ဓမ္မရံကြီးဘုရားမှာ ပိတ်ထားတဲ့ ပတ်လမ်း၊ ရွှေအတိ ဆင်းတုတော်တွေနဲ့ စိတ်ဝင်စားဖွယ် လျှို့ဝှက်ချက်

ဓမ္မရံကြီးဘုရားမှာ ပတ်လမ်း ၂ လမ်းပါတယ်ဆိုတာ ၁၀၀% သေချာတယ်လို့ ပြောနိုင်ပါဘီ။ ယနေ့ တွေ့မြင်နေရတဲ့ ပတ်လမ်းဟာ အပြင် ပတ်လမ်းဖြစ်ပီး၊ အတွင်းပတ်လမ်းကတော့ အပေါ်ရော အောက်ရော အုတ်စီးပီး ပိတ်ထားတာတွေ့ရပါတယ်။ အရပ်လေးမျက်နှာမှာရှိတဲ့ လက်ရှိဖူးတွေ့နေရတဲ့ ရုပ်ပွါးတော်တွေဟာ ပုဂံခေတ်လက်ရာ အစစ်မဟုတ်ဖူးဆိုတာ သတိထားမိသူတွေ ရှိမှာပါ။ ဘယ်ခေတ်လက်ရာလည်းလို့ မမေးပါနဲ့ ။ မဖြေချင်ပါ။

မုဒ်ဦးလေးဘက်စလုံးက ဘုရားတွေဟာ မူလက ရှိခဲ့ဟန်မတူဘဲ နှောင်းပိုင်းမှာတည်ဆောက်ခဲ့တယ်ဆိုတာ သေချာပါတယ်။ ဘယ်ခေတ်က ဆောက်ခဲ့တာလဲ ဆိုတာ မပြောနိုင်ပေမယ့် ဘာကြောင့်ဆောက်ခဲ့တာလဲ လဲဆိုတာတော့ နည်းနည်းပြောနိုင်ပါတယ်။ အနီးစပ်ဆုံးမှတ်တမ်းဓာတ်ပုံတွေကို ပြန်ကြည့်တဲ့အခါ ASI ကရတဲ့ ၁၈၅၅ ခုနှစ် မှတ်တမ်းပုံတွေပါဘဲ။

အနီးစပ်ဆုံး မှတ်တမ်းစာကတော့ Report on Archeological Work in Burma for the year 1904-05 စာမျက်နှာ ၁၀ မှာတွေ့ရတယ်။ ဆွဲပုံ drawing အနေနဲ့ ယုံကြည်အားထားစွာ ကိုးကားနိုင်တာက ၁၉၀၄-၁၉၀၅ မှတ်တမ်းပါ ဆွဲပုံ နှင့် ဆရာကြီးပယ်ရီပိချက်ရဲ့ Bagan Inventory ထဲက Monument 771 အမှတ်စဉ်နဲ့ ဓမ္မရံကြီး ဆွဲပုံတွေဖြစ်ပါတယ်။ ဆွဲပုံ ၂ ပုံစလုံးမှာ ပိတ်ထားတဲ့ အတွင်းပတ်လမ်းကို ထည့်ဆွဲထားပါတယ်။

၁၉၀၄ ဆွဲပုံမှာတော့ အတွင်းပတ်လမ်းရဲ့ အကျယ်ဟာ ၉ ပေ ဖြစ်တယ်လို့ ဖော်ပြထားတယ်။ အပြင်ပတ်လမ်း အကျယ်လည်း ၉ ပေဝန်းကျင်ဖြစ်လို့ အတွင်းရော အပြင်ပါ ပတ်လမ်းအကျယ်တူညီနေတာ တွေ့ရတယ်။ ဒီတော့ ၁၉၀၄-၀၅ စာတမ်းမှာပြောထားတဲ့ အကြောင်းရာကို ပြန်ပြောပြပါမယ်။

Report on Archeological Work in Burma for the year 1904-05 စာမျက်နှာ ၁၀ မှာ အရပ်ပြောစကားကို ပြန်ရေးထားတာရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀ ခန့်က ဘုန်းကြီးတစ်ပါးဟာ ဓမ္မရံကြီးဘုရားမှာ အဂ္ဂိရဖိုထိုးရင်း ပေါက်ရောက်အောင်မြင်သွားပါတယ်တဲ့။ ဖိုထိုးခြင်း အတတ်အောင်မြင်တယ်ဆိုတာ သံသေပီး ရွှေဖြစ်တဲ့ အဆင့်ရောက်တာကိုပြောတာဖြစ်ပါတယ်။ ဘုရားအတွင်းပတ်လမ်းမှာ ရှိတဲ့ လက်ကျန်ပြာပုံကိုယူပီး ရေနဲ့ ဇကာတိုက်ချရင်ဘဲ ရွှေစ လေးတွေရပါသတဲ့။ အဲဒီအရပ်ပြောစကားကို ကျောက်စာဝန်ရဲ့ ဆင်ချင်တွေးဆ ပုံက သာလို့စိတ်ဝင်စားစရာဖြစ်ပါတယ်။

