတယ်ဆိုပြီး လူတွေ လာကောက်ယူနေကြ”

တာချီလိတ်၊ နိုဝင်ဘာ ၂၀

တာချီလိတ်မြို့တွင် ဖောက်လုပ်နေသည့် မြို့ရှောင်လမ်းသစ်၌ ခင်းထားသည့် ကျောက်မှုန်များထဲတွင် ရွှေပါဝင်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၀ရက် နံနက်ပိုင်းမှ စတင်ကာ လူအများ လာရောက်ကောက်ယူလျှက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက် နံနက်ပိုင်းမှ စတင်ကာ ညနေပိုင်းအထိ လူအများ လာရောက်ကောက်ယူလျှက်ရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ကျောက်မှုန်လေးတွေထဲမှာ လက်လက် လက်လက်နဲ့ သတ္တုလေးတွေပါတယ်။ အဲဒါကို ရွှေဆိုပြီး ကောက်နေကြတာပဲ။ ဘယ်သူက စလဲတော့မသိဘူး” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ရှောင်လမ်းကို ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ခင်းခဲ့ခြင်း ဖြစ်ပြီး အရှည် ၆ကီလိုမီတာကျော် ရှိသည့်အနက် ၄ကီလိုမီတာ ခင်းပြီး ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါခင်းပြီးသည့် ၄ကီလိုမီတာပေါ်တွင် မဂ္ဂနိစ် သတ္တုထုတ်လုပ်ရေးမှ ထွက်သည့် စွန့်ပစ်ကျောက်မှုန်များ ခင်းထားခြင်းဖြစ်ကြောင်း သိရသည်။

MK – 001

#MeKongNews

Unicode

Be the first to comment on "“လမ်းခင်းတဲ့ ကျောက်ထဲမှာ ရွှေတွေပါတယ်ဆိုပြီး လူတွေ လာကောက်ယူနေကြ”"

Leave a comment

Your email address will not be published.

*