ပြည်သူ့ အသည်းစွဲ အဆိုတော်ကြီး လေးဖြူ ကျန်းမာ ဝမ်းသာစွာဖြင့် မြန်မာပြည် ပြန်ရောက်နေ

မြန်မာပြည်သူတွေရဲ့ အသည်းစွဲ အဆိုတော် လေးဖြူနဲ့ မိသားစု မြန်မာပြည်ကို ပြန်ရောက်နေပြီလို့ သိရပါတယ်။ အဆိုတော် လေးဖြူဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ထို့နောက် တနှစ်ကျော်ကြာသည်အထိ ထိုင်းနိုင်ငံမှာပဲ နေထိုင်နေတာ ဖြစ်ပြီး မီဒီယာစာမျက်နှာများမှာ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက အဆိုတော် လေးဖြူရဲ့ ပုံတချို့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ကျန်းမာရေး ချို့ယွင်းနေတယ်လို့ ပရိသတ်များက စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အချိန်မီ ရှင်းလင်းနိုင်ခဲ့တာကြောင့် ပရိသတ်များ စိတ်အေးခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုတော်ကြီး လေးဖြူဟာ မြန်မာပြည် ပြန်ရောက်နေပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗောဓိဆာယာတောရ ကျောင်းကို ကျပ် ၁၀ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် မန္တလေး အမြန် လမ်း မိုင်တိုင် ( ၁၈ မိုင် ၃ ဖာလုံ) ရွှေစည်တော် ရိပ်သာအနီးရှိ မင်းကုန်းကျေးရွာ. လှည်းကူးမြို့နယ် ဗောဓိဆာယာတောရ ထေရီမတို့ရွာ ကျောင်းကို အဆိုတော် လေးဖြူ နှင့် ဇနီး မခင်နွယ်နွယ်သန်းတို့ မိသားစုတို့က နိုဝင်ဘာ ၁၇ ရက်နေ့က ဆရာကြီး ဘုရားအတွက် ယာဉ်ဒါနအလှူ ငါးသိန်းကျပ် ၊ဆေးဒါနအလှူ နှစ်သိန်းကျပ်သာသနာ့ မြေအလှူ တစ်သိန်းကျပ်၊ကွန်ကရစ်လမ်းအလှူ နှစ်သိန်းကျပ် နှင့် စုစုပေါင်း ဆယ်သိန်း ကျပ်တိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ယင်းကျောင်းတိုက်မှာ အဆိုတော်ကြီး လေးဖြူရဲ့ ဇနီးဖြစ်သူက မခင်နွယ်နွယ်သန်း သည် ၅ ကြိမ်မြောက်အဖြစ် သီလရှင်သီးသန့် ကိုးရက်တာတရားစခန်း ဝင်ရောက်ပြီးနောက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ ပြည်သူ့အသည်းစွဲ အဆိုတော်ကြီး လေးဖြူကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကျန်းမာစွာ တွေ့ရှိရတာကြောင့် ပရိသတ်များက ဝမ်းမြောက်နေကြတယ်လို့ သိရပါတယ်။

Unicode

Credit

Be the first to comment on "ပြည်သူ့ အသည်းစွဲ အဆိုတော်ကြီး လေးဖြူ ကျန်းမာ ဝမ်းသာစွာဖြင့် မြန်မာပြည် ပြန်ရောက်နေ"

Leave a comment

Your email address will not be published.

*