ဘတ် (၆) သန်းထီပေါက်ပြီးတဲ့နောက် ဇနီးက ငွေတွေထုတ်ကာ နောက်ဘဲတယောက်နဲ့ ထွက်ပြေး

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးမှာ ဘတ် ၆ သန်းထီပေါက်ပြီးတဲ့နောက် သူ့မှာ လုံးဝကို မပျော်နိုင်ခဲ့ပဲ ဆုံးရှုံးနစ်နာမှုနဲ့ ယူကြုံးမရဖြစ်လို့နေပါတယ်။ အသက် ၄၉ နှစ်အရွယ် ထီကံထူးရှင်အမျိုးသား မာနစ်ဆိုသူမှာ ဘတ် ၆ သန်းထီပေါက်ပြီးနောက် ဇနီးသည်က ထီဆုပေါက်တဲ့ ငွေကြေးတွေကို ထုတ်ယူပြီး တခြားချစ်သူအမျိုးသားတစ်ဦးနဲ့ ထွက်ပြေးသွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ထံ လာရောက် တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ထွက်ခဲ့တဲ့ ဘတ် ၆ သန်း ပထမဆုကို ဆွတ်ခူးခဲ့တဲ့ အစ်အန်း ပြည်နယ် ရီယို အက်နေထိုင်သူ ထိုင်းအမျိုးသား မာနစ်ဟာ ထီပေါက်ပြီးနောက် အခွန်နှုတ်ပြီး ကျန်ငွေ ဘတ် ၅ သန်း ၉ သိန်းကျော်ကို ဇနီးသည်ရဲ့ ဘဏ်အကောင့်ထဲကို လွှဲပြောင်းစေခဲ့ပါတယ်။

မာနစ်အတွက် ဒါဟာ သူ့တစ်ဘဝလုံးက အပျော်ရွှင်ရဆုံးအချိန်ဖြစ် လိမ့်မယ်လို့ ထင်ထားခဲ့ရာကနေ မမျှော်လင့်ဘဲ ဇနီးသည်ရဲ့ လှည့်ဖျားခြင်းကို ကြုံလိုက်ရတာ ဖြစ်ပါတယ်။ အတူနေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဇနီးသည် အန်ကာနာဂက်ဟာ သူမရဲ့ ချစ်သူအသစ်နဲ့ နှစ်ဦးဘဝထူထောင်ဖို့ ခင်ပွန်းသည်ရဲ့ ငွေကြေးအမြောက်အများကို ယူဆောင်ပြီး ထွက်ပြေးပျောက်ကွယ်သွားခဲ့တာကြောင့် အံ့အားသင့်ခဲ့ပြီး ရဲစခန်းသို့ တိုင်တန်းခဲ့ပါတယ်။

သူနဲ့ ဇနီးသည်တို့မှာ ၂၆ နှစ်တိုင်တိုင် ပေါင်းသင်းလာခဲ့ပြီး ကလေး ၃ ဦးလည်း ရထားကာ နှစ်ဦး ကြားက ဆက်ဆံရေးနဲ့ အရာအားလုံးဟာလည်း ပြေလည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ထီပေါက်ပြီးရလာတဲ့ ငွေကြေးတွေထဲက ၁ သန်းကို ဘုရားကျောင်းလှူဒါန်းဖို့နဲ့ ဆွေမျိုး မိတ်ဆွေတွေကိုလည်း ငွေကြေးအချို့ လှူဒါန်းပေးကမ်းခြင်းတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘုရားကျောင်းသို့ လှူဒါန်းမယ့် အခမ်းအနားနေ့မှာ ထီကံထူးရှင် အမျိုးသား မာနစ်ဟာ သူစိမ်းအမျိုး သားတစ်ဦးကို တွေ့ခဲ့ရပြီး ဇနီးသည်ကတော့ သူမရဲ့ ဆွေမျိုးလို့ ပြောကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဲ့ဒီလူဟာ ဇနီးသည်ရဲ့ ချစ်သူဖြစ်ပြီး သူတို့နှစ်ဦးသား ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူမှာတော့ မိခင်နဲ့ချစ်သူ အမျိုးသားကြားကဆက်ဆံရေးကို ရိပ်စားမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ပြောပြခဲ့ပြီး မိခင်ဖြစ်သူကို ဆက်သွယ်ကြည့်တဲ့ အခါ အဆက်အသွယ်မခံပဲ နောက်ပိုင်းမှာ ဖုန်းတွေ စက်ပိတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထီဆုကြေးငွေလွှဲပေးခဲ့တဲ့ ဘဏ်အကောင့်မှာ ဇနီးသည်အပိုင်ဖြစ်တာကြောင့် ငွေတွေကို ပြန်မရနိုင်လောက်ဘူးလို့ ရဲတွေက မာနစ်အား ဝမ်းနည်းစွာနဲ့ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့ ဇနီးမောင်နှံ နှစ်ဦးသားက တရားဝင် လက်ထပ်မှတ်ပုံတင် ထားခြင်းမရှိခဲ့တာကြောင့် အခုလို ငွေကြေးတွေ အမြောက်အများကို လက်ဆောင်အဖြစ်နဲ့ ယူဆောင်သွားခြင်းပုံစံ သတ်မှတ်လို့ ရနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ မိသားစုတွေမှာ ဇနီးသည်ထံ ဆက်သွယ်ရမယ့် နည်းလမ်းကို ကြိုးစားပြီး ငွေတွေကို ပြန်ပေးဖို့ ဖြောင့်ဖျသင့်တယ်လို့ ရဲတပ်ဖွဲ့က အကြံပေးခဲ့ပါတယ်။ (MP)

Unicode

Credit

Be the first to comment on "ဘတ် (၆) သန်းထီပေါက်ပြီးတဲ့နောက် ဇနီးက ငွေတွေထုတ်ကာ နောက်ဘဲတယောက်နဲ့ ထွက်ပြေး"

Leave a comment

Your email address will not be published.

*