အင်းစိန်ထောင်ဝန်ထမ်းတွေ ထွက်ပြေး

အင်းစိန်ထောင်ဝန်ထမ်း(၃၀) နီးပါးထွက်ပြေး

ရန်ကုန် – နိုဝင်ဘာ(၂၂)

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃၀) နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြတယ်လို့ အကျဉ်းထောင် ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သူတို့တွေဟာ ထွက်စာတင်ထားတဲ့သူတွေရှိသလို တချို့ကတော့ ကျောင်းတက်မယ်ဆိုပြီး အပြင် ထွက်သွားချိန်မှာ ပြန်မလာကြတော့တာဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ထမ်းမိသားစုနဲ့ ရှေ့နေဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာ တွေ့တယ်။ အဲ့ဒီနားမှာ စ-စ်တ-ပ်ကလူတွေစောင့်နေတာ သူတို့ထိုင်တဲ့နားဆိုတော့ ပုံတော့ ရိုက်မရဘူး” လို့ အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အင်းစိန်ထောင်ကနေ တာဝန် မထမ်းဆောင်လိုတော့တဲ့အတွက် ထွက်ပြေးသွားတဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးဝန်ထမ်းတွေလဲပါဝင်တယ်လို့ သူက ပြောပါသေးတယ်။

ဝန်ထမ်းထွက်ပြေးတဲ့ စာရင်းတွေကို နိုဝင်ဘာလ(၁၉) ရက်နေ့မှာ စတင်ကပ်ထားတာ ဖြစ်ပြီး ထွက်ပြေးသွားတဲ့သူတွေ ဝန်ထမ်းအိမ်ယာကိုပြန်လာရင် အကြောင်းကြားဖို့လည်း ထောင်အ ာဏာ ပိုင်တွေနဲ့ စ-စ်ကေ-ာင်စီက အသိပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စ-စ်တ-ပ်အ-ာဏ-ာသိမ်းပြီးနောက်ပိုင်း စ-စ်ကေ-ာင်စီလက်အောက်မှာ တာဝန်မထမ်း ဆောင်လိုတဲ့ ဝန်ထမ်းတွေဟာ အကြ-မ်းမဖက်အ-ာဏ-ာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်လာတာ သိန်းနဲ့ချီရှိနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အချက်အလက်တွေအရသိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်

Unicode

Credit

Be the first to comment on "အင်းစိန်ထောင်ဝန်ထမ်းတွေ ထွက်ပြေး"

Leave a comment

Your email address will not be published.

*