ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့အထိ မုန်တိုင်းငယ်ကြောင့် မိုးကြီးနိုင်သည့် ဒေသများထုတ်ပြန်…

နိုဝင်ဘာ ၂၀ ရက်နေ့အထိ မုန်တိုင်းငယ်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့မှာ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးနိုင်တယ်လို့ မိုး/ဇလက သတိပေးထုတ်ပြန်ထားပါတယ်။

ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်း မိုး/ဇလရဲ့ထုတ်ပြန်ချက်အရ လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်မုန်တိုင်းငယ် အဖြစ်သို့တဖြည်းဖြည်း အားကောင်းလာနိုင်ပြီး

နိုဝင်ဘာ ၂၂ ရက်နေ့မှာအိန္ဒိယနိုင်ငံ၊တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ယနေ့နံနက်မှနိုဝင်ဘာ ၂၀ ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကယား၊ကရင်ပနှင့် မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်နေပြည်တော်၊ မန္တလေးတိုင်း၊မကွေးတိုင်း၊

ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။

Unicode

Credit

Be the first to comment on "ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့အထိ မုန်တိုင်းငယ်ကြောင့် မိုးကြီးနိုင်သည့် ဒေသများထုတ်ပြန်…"

Leave a comment

Your email address will not be published.

*