ပိုက်ဆံအိတ်လုပြေးသူ ၂ ဦးကို ပိုင်ရှင်အမျိုးသမီးကဆိုင်ကယ်နဲ့ပြန်တို-က်ကာဖ-မ်းဆီး

ကလေးမြို့၊ ဆိပ်ကမ်းသာဈေးနားမှာ ဆေးခန်းပြပြီးပြန်လာစဉ် အမျိုးသား ၂ ဦးက ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်လုပြေးတာကြောင့် ပိုင်ရှင်အမျိုးသမီးက အနောက်ကနေဆိုင်ကယ်ဖြင့်တို-က်တာကြောင့် ပတ်ဝန်းကျင်ရဲ့အကူအညီဖြင့် ၂ ဦးစလုံးဖ-မ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီလောက်က ပင်လုံလမ်းမကြီးပေး အမျိုးသမီးနဲ့ အသက် ၆၀ ကျော်အမျိုးသမီးတို့ ဆိုင်ကယ်အတူစီးနေစဉ် အမျိုးသား ၂ ဦးကအနောက်ကနေ ကပ်လိုက်လာပြီး ဆိုင်ကယ်နောက်မှာထိုင်းတဲ့ အဘွားရဲ့ ဆွဲကြိုးနဲ့ပိုက်ဆံအိတ်ကိုလုယူကာ ထွက်ပြေးသွားကြပါတယ်။

ပြီးနောက် လုယက်ခံရတဲ့ အမျိုးသမီးတစ်ဦးက အဆိုပါအမျိုးသား ၂ ဦးရဲ့နောက်ကို ဆိုင်ကယ်နဲ့အမှီလိုက်ကာ အနောက်ကနေတို-က်တာကြောင့် ဆိုင်ကယ် ၂ စီးလုံးလဲကျကာ အမျိုးသမီးက ပတ်ဝန်းကျင်သို့အကူအညီတောင်းပြီးရပ်ကွက်နေပြည်သူများက အမျိုးသား ၂ ဦးကို ဝိုင်းဝန်းဖ-မ်းဆီးကြတယ်လို့သိရတယ်။

၎င်းအမျိုးသား ၂ ဦးဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေသူတွေလို့သိရတယ်။ ဆိုင်ကယ်နဲ့ တို-က်ဖ-မ်းခဲ့တဲ့ အမျိုးသမီးက ဆိုင်ကယ်လဲတဲ့ဒဏ်ကြောင့် ခြေထောက်မှာ ဒဏ်ရာများရရှိသွားပြီး ဆေးဝါးကုသဖို့ စီစဉ်နေပါတယ်။

Unicode

Credit

Be the first to comment on "ပိုက်ဆံအိတ်လုပြေးသူ ၂ ဦးကို ပိုင်ရှင်အမျိုးသမီးကဆိုင်ကယ်နဲ့ပြန်တို-က်ကာဖ-မ်းဆီး"

Leave a comment

Your email address will not be published.

*