အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ

အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ၊

MFP ၊ နိုဝင်ဘာ – ၁၇

နိုင်ငံတော်အဆင့် အမြင့်ဆုံးဘွဲ့တွေ ရယူထားပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ်မှာ ကိုယ်တိုင် ဘွဲ့မယူတော့ဘဲ စိုးဝင်း အပါအဝင် အပေါင်းအပါတွေနှင့် စကစ ဝင်တွေကို ဘွဲ့ပေးတယ်လို့ စ-စ်အုပ်စုက သတင်း ဖြန့်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရတွေ လက်ထက်မှာ နိုင်ငံတော်အဆင့် ဘွဲ့တွေ၊ ဆုတံဆိပ်တွေကို နှစ်စဉ် လွတ်လပ်ရေးနေ့မှာ သမ္မတက ပေးအပ်ချီးမြှင့်လေး ရှိပေမယ့် မင်းအောင်လှိုင်နဲ့ စ-စ်အုပ်စုကတော့ ဒီနေ့ ကျရောက်တဲ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ အပေါင်းအပါတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို ဘွဲ့ပေးတာ ဖြစ်ပါတယ်။

ဒီနေ့ စ-စ်အုပ်စုက ပေးအပ်တဲ့ ဘွဲ့တွေ၊ ဆုတံဆိပ်တွေဟာ မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ (၄၁)ဦး၊ သီရိပျံချီဘွဲ့ (၄၅)ဦးနဲ့ စစ်မှုထမ်းတွေကိုပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ (၁၉)ဦး ပေးအပ်တယ်လို့ နာမည်စာရင်းနဲ့တကွ ထုတ်ပြန်ပါတယ်။

စကစ ဒု-ခေါင်းဆောင် စိုးဝင်းကို မဟာသရေစည်သူဘွဲ့ ပေးပြီး မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ အပါအဝင် စကစ အဖွဲ့ဝင် (၁၃) ဦးကို စည်သူဘွဲ့ ပေးပါတယ်။ စ-စ်အုပ်စုက စည်သူဘွဲ့ပေးတဲ့အထဲ ကွယ်လွန်ပြီးဖြစ်တဲ့ စာရေးဆရာ မင်းသုဝဏ်နဲ့ ဇော်ဂျီတို့လည်း ပါဝင်ပြီး သတင်းစာဆရာ ဟံသာဝတီဦးအုန်းကြိုင်ကိုလည်း စ-စ်အုပ်စုက စည်သူဘွဲ့ ပေးအပ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် အပါအဝင် စကစခန့် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီ ဥက္ကဌ အပါအဝင် ပြည်နယ်နဲ့ တိုင်းက ဝန်ကြီးချုပ်တွေ၊ ဘာသာရေးအသင်းအဖွဲ့ အကြီးအကဲတွေကိုလည်း စ-စ်အုပ်စုက သီရိပျံချီဘွဲ့ ပေးပြီး သတင်းစာဆရာ ဖိုးသောကြာ(ခေတ်+မိုး) ကိုလည်း သီရိပျံချီဘွဲ့ ပေးပါတယ်။

စ-စ်မှုထမ်းတွေကို ပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ရ စာရင်းမှာတော့ စကစကို သစ္စာခံတဲ့ စ-စ်တိုင်းမှူးတွေ အားလုံးအပြင် စကစရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီးအဖြစ် လုပ်ကိုင်နေတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဇေယျကျော်ထင်ဘွဲ့ ပေးအပ်တယ်လို့ စ-စ်အုပ်စုက ထုတ်ပြန်ပါတယ်။

Unicode

Credit

Be the first to comment on "အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ"

Leave a comment

Your email address will not be published.

*