အဲ့ဒီဘုန်းကြီးဟာ ဖိုထိုးတာမဟုတ်ဖဲ ဌာပနာတိုက်ကို ဖောက်ယူပီး အတွင်းက ရတဲ့ ရွှေတွေကို အရည်ကျိုပီး ယူသွားတာဖြစ်ပါသတဲ့။ ရွှေတွေကို အရည်ကျိုယူသွားပြီးတဲ့နောက် အတွင်းပတ်လမ်းကို အုတ်စီပီး ပိတ်ခဲ့တာဖြစ် ပါတယ် တဲ့။ ဒါက ၁၉၀၄ က လူက ရှေ့ နှစ် ၂၀၀ က ဘုန်းကြီးကို ခန့်မှန်းပြောဆိုတဲ့ အပြောဖြစ်ပါတယ်။

၁၉၀၄ က ဘာလုပ်ခဲ့သလဲဆိုတာ ဆက်ပြောရအောင်။ ဓမ္မရံကြီးဘုရားကို တိုင်းတာ ပုံထုတ်ခဲ့ပါတယ်။ သူတို့တိုင်းခဲ့တဲ့ ဆွဲပုံကို တင်ထားတဲ့ ပုံမှာကြည့်ပါ။ ၁၉၀၄ တိုင်းတာချက်အရ အတွင်းပတ်လမ်းဟာ ၉ ပေ အကျယ်ဖြစ်ပါတယ်။ အတွင်းပတ်လမ်းကို ဝင်ကြည့်မယ်၊ ဘာတွေစိတ်ဝင်စားစရာတွေ တွေ့မလဲဆိုတာ သိရမယ်ပြောပေမယ့် ၁၉၀၄-၀၅ report တစ်ခုလုံးမှာ အဲ့ဒီအကြောင်း ပြန်လည်ဖော်ပြထားတာ မတွေ့ရလို့ မချင့်မရဲ ဖြစ်ရပြန်ပါတယ်။

၁၈၅၅ ကပုံတွေကြည့်တယ်။ ၁၉၀၄ မှတ်တမ်းကို ကြည့်တယ်။ အဲဒီ ၂ ချက်ကို အခြေခံပီး ခရစ်နှစ် ၁၇၀၀ ဝန်းကျင်ကို ပြန်ကြည့်လို့ရပါတယ်။ ၁၇၀၀ ဝန်းကျင်မှာ တက်တဲ့ မင်းဟာ “စနေမင်း” ဖြစ်ပါတယ်။ နန်းတက်ခါစက ညီတော် ပုဂံစားကို အိမ်ရှေ့အရာထားတယ်။ ပုဂံနှင့် ဘယ်လိုပတ်သက်ခဲ့ကြသလဲ ဆိုပီးရှာကြည့်တဲ့ အခါ ဘုရင့်ညီတော်ဟာ ပုဂံစားဖြစ်တယ်။

၁၇၀၉ မှာ စနေမင်း က ပုဂံရွှေစည်းခုံဘုရားဖူးလာတယ်။ ညောင်ဦးမှာ သဘင်နန်းတော် ဆောက်ပီး နေလေ့ရှိတယ်။ ၁၇၁၁ မှာ တူရွှင်းတောင်ခြေအထိရောက်တယ်။ ၁၇၁၄ မှာ ဆင်ဖြူတစ်ကောင် ပုဂံက ရတယ်ဆိုပီး တွေ့ရတယ်။ စနေမင်းလက်ထက် ပုဂံ နှင့် ပတ်သက်ဆက်နွယ်မှုများတယ်လို့ ပြောလို့ရတယ်။

စနေမင်းလက်ထက် ဘုန်းကြီးနဲ့ ပတ်သက်တာ ဘာရှိလဲ ပြောဖို့လိုမယ်။ ရွှေစည်းခုံဝါးတောကျောင်းကို ဇမ္ဗူဒီပဓဇရာဇဂုရုအား တင်လှူသည်လို့ တွေ့ရတယ်။ အင်းဝပျက်ခါနီး အချိန်ခါ ဖြစ်လို့ အဲဒီအချိန်ဟာ ပွဲကျောင်းဘုန်းကြီး အဂ္ဂိရဘုန်းကြီးတွေ တန်းခိုးကြီးချိန်ဖြစ်ပါတယ်။

