သရုပ်ဆောင်ဒွေးအပါအဝင် ကွယ်လွန်ပြီးဖြစ်တဲ့ အနုပညာရှင်များနှင့် သက်ရှိအနုပညာရှင်အချို့ကို ထူးချွန်တံဆိပ်များပေးအပ်

ကွယ်လွန်ပြီးသောအနုပညာရှင်တွေအပါအဝင် သရုပ်ဆောင်နဲ့ ဒါရိုက်တာအချို့ကို ထူးချွန်တံဆိပ်တွေ ပေးအပ်လိုက်တယ်လို့ နစက ထုတ်ပြန်လိုက်ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒွေးကိုအနုပညာ ထူးချွန်တံဆိပ် (တတိယဆင့်)နှင့်

သရုပ်ဆောင်အကယ်ဒမီမော့စ်ကိုတော့ အနုပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။သရုပ်ဆောင်ထွန်းထွန်းဝင်း ၊ဒါရိုက်တာအောင်ကိုလတ်၊သရုပ်ဆောင်မိုးဒီ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေး၊သရုပ်ဆောင်အောင်ခိုင်တို့ကို အနုပညာထူးချွန်တံဆိပ်( ဒုတိယအဆင့်) ချီးမြှင့်လိုက်တယ်လို့ထုတ်ပြန်ထားသလို

အဆိုတော်နှင့် သရုပ်ဆောင် စိုးသူ ၊ဇာတ်ညွန်းရေးဆရာမြင့်ဦးဦးမြင့်၊သရုပ်ဆောင် ဇော်ဦး၊ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ဇာတ်ပို့သရုပ်ဆောင် ဝါဝါအောင်နှင့် တက္ကသိုလ် ဂွမ်းပုံတို့ကိုအနုပညာရှင်ထူးချွန်တံဆိပ် (တတိယဆင့်) ချီးမြှင့်လိုက်တယ်လို့ဖော်ပြထားပါတယ်။

ထို့ပြင်သရုပ်ဆောင်ခန့်စည်သူနဲ့ လူရွှင်တော် ဒိန်းဒေါင်တို့ကိုတော့ လူမှုထူးချွန်ပထမအဆင့်နဲ့ သရုပ်ဆောင်ဝေဠုကျော် နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ တို့ကိုတော့လူမှုထူးချွန်တတိယအဆင့် ချီးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။

Unicode

Credit

Be the first to comment on "သရုပ်ဆောင်ဒွေးအပါအဝင် ကွယ်လွန်ပြီးဖြစ်တဲ့ အနုပညာရှင်များနှင့် သက်ရှိအနုပညာရှင်အချို့ကို ထူးချွန်တံဆိပ်များပေးအပ်"

Leave a comment

Your email address will not be published.

*