ရန်ကုန်မြို့ကို ကိုယ်ထူကိုယ်ထ ကယ်တင်မယ့် သူရဲကောင်းတွေ လာပါပြီ…

လုယက်မှုတွေ များပြားနေတဲ့ ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေကို ကိုယ်ထူကိုယ်ထ ကာကွယ်ပေးမယ့် အဖွဲ့ တဖွဲ့ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

ယင်းအဖွဲ့ရဲ့ ခေါင်းဆောင်တဦး ပြောပြတဲ့ အဖွဲ့လှုပ်ရှားမှုကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်-ကျွန်တော်တို့ FTT (Fright The Thieves) အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လှုပ်ရှားမှု ပုံရိပ်များ။

ပထမအကြိမ် လှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက နာမည်ထွက်တဲ့ ယာဉ်လိုင်းအချို့ကို စီးနင်းခဲ့ပါတယ်။ ကျွန်တော်တို့ ခိုးဆိုးလူနှိုက်တွေကို အဲ့အပတ်က မတွေ့ခဲ့ပါဘူး။ ပိတ်ရက်ကြောင့်လားလို့တော့ တွေးထင်မိတယ်။

လူလည်းအဲ့အပတ်က မစုံသေးပါဘူး။ ကျွန်တော်တို့အဖွဲ့မှာ ယနေ့ဒုတိယကြိမ်မြောက် လှုပ်ရှားမှုမှာတော့ အခုတလော လိုင်းပေါ်နာမည်နည်းနည်းထွက်နေတဲ့ တာမွေမြို့နယ် ကြက်ဘဲစျေးအနီးက စျေးလေးမှတ်တိုင်မှာ

ဖဲသုံးချပ်လောင်းကစား အယောင်ပြပြီး မှတ်တိုင်မှာခိုးဆိုးလုယက်နေတဲ့ အဖွဲ့ကို မနက်ကတည်းက သွားစောင့်ခဲ့တာ ညနေ၄နာရီလောက်မှာတော့ သူတို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

သူတို့က တိုယိုတာ ကယ်ဒီနာ နက်ပြာရောင်နဲ့လာတာပါ။ သူတို့အဖွဲ့မှာ မိန်းခလေးတစ်ယောက်အပါဝင် ခိုးဆိုးလုနှိုက် ၇ ယောက် နီးပါး ပါတယ်ဗျ။

ဝမ်းနည်းစရာကတော့ အဲ့ကောင်တွေကို ကျွန်တော်တို့အဖွဲ့ရောက်ရှိနေကြောင်း သတင်းပေးသူရှိလို့လားမသိဘူး။ ထိပ်တိုက်တွေ့တွေ့ချင်း ချက်ချင်းသူတို့ကားပေါ်တက်ပြီး မောင်းပြေးသွားတယ်ဗျ။

သူတို့က ပလေကပ်ပုဆိုး အကုန်နီးပါး ဝတ်ထားတယ်ခင်ဗျ။ ဓာတ်ပုံရိုက်ချိန်တောင် မရလိုက်ဘူး။ အနှစ်ချုပ်ပြောရရင်တော့ ကျွန်တော်တို့အဖွဲ့မှာ လူအင်အားအတော်များလာပါပြီ။

ငွေကြေးလည်း ကျွန်တော်တို့ ကိုယ်ထူ ကိုယ်ထအစီစဉ်နဲ့ ထည့်ဝင်ပြီး လှုပ်ရှားနေရတာပါ။ နောက်ထပ် စိတ်တူ ကိုယ်တူ ညီကိုမောင်နှမများရှိခဲ့ရင်လည်း ကျွန်တော်တို့ စီဘီကိုကြွပါခင်ဗျ။

ငွေကြေးအင်အားရော လူအင်အားရော လိုအပ်ချက်လေးတွေတော့ ရှိနေပါသေးတယ်။ကျွန်တော်တို့ လုပ်ကိုင်မှု ပုံရိပ်လေးတွေလည်း လုံခြုံရေးအခြေနေကြည့်ပြီး ချပြပေးပါ့မယ်။

အလျဉ်းသင့်ရင် အဖွဲ့ဝင်တွေကိုလည်း အသေးစိတ် ကိုယ်ရေးအချက်လက်စစ်ဆေးပြီးမှ အဖွဲ့ထဲလက်ခံပေးတာပါ။ယုံကြည်စွာ စီဘီကိုသာ ကြွလှမ်းခဲ့ကြပါဗျာ။

လက်ရှိအခြေနေအရ ပြည်သူတွေ အစစ အရာရာ အခက်အခဲရှိနေတဲ့ ကာလမို့ သက်ဆိုင်ရာ လူကြီးမင်းများ လုံခြုံရေးအဖွဲ့စည်းများ အနေဖြင့်လည်း ကျွန်တော်တို့ကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျ။ကိုယ်ထူ ကိုယ်ထ လုံခြုံရေးယူနေဆဲကာလမို့ပါ။

Unicode

Credit

Be the first to comment on "ရန်ကုန်မြို့ကို ကိုယ်ထူကိုယ်ထ ကယ်တင်မယ့် သူရဲကောင်းတွေ လာပါပြီ…"

Leave a comment

Your email address will not be published.

*