ယခုအချိန်မှာ ရှေ့လူတွေ ထားခဲ့တဲ့ အကြောင်းရာတွေကို ချင့်ချိန်ပီး Study Guess လုပ်ရင်း ဓမ္မရံကြီးဘုရားအကြောင်း ပြန်ဆက်ကြဦးစို့။ အတွင်းပတ်လမ်း ရှိခဲ့တယ်ဆိုတာ အမှန်ပါဘဲ။ ရုပ်ပွါးတော် ၄ ဆူလည်း ရှိခဲ့မှာပါဘဲ။ ဘုရားဆင်းတုတော်ဘေးက အမိုးခုံးကို ရှေးအုတ်သုံးပီး အပြည့်ပိတ်ခဲ့တာလည်း အသေခြာပါဘဲ။ နှောင်းလူတွေ မရိပ်မိအောင် အင်္ဂတေအချောကိုင်ပီး နံရံပေါ် ပုံဆိုးဆိုး အရုပ်တွေရေးခဲ့သေးတယ်။

သဲလွန်စပြတ်နေတာက ရှေးအုတ်သုံးခဲ့တာဖြစ်တာရယ်၊ နံရံဆေးရေးဟာ ပုဂံနှောင်းပိုင်း ဟန်လိုလို ၊ ညောင်ရမ်းခေတ်လိုလို လုပ်ထားခဲ့တာကြောင့်လည်း ပါတယ်။ နောက်တစ်ချက်ထပ်တွေးလို့ ရတာက ၁၇၀၀ ဝန်းကျင်က စနေမင်းလက်ထက်က ဘုန်းကြီးဟာ ဩဇာကြီးသူဖြစ်မယ်ဆိုတာပါဘဲ။ အတွင်းပတ်လမ်းကို အပြင်ကနေတိုက်ရိုက်မမြင်နိုင်အောင် ရှေ့တည့်တည့်မှာ ရုပ်ပွါးတော်ကြီးတွေ လုပ်ပစ်ပါတယ်။ မြင်ကွင်းအပြင် တိုးဝင်လာတဲ့ “လေ” တိုက်ခတ်မှုကိုပါ ကာကွယ်ချင်တဲ့ သဘောဖြစ်နိုင်တယ်။ လေးဘက်လေးတန်စလုံး ကာပစ်လို့လည်း မရပြန်ပါဘူး၊ ထွက်ပေါက်တစ်ခုတော့ ချန်ထားရပါမယ်။ အဲ့ဒါ အရှေ့မုဒ်ကို ချန်ထားတာဘဲပေါ့။

နောက်တစ်ချက်က ဘာလို့ ပိတ်ပစ်ခဲ့သလဲဆိုတာပါဘဲ။ ဌာပနာတိုက်ဖောက်ယူရုံနဲ့တော့ အတွင်းပတ်လမ်းတစ်ခုလုံး ပိတ်ပစ်စရာ မလိုပါဘူး။ ခြေရာ လက်ရာမပျက် ဌာပနာတိုက်ကို ပြန်ပိတ်ရုံပါဘဲ။ အတွင်းပတ်လမ်းတစ်ခုလုံး နှောင်းလူတွေ မမြင်စေချင်တာ ဘာကြောင့်ပါလဲ။

ပုဂံခေတ်မှာ တိုင်းချွတ်ဘုရား ဆိုတာရှိတယ်။ သက်ရှိလူခန္ဓာကိုယ်အရွယ်စားအတိုင်း ဆင်းတုတော် ထုဆစ်ပူဇော်တာကို တိုင်းချွတ်ဘုရားလို့ ခေါ်ပါတယ်။ သိပ်ချမ်းသာတဲ့ ကုန်သည်၊ အမတ်၊ မင်း တွေဟာ တိုင်းချွတ်ဘုရားကို ရွှေအတိပီးထုဆစ် ပူဇော်ကြတာလည်း ရှိတယ်။ ရွှေအစစ်ကို အရည်ကျိုပီး သုတ်လိမ်းတဲ့ အလေ့လည်းရှိတယ်။ အဲလိုရေးထားတဲ့ မှတ်တမ်းတွေ ၊ ကျောက်စာတွေဖတ်ရတယ်။

တိုင်းချွတ် ရွှေဆင်းတုတော်မျိုး ၊ ရွှေရည်သုတ်လိမ်းထားဆင်းတုတော်မျိုးတွေ အတွင်းပတ်လမ်းမှာ ရှိခဲ့လေမလား စဉ်းစားစရာဖြစ်ပါတယ်။ အရည်ကျိုးပီးဖျောက်ဖျက်ယူဆောင်သွားသလား ထပ်တွေးမိပြန်တယ်။ ဘုရားကြီး ပြိုကျမှာစိုးလို့ အတွင်းအမိုးခုံးတွေကို အုတ်အပြည့်စီခဲ့တာလား လို့မေးလာရင်တော့ တစ်ခါတည်းဖြေလို့ရတယ်။ နိုး ပါ။ (Zay Myo Lin)

Unicode

Credit

Be the first to comment on "ဓမ္မရံကြီးဘုရားမှာ ပိတ်ထားတဲ့ ပတ်လမ်း၊ ရွှေအတိ ဆင်းတုတော်တွေနဲ့ စိတ်ဝင်စားဖွယ် လျှို့ဝှက်ချက်"

Leave a comment

Your email address will not be published.